မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက် ချမည့်ကိစ္စကို လူအများ စိတ်ဝင်စားလျက်ရှိပြီး လုံခြုံရေးများ တင်းကျပ် ထားသည့် ကြားက လူထု တရပ်လုံး ပါဝင်ရန် နှိုးဆော် ထားသည့်စာများ ပျံ့နှံ့လျက်ရှိကြောင်း သတင်းရ ရှိ သည်။ လည်းကောင်းစာကို “တိုက်ပွဲဦးဆောင် ကော် မတီ” မှ ဖြန့်ထားသော စာများ ပျံ့နှံ့ နေကြောင်း ယင်းစာ ဖတ်ရှုရသူများကပြောပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ချခဲ့ရင် ကျရာနေရာ ကျရာတာဝန်ဖြင့် တိုက်ပွဲ ဝင်နိုင်ဖို့ ဆိုပြီး နှိုးဆော်ထားတာ တွေ့ရတယ်။ ကျမ ကတော့ ဒီစာလေးဖတ်လိုက်ရတာ အားရှိသွားတယ်” ဟုဆို ပါတယ်။ ရန်ကုန်မြိ့ခံတွေကလည်း လုံးခြုံရေးတင်းကြပ်ထားတာကို ဂရုမစိုက်တော့ဘဲ အင်းစိန်ထောင်အနီး အင်အားပြဖို့ စိတ်အားထက်သန်နေကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်အမှုကို မနက်ဖြန်တွင် စီရင်ချမည်ဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏အနာဂါတ်ပင်ဖြစ်သည်၊ မြန်မာပြည်သားအားလုံး အနာဂါတ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်အောင် ပြည်သူလူထုအားလုံး ပူးပေါင်းကြရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 week ago