10.18.2009

Beyond Rangoon

ဖတ်ကြည့်ချင်သေးလား....

စင်းခံမလား တွန်းလှန်မလား (သတင်းသုံးသပ်ချက်)

မျိုးဇာနည်
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူထားသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ) အနေနှင့် တပ်ရင်းနှင့် တပ်သားဦးရေစာရင်းကို နအဖ စစ်ဘက်လုံခြုံရေးရာ အကြီးအကဲ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီးတင်ရမည်ဟု ဒီမိုကရက်တစ်မြန်မာ့ အသံ၏ သတင်းတပုဒ်တွင် ဖော်ပြသည်။

တပ်ရင်းတရင်းစီကို တပ်သားဦးရေ (၃၆၀) နှင့် ဖွဲ့စည်းပြီး နအဖစစ်တပ်မှ ဦးရေ (၃၀) ပါဝင်မည်ဟုသိရသည်။ နအဖစစ်တပ်မှပေးပို့မည့် (၃၀) ထဲတွင် တပ်ရင်းမှူးမှ တပွင့်အထိ (၁၅) ဦးနှင့် တပွင့်မှ တပ်သားအထိ (၁၅) ဦး တာဝန်ယူမည်ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီးအဆင့်ကို အကြီးဆုံး တပ်ရင်းမှူးရာထူး၌ ခန့်ထားမည်ဟုဆိုသည်။
ဒီကေဘီအေဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို အသက် (၁၈) နှစ်နှင့် (၅၀) ကြား အရွယ်ရှိသူများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး (၅၀) ကျော်များကို ပင်စင်ပေးမည်ဟုဆိုသည်။ အမြင့်ဆုံး ရာထူးအနေနှင့်လည်း ဗိုလ်မှူးအဆင့်၌သာ တာဝန်ထမ်းဆောင်ရမည်ဟုသိရသည်။

ဒီကေဘီအေနည်းတူ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် သဘောတူလက်ခံထားသည့် ကချင်ပြည်ဒီမိုက ရေစီသစ်တပ်မတော်(အန်ဒီအေကေ) မှ အသက် (၅၀) ကျော် ပင်စင်အပေးခံရမည့် တပ်ဖွဲ့ဝင်များ နေထိုင်ရန် အတွက် ဒေသခံ စီးပွားရေးလုပ်ငန်ရှင်များထံ အလှူငွေကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေးရန် နအဖမှ စီစဉ်နေကြောင်းလည်း ခေတ်ပြိုင်သတင်းတပုဒ်တွင် ဖော်ပြသည်။

ထိုသတင်းအချက်အလက်များအရဆိုလျှင် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူခဲ့သည့် အန်ဒီအေကေနှင့် ဒီကေဘီအေအဖွဲ့တို့သည် နအဖခြယ်လှယ်သမျှကို လည်စင်းခံကြရတော့မည်ဖြစ်ပြီး ပင်စင် အပေးခံကြရမည့် တပ်ဖွဲ့ဝင်များ၏ အနာဂတ်အရေးမှာလည်း အာမခံချက် ရေရေရာရာမရှိဘဲ နအဖစစ်အုပ်စု ၏ ပစ်စလက်ခတ် စီစဉ်နေရာချထားပေးမှုကြောင့် ရင်လေးဖွယ်အနေအထားနှင့် ကြုံတွေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
နအဖစစ်ဗိုလ်ချုပ်များ၏ တဘက်သတ် စည်းမျဉ်းစည်းကမ်းများနှင့် စိတ်ကြိုက်ရွေးချယ်ခန့်အပ်မည့် အစီအစဉ် အပေါ်တွင် အပစ်ရပ်တို့၏ မူလတပ်ဖွဲ့ဝင်အင်အား များစွာလျော့ပါသွားမည်ဖြစ်သလို ကြာလေလေ လုံးပါးပါး လေလေဖြစ်ပြီး နအဖစစ်တပ်မှသာ လုံးဝဥဿုံစစ်ကျွန်ပြုသွားမည့် အနေအထားကို အထင်အရှား တွေ့မြင်နေ ရပေသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလကုန်တွင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ရန် နအဖ၏ သတ်မှတ်ချိန် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက် မခံသေးသည့် အပစ်ရပ်အဖွဲ့များအနေနှင့် ဒီကေဘီအေနှင့် အန်ဒီအေကေတို့ကဲ့သို့ လည်စင်းခံကြမည်လား၊ မိမိတို့တွင်ရှိသည့် တပ်ဖွဲ့အင်အား၊ လက်နက်အင်အားနှင့် နအဖစစ်တပ်ကို တွန်းလှန်တိုက်ခိုက်မည်လား၊ တွန်းလှန်တိုက်ခိုက်မည်ဆိုလျှင်လည်း မည်သို့မည်ပုံ ခုခံတွန်းလှန်ကြမည်ဆိုသည်ကို ပြတ်ပြတ်သားသား ဆုံး ဖြတ်ပြင်ဆင်ထားရတော့မည့်အချိန် ရောက်ရှိနေပြီဖြစ်ပေသည်။

ထိုသို့ဆုံးဖြတ်ပြင်ဆင်ရာတွင် နအဖစစ်တပ်၏ လက်ရှိအနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုလာ သည်။ နအဖစစ်အုပ်စုက စစ်သည်အင်အား (၅) သိန်နီးပါးရှိသည်ဟု ပြောဆိုနေသော်လည်း သျှမ်းသံတော် ဆင့်၏ ရေးသားချက်အရ ၂၀၀၅ ခုနှစ် တတိယ - လေးလပတ်အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် (ယခုနအဖ၀န်ကြီးချုပ်) က မြန်မာ့တပ်မတော်တွင် တပ်ရင်းပေါင်း (၅၅၀) ရှိသည့် အနက် (၂၈၄) ရင်းမှာ တရင်းလျှင် လူအင်အား (၂၀၀) ပင်မပြည့်ကြောင်း၊ ကျန်သည့်တပ်ရင်း (၂၂၀) တွင်လည်း (၂၀၀) နှင့် (၃၀၀) ကြားသာရှိကြောင်း တင်ပြခဲ့ဖူးသည်ဟု သိရ၏။ သို့သော် တပ်ရင်းတိုင်း၌ အမှန်တကယ် အင်အား (၁၅၆) ယောက် ထက်မပိုကြောင်း၊ ထိုအထဲမှ တပ်ရင်းတရင်း၏ တိုက်ခိုက်ရေးအင်အားမှာ (၁၂၀ - ၁၅၀) ခန့် ရှိပြီး ရှေ့တန်းသွားနိုင်သည့်အင်အားမှာ (၆၀-၈၀) ခန့်သာရှိကြောင်း အခြေအနေမှန်အတိုင်း တင်ပြခဲ့ဖူးသည် ဆို၏။

ထိုတင်ပြချက်အရဆိုလျှင် စစ်သည်အင်အား (၅) သိန်းနီးပါးရှိသည်ဆိုသည့် နအဖတပ်ရင်းများမှ စုစုပေါင်း ရှေ့တန်းထွက်နိုင်သည့် အင်အားမှာ (၅၀၀၀၀) ၀န်းကျင်ခန့်သာ ရှိသည်ကို တွေ့ရပေသည်။ ထို့အပြင် နအဖ စစ်တပ်ထဲသို့ ၀င်ရောက်သည့် တပ်သားအများစုမှာလည်း ယုံကြည်ချက်စိတ်ဓာတ်အရင်းခံနှင့် ၀င်ရောက်ကြ ခြင်းမဟုတ်ဘဲ အတင်းအကျပ် တပ်သားစုဆောင်းခံရမှုနှင့် ၀မ်းရေးအဆင်မပြေဖြစ်၍ ၀င်ကြရသော တပ်သား များနှင့် ကလေးစစ်သားများက အများစုဖြစ်နေသည့်အတွက် စိတ်ဓာတ်ရေးရာ ပျက်ပြားနေသည့် စစ်တပ်အ နေအထားဖြစ်နေသည်ကို တွေ့ရပေသည်။ သို့သော် လက်နက်အင်အားတွင်မူ နအဖစစ်တပ်က တိုင်းရင်းသား အပစ်ရပ်တပ်ဖွဲ့များ အားလုံးထက် သာလွန်သည့်အတွက် လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်ကို တော့ သံသယရှိစရာလိုမည်မဟုတ်ပေ။

အပစ်ရပ်တပ်ဖွဲ့ တဖွဲ့ချင်းအနေနှင့် အမှန်တကယ် ရှေ့တန်းထွက်နိုင်သည့် စစ်သည်အင်အားတွင် နအဖစစ် တပ်မှ ရှေ့တန်းထွက်နိုင်သည့် စုစုပေါင်းအင်အား (၅၀၀၀၀) ၀န်းကျင်ထက်မပိုနိုင်သော်လည်း နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသေးသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ ဝပြည် သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလား အဖွဲ့၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များအားလုံးစု ပေါင်းလျှင်မူ တိုက်ခိုက်ရေးအင်အားမှာ နအဖနှင့် သူမသာကိုယ်မသာ အနေအထားတွင် ရှိနိုင်သည်ကို ကိန်းဂ ဏန်းများအရ သိရပေသည်။ ထိုအခြေအနေတွင် အပစ်ရပ်တပ်ဖွဲ့များ၏ စိတ်ဓာတ်ရေးရာ ခိုင်ကြည်မှုအနေအ ထားက နအဖတပ်သားများထက် များစွာသာလွန်လိမ့်မည်ဟု ယူဆရပေသည်။

ထို့ကြောင့် စိတ်ဓာတ်ရေးရာပျက်ပြားပြီး လက်နက်အင်အားသာလွန်သည့် နအဖစစ်တပ်၏ ဗိုလ်ကျတိုက်ခိုက် မှုကို စိတ်ဓာတ်ရေးရာ သာလွန်သည့် အပစ်ရပ်တပ်ဖွဲ့များက အစွမ်းကုန် စုပေါင်းတွန်းလှန်ခြင်းဖြင့် အောင်ပွဲရ ယူနိုင်သည့် အနေအထားရှိသည်ကိုတွေ့ရပေသည်။ ခုခံတွန်းလှန်မည့် နည်းဗျူဟာကောင်းမွန်ရန်နှင့် ညီညွတ် မှုအင်အားက များစွာအရေးပါနေပေသည်။ ထို့အပြင် အပစ်မရပ်သေးသည့် ကေအန်ယူနှင့် SSA-S ကဲ့သို့ သော တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့ ချိတ်ဆက်တိုက်ပွဲဝင်ရန် လိုအပ်မည်ဖြစ်ပေသည်။

ထိုသို့မဟုတ်ဘဲ အန်ဒီအေကေ၊ ဒီကေဘီအေတို့ကဲ့သို့ လည်စင်းခံလျှင် ရာသက်ပန် နအဖစစ်ကျွန်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သလို စုပေါင်းတွန်းလှန်ခြင်းမရှိဘဲ တဖွဲ့ချင်းခုခံတိုက်ခိုက်နေပါက ကိုးကန့်တပ်ဖွဲ့ကဲ့သို့ နအဖစစ်တပ်၏ အလွယ်တကူ ၀ါမျိုးခြင်းကို ခံရပြီး တဖွဲ့ပြီးတဖွဲ့ အလွယ်တကူ ခြေမှုန်းခံရသွားရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ပေသည်။ ထိုသို့ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းတုတ် ဖြစ်နေသည့်အနေအထားတွင် လည်စင်းခံခြင်းထက် စုပေါင်းတွန်းလှန်ခြင်းကသာ ရာသက်ပန်စစ်ကျွန်အပြုခံရမည့် အန္တရာယ်မှလွတ်မြောက် နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအ တွက်လည်း တဘက်တလမ်းမှ အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

မျိုးဇာနည်

ဖတ်ကြည့်ချင်သေးလား....

10.14.2009

ဒီမိုကရေစီရဲ့ အနှစ်သာရဟာ ဘာလဲ




ဖတ်ကြည့်ချင်သေးလား....

ကံ ကံ၏အကျိုးနှင့် စူမတြား ငလျင်


ဖတ်ကြည့်ချင်သေးလား....

10.13.2009

ကေတီဗွီ အနှိပ်ခန်းနဲ့ အာဏာပိုင်



Rest of your post

ဖတ်ကြည့်ချင်သေးလား....

10.02.2009

သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ
ရဲဘော် ကျော်သန်း

တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုး မိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါး ဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံးမီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကို ကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။

ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့ တနယ် ကူးလေ့မရှိကြ ဘူး။ နယ်ကူးရင် ကျူးရင် နယ်ခံခွေးတွေက ၀ိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ ... အလှူချိန်ရောက်ပြီဆိုရင် တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲ တာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရ တယ်။ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင် တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရ တတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံ တစီစီနဲ့ပေါ့။



အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ၀ှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အ၀စားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူ ပြီးလို့ လေးငါးဆယ်ရက်အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့်စည်း စိမ်ပေါ့၊ ဒါကြောင့် ပြောကြတယ်မဟုတ်လား မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ ပြောကြတာ။

အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ ခွေးတွေကို ပြန်ပြီးမြင် ယောင် သတိရစရာတွေဖြစ်လာတယ်။ ခွေးဆိုတာကတော့ အိပ်စားကာမလောက်သာသိတဲ့ အဟိတ်တိရိစ္ဆာန် ဆိုတော့ လှူရင် ကျွေးရင် စားမှာပဲ။ ဘယ်သူက လှူတယ်၊ ဘာကြောင့်လှူတယ်၊ ဘယ်လိုလှူတယ် ဆန်းစစ်မ နေဘူး။ ပြီးတော့ သူတို့က အလှူမှာ အဓိကအလှူခံပုဂ္ဂိုလ် ဖိတ်ကြားခံရသူမဟုတ်လို့ ရှက်နေစရာ၊ ဂုဏ်သိက္ခာ ငဲ့နေစရာ မလိုပါဘူး၊ စားကြွင်းစားကျန် အရိုးအရင်းလောက်နဲ့ကိုပဲ ကျေနပ်လှပြီ။

အခု ကျုပ်တို့ဝန်းကျင်ကတော့ လူတွေ ...။ လူတွေမှ ကိုယ့်ကိုကိုယ် ခေါင်းဆောင်လို့ ပညာတတ်လို့ ကြော်ငြာ နေတဲ့ လူတွေလေ ...။

တကယ်တော့ ဒီဇာတ်လမ်းတွေက ၂၀၀၃ ထဲက စတယ်လို့ ဆိုရမှာပါ။ ဒီပဲယင်း ယုတ်မာပတ်စက်မှုကြီးနဲ့ တံ တွေးခွက် ပတ်လက်မျောနေတဲ့ စစ်အုပ်စုက ထောက်လှမ်းရေးမှူး ဗိုလ်ခင်ညွန့်ကို ၀န်ကြီးချုပ်ခန့်၊ ဘုံခုနစ်ဆင့် လမ်းပြမြေပုံပြပြီး ထွက်ပေါက်ရှာတယ်။ ဒီဘုံခုနစ်ဆင့်ကို ကြည့်ပြီး ကျုပ်တို့ ပေါချောင်ကောင်း ခေါင်းဆောင် တွေဇောင်းလွှတ်တဲ့မြင်းလို ခြေတကြွကြွနဲ့ အတော်အူးမြူးတက်ကြွခဲ့ကြသေးတာပဲ။ (BSG) ခေါင်းဆောင် ဒေါက်တာဇာနည် နှာခေါင်းကျည်ပွေ့တွေ့သွားမှ ခြေငြိမ်သွားကြတာ။

အခုတော့ (၂၀၁၀) ရွေးကောက်ပွဲသံ ပိုပြီးတော့ကျယ်လာ နီးလာပြီးဆိုတော့ တချို့ ဣနြေ္ဒမဆည်နိုင်ကြတော့ ဘူး။ ရတတ်သမျှ မှိုတက်အတွေးအခေါ်တွေ ဖုံခါ၊ မီးကျိုးမောင်းပျက် သဘောတရားတွေထုတ်ပြီး ရွေးကောက် ပွဲဝင်ရေး စိုင်းပြင်းလာကြပြန်ပြီ။ အခွင့်အရေးဆို မစွန့်ပဲစားချင်ကြတာ ဓမ္မတာမို့ ကိုယ့်စားရိတ်နဲ့ ကိုယ့်လမ်းကို ရွေးကြတာကို ဘာမှမပြောလိုပါ။ ဆိုးချက်နာတာက ကိုယ့်လမ်းကို ဖြောင့်ဖြောင့်မသွားဘဲ ဟိုဆွဲဒီဖဲ့နဲ့ လူတ ကာကို ခေါင်းစပ်တူဝယ်ဖို့ ဆွယ်နေကြတာပဲ။ ဒေ၀ဒတ်က အဇာတသတ်ကလေးကို တတ်သမျှ မှတ်သမျှနဲ့ ဖျားယောင်းသလိုပေါ့။ တချို့ဆို ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရပ်နေသူတွေကိုတောင် ခေါင်းမာသလေး၊ လက် တွေ့မကျသလေး ပုတ်ခတ်လိုက်သေးတယ်။

သူတို့ဟာက ရေနှောက်ငါးရှာ (Fishing in trouble water) သလို ပတ်ဝန်းကျင်ကို အဆိပ်မှိုင်းတိုက်ပြီး ကိုယ် ကျိုးရှာတာပါပဲ။ တော်လှန်ရေးစိတ်ဓာတ်၊ အတွေးအခေါ်တွေ မျိုးကန်းသွားအောင်၊ ကျိုးပျက်သွားအောင် အ ဆိပ်အတောက် အယူအဆတွေကို တွင်တွင်ဖြန့်တယ်။ အတော်ကို ယုတ်ကန်းပါတယ်။ စကားတခု ကြားဖူးကြ မှာပါ။ ပါးစပ်ထဲဝင်တဲ့ အဆိပ်က လူနဲနဲကိုပဲသတ်နိုင်တယ်။ နားထဲဝင်တဲ့ အဆိပ်ကတော့ တမျိုးလုံးကိုသတ်နိုင် တယ်။

အပြောတော့ အလွန်ကောင်း၊ တကယ့် ပါးပါးလေး။
‘ဖြစ်နိုင်တာ လုပ်တာနိုင်ငံရေးတဲ့’
‘မရှိရာကနေ တခုခုရှိလာတာ ကောင်းတယ်’
‘န၀တ/နအဖရဲ့ ( ဘုံခုနှစ်ဆင့် ) လမ်းကြောင်းအတိုင်းဝင်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ်’စတဲ့ အဆင်ခြေတွေ စုံလို့ပဲ။

အမှန်တရားအတွက် တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေတွေ၊ အောင်နိုင်ခြေတွေ တွက်တာမရှိပါဘူး။ မြတ်စွာဘုရား ရှင်ကိုယ်တိုင်က အဓမ္မတရားနှင့် အသက်ရှင်ခြင်းထက် ဓမ္မတရားအတွက် အသက်စွန့်တန်စွန့်ရမယ်။ ဓမ္မနဲ့ အ သက်ရှင်တာမြတ်တယ်လို့ ဟောထားခဲ့တာပဲ။ အမှန်တရားဘက်က ရပ်တည်ရာ တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင် ခြေကိုပဲတွက်ပြီးလုပ်တာ၊ အရူံးအမြတ်တွက်တာဟာ ဖဲသမားဉာဉ်နဲ့ အချောင်နှိုက်ချင်တဲ့ စိတ်ဓာတ် ပါ။ ဖြစ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတော့ နိုင်ငံရေးမှာ မှားမှား၊ မှန်မှန် ဖြစ်နိုင်မှလုပ်ကြ၊ မဖြစ်နိုင်ရင် မလုပ်နဲ့ ဒူး ထောက် အရှုံးပေးလိုက်ကြလို့ ကိုယ်နဲ့တူအောင် အမြီးဖြတ်တာပါပဲ။

ဒါကြောင့် ဒီစကားဟာ လူ့အဖွဲ့အစည်းတခုလုံးအတွက် မျိုးတုံး၊ မျိုးသုဉ်းသွားစေလောက်အောင် အ ဆိပ်သင့်တဲ့ ဖောက်ပြန်ရေး အတွေးအခေါ်ဖြစ်တယ်။ အမျိုးသားတရပ် ရှင်သန်ရပ်တည်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ တော်လှန်ဖောက်ထွက်ရဲတဲ့ အမျိုးသားဇာတိမာန်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ အတွေးအခေါ် ဖြစ်တယ်။ ဖြစ်နိုင်ခြေတွေလောက်ကိုသာ တွက်ချက်လုပ်ခဲ့ကြမယ်ဆိုရင် ဒီနေ့ကျုပ်တို့လူအဖွဲ့အစည်းကြီးဟာ ကျောက်ခေတ်မှာပဲ ရှိနေဦးမှာပဲ။ နိုင်ငံရေးဘက်က ကြည့်ရင်လည်း ကျုပ်တို့ဗမာတွေဟာ ကမ္ဘာသုဉ်းတဲ့အထိ အင်္ဂလိပ်ကျွန်ဖြစ်နေဖို့ပဲ ရှိတော့တယ်။ လက်နက်ခြင်းမမျှဘဲ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြတဲ့ ကျုပ်တို့ရဲ့ဘိုးဘွား ရှေးဦးတော်လှန်ရေးသမားကြီးတွေ၊ ဆရာစံနဲ့ လယ်သမားကြီးတွေကို ဘယ်လိုသမိုင်းတင်ကြမလဲ။ အချောင် သမားလမ်းစဉ်ကို မလိုက်ခဲ့ကြလို့ လူမိုက်ကြီးတွေလို့များ သမိုင်းတင်ကြဦးမလား။

တကယ်တော့ အမျိုးသားရှင်သန်ရပ်တည်ရေးတို့ ကြီးပွားရေးတို့ လွတ်မြောက်ရေးတို့ဆိုတာဟာ ရည်မှန်းချက်တခုကို ဓိဋ္ဌာန်ပြီး မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားရတဲ့ အမျိုးသားရေး တိုက်ပွဲပဲ။ ဖြစ်စဉ်တခုပဲ။

ဒီတော့ ရှင်းပါတယ်။ သူတို့ပြောနေတဲ့ ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေးဆိုတာ စစ်အုပ်စုလိုချင်တဲ့ ပုံစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဗမာတွေ ကမ္ဘာသုဉ်းတဲ့အထိ စစ်ဓားပြကျွန်ခံကြလို့ သွေးဆောင်ဖြားယောင်းတဲ့ ကျွန်ပွဲစားလုပ်ရပ်ပဲ ဖြစ်တယ်။

သူတို့ပြောနေတဲ့ ခိုးကြောင်ခိုးဝှက် တမျိုး၊ ခြိမ်းခြောက်ဓားပြတိုက်လို့ တဖုံ ညစ်နည်းမျိုးစုံနဲ့ နာဂစ်မုန်တိုင်း ကြောင့် သေကြေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ အရိုးပုံပေါ်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကြည့်ပါဦး။ အဆင့်ဆင့် အုပ်ချုပ်ရေးဌာနတွေအပြင် လွှတ်တော်ထဲမှာ အမတ်လေးပုံတစ်ပုံကို ဓားပြတိုက် အပိုင်စီးထား တယ်။ သမ္မတက စစ်သား၊ ဒါမှမဟုတ် စစ်သားဟောင်းဖြစ်ရမယ်။ အရေးကြီးတဲ့ဝန်ကြီးဌာနတွေကို စစ်တပ်က ယူမယ်။ ဒါတောင် ဖင်မလုံနိုင်သေးတာနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံတကျ စစ်တပ်က အာဏာသိမ်းနိုင်တယ်။ ပြီး တော့ အဲဒီဖွဲ့စည်းပုံကြီးကို စစ်ဓားပြအမတ်တွေ အပါအ၀င် လေးပုံသုံးပုံက သဘောတူမှ ပြင်ရမယ်တဲ့။

ကဲ .. ဘယ်မှာလဲ ပြည်သူတွေရဲ့ အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီရဲ့အနှစ်သာရ။ လူထုဆန္ဒဆို တာဖွဲ၊ စစ် အာဏာရှင်စနစ်က တရွေးသားတောင် ပွန်းမနေဘူး။ ဒီလောက်ဖောက်ပြန်တဲ့ ဖွဲ့စည်းပုံကိုပဲ ဘာမှမရှိတာထက်စာရင် ကောင်းတာပေါ့ ဆိုပါလား။ ဘူးသီးကို ၀က်သားလို့ စာရေးပြီး ချက်စားလည်း ဘူးသီး က ဘူးသီးအရသာပဲ ထွက်မှာပဲ။ ၀က်သားအရသာ ဖြစ်မလာဘူး။ သားစဉ်မြေဆက် စစ်ကျွန်ခံကြဖို့ ဗြောင် ဆွယ်တာပါပဲ။ ဒီ့ ထက်ဖောက်ပြန်တဲ့ အတွေးအခေါ်တောင် ဒီလောက်ယုတ်ညံ့မှာမဟုတ်ဘူး။ လောကကြီး မှာ ရှိနေပေမယ့် မကောင်းတာတွေ ပြည့်လို့၊ အများကြီး။ ရှိသာရှိပြီး ဘာမှသုံးမရတဲ့အပြင် လော ကကြီးကို အနှောင့်အယှက်တွေ၊ ဆိုးကြိုးဒုက္ခတွေသာပေးတဲ့ စစ်အာဏာရှင်တွေအပြင် ဒီလောက် ဖောက်ပြန်တဲ့ သဘောတရားထုတ်ပေးသူတွေလည်း ပါတာပဲ။

ဒီသဘောတရားအတိုင်းဆိုရင် ကိုယ့်အသက်ကို ငွေနဲ့ရွေးပြီး ပြန်ရလာလို့ ပြန်ပေးသမားကို ကျေးဇူးရှင်အမှတ် နဲ့ ကိုးကွယ်ရမယ့်ကိန်း၊ ဒီကျွန်ပွဲစားသဘောတရား ဆရာကြီးတွေ အသုံးမကျတာက ကမ်းကုန်ရော၊ အရှိကို မရှိ အောင် ဖျက်ဆီးပြီးကာမှ ဘာမဟုတ်တဲ့ အတုအယောင်ကိုပေးလာတဲ့ အဖျက်သမားကို ကျေးဇူးတင်နေတဲ့ ဟန်၊ အညံ့ဖျင်းဆုံး ကျွန်ပွဲစားများပေတကား။

တကယ်ဆို ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ခံအစိုးရဆိုတာ ဗမာပြည်မှာ ရှိပြီးသား။ ဒါကိုဖျက်ဆီး ပစ်ခဲ့တာ ဘယ်သူတွေလဲဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိတယ်။ မသိတာက ကိုယ့်နေရာရဖို့ အရေး၊ လူရာဝင်ဖို့အရေးအတွက် အတ္တလောဘတွေ ပိတ်ဖုံးနေတဲ့ အချောင်သမား ကျွန်ပွဲစားတွေပဲဖြစ်တယ်။ စစ်တပ်စစ်ဦးစီးချုပ်အပါအ၀င် အချုပ်အချာအာဏာပိုင်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရသူတိုင်း ပြည် ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံကို အသက်နဲ့လဲကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန်သစ္စာပြုထား ကြရတာပဲ။ ဒီကြားကပဲ “ငယ်ခါဆိုးသွမ်း ကြီးခါယုတ်မာ သေသော်တိုင်းပြည်ကို စစ်အာဏာရှင်ငရဲ ခန်းမှာထားခဲ့တဲ့ ၀ဲစားကြီး ဗိုလ်နေ၀င်း” ကစလို့ ဒီနေ့ခေတ်ထိ စစ်ခေါင်းဆောင် အဆက်ဆက်တို့ ပဲ၊ ဒီကျမ်းဒီသစ္စာတွေကို ဖောက်ဖျက်ခဲ့ကြတယ်၊ ဖောက်ဖျက်နေကြတယ်။

ဒီမဟာဗာလာနံ လူမိုက်အပေါင်းရဲ့ ကျေးဇူးနဲ့ပဲ မဟုတ်တာ၊ မတရားတာမှန်သမျှ ဗမာပြည်ထဲမှာ အကုန်ဖြစ် တယ်။ ဘုရားဗိုက်ဖောက်ခံရတယ်။ ကျောင်းသား၊ သံဃာတွေ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံနေ ရတယ်၊ ယုတ်စွအဆုံး ဘုန်းကြီးရုပ်အလောင်းတောင် မီးဖုတ်စားခံနေရတယ်။ ဒီဗိုလ်ချုပ်တွေ၊ သူတို့အပေါင်း အပါတွေ တိုင်းပြည်ဘဏ္ဍာအရင်းအမြစ်ဟူသမျှကို ဓားပြတိုက်လုယက် ချမ်းသာနေသလောက် လူထုဘ၀က တော့ တကယ့်ကို နင်းပြား၊ ဖွတ်ကျောပြာစု ခရုဆံကျွတ်ဘ၀။ အဖြစ်ဆိုးလိုက်ပုံက သမီးမွေးတော့ ပြည့်တန် ဆာ သားမွေးတော့ သူခိုးပြာတာ၊ ကမ္ဘာ့အနှံ့မှာ ဗမာကူလီတွေရှိတယ်။ ဒါနဲ့များတောင် သူတို့ပါးစပ်က အမျိုး ဂုဏ် ဇာတိဂုဏ်မြင့်မားရေးလို့ မျက်နှာပြောင်တိုက် အော်နေတာပဲ။ ဒီလိုကျေးဇူးပြုခဲ့ကြတဲ့ လူမိုက်တသင်းကို တိုင်းပြည်နဲ့လူမျိုးအပေါ် ဆက်ပြီးအုပ်ချုပ်ခွင့်၊ အဓမ္မကျင့်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံကို အချောင်သမားတွေကလွဲ လို့ ဘယ်သူမှလက်မခံဘူး။ ဥပဒေနည်းလမ်းတကျ စစ်ကျွန်ခံရတာကောင်းတယ်လို့ယူဆတဲ့ ကျွန်ပွဲစားတွေပဲ လက်ခံတယ်။

နောက်ကျွန်ပွဲစားတွေရဲ့ ဘနဖူး သိုက်တူးမယ်ဆိုတဲ့ မတော်လောဘ အပေါ်လွင်ဆုံးက သူတို့နဲ့ပေါင်းလုပ်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ့်ဆိုတဲ့ အယူအဆ၀ါဒမှိုင်းပဲ။ ပူးသတ်မယ် ပြောလိုပြော၊ ပေါင်းပြီးပြောင်း မယ် ပြောလိုပြော၊ တကယ့်ကို အမြီးအမောက် မတည့်လှပါဘူး။ လက်တွေ့ကတော့ နွားသိုးဂျိုမှာ နို့ညှစ်ကြ စို့လို့ ပြောသလိုပါပဲ။

ဗမာပြည်နိုင်ငံရေးမှာ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှစ်များခေတ်၊ ခေတ်အဆက်ဆက်က လက် နက်ချ ဒူးထောက်အညံ့ခံသွားသူတိုင်း ဖန်တရာတေအောင် သုံးခဲ့ကြ၊ ပြောခဲ့ကြတဲ့စကားတွေ၊ ဆင်ခြေတွေပါ။ တကယ်ယုံ တကယ်ပြောပြီး တကယ်လုပ်ခဲ့ကြသူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့ပြောသလို ဖြစ် ခဲ့တာတခုမှ မရှိခဲ့ဘူး၊ တယောက်မှပေါ်မလာဘူး။ အဲသလိုဆင်ခြေပေး အကြောင်းပြခဲ့ကြသူအားလုံး အုပ်စိုးသူ ဖောက်ပြန်ရေးသမားတွေနဲ့ ပူးပြီးပေါင်းမိခါမှ မထွေးနိုင် မမြိုနိုင်နဲ့ အဆုံးမှာ မိုးခါးရေ၀ိုင်းသောက်ကြရင်း သစ္စာ ဖောက် ကိုယ်ကျိုးရှာသမားတွေအဖြစ်နဲ့ နိဂုံးချုပ်သွားကြရတာချည်းပဲ။ လျှမ်းလျှမ်းတောက် ခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ ဘကြီးဘဖေတို့ သခင်စိုးကြီးတို့တောင် ဒီလိုပဲဇာတ်သိမ်းသွားရတာ။

ဒီစစ်ဒီလူညစ်တွေရဲ့ ခေတ်နဲ့စနစ်က ဟိုအရင်အာဏာရ ဖောက်ပြန်ရေးသမားတွေထက်ပိုဆိုး၊ ပိုပြီးဗြောင်ကျ ကျ ဖောက်ပြန်တယ်။ မရှိတာထက် ရှိလာတာကောင်းပါတယ်လို့ ကျွန်ပွဲစားကြီးတွေ မွှန်းနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံက စစ်အာဏာရှင်စနစ်ကို အတိအကျ ပြဌာန်းထားတဲ့အပြင် ပြင်ဆင်လို့မရအောင် ယိုပေါက်မရှိပိတ်ဆို့ထား တယ်။ ဒါကြောင့် ပူးသတ်မယ် ပေါင်းပြီးပြောင်းမယ်ဆိုတဲ့ ကျွန်ပွဲစားတွေကလည်း ဟိုးအရင်ခေတ် ဖောက်ပြန် ရေးသမားတွေထက် ပိုပြီးဗြောင်ကျတယ်၊ အရှက်သိဏ္ခာမဲ့တယ်။ မတော်ရာမှာ သတ္တိထူးပါပေတယ်လို့ ချီးကျူး ရမယ်။

အဲဒီအထဲမှာ တော်လှန်ရေးနဲ့ သူဌေးဖြစ်နေကြတဲ့ ကျုပ်တို့ရဲ့ အဝေးရောက် ခေါင်းဆာင်ကြီးတွေလည်းပါတာ ပဲ။ အမြီးပြတ်ချင်း လက်တို့ဝိုင်းထိုင်ပြီး အပေါစား မိန်းမပျက်လို ဟိုဟာလှန်ပြ ဒီဟာလှန်ပြနဲ့ ရန်သူစစ်အုပ်စုကို မျက်စပစ်တယ်၊ မြှူတယ်။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမိန့်တွေချ၊ ထောင်တွေချနေချိန် မှာပဲ စစ်အုပ်စုကို ရင်ကြားစေ့ရအောင်ဆိုပါလား။ သြချလောက်တဲ့ စိတ်ကူး။ ဒေါ်အောင်ဆန်းစုကြည်ထမီခြုံ လို့ကောင်းစားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်အရေး တရွေးသားတောင် ထည့်မစဉ်းဘူးဆိုတာ ဒီမှာပေါ် တာပါပဲ။ ဒီအမြင် ဒီစိတ်ဓာတ်လောက်နဲ့ ကျွန်စုပ်တဲ့ သရက်စေ့လိုဖြစ်နေတဲ့ ပြည်သူတွေကို ကယ်တင်မယ်၊ အလုပ်အကျွေးပြုမယ်ဆိုပါလား အရပ်ကတို့ ...။

စကားရွေးပုံ ဆင်ခြေပေးပုံလေးကတော့ တိုးတက်လာသလိုပဲ။ ဘာတဲ့ မုန်လာဥပြတုတ်ပြ စည်းရုံးရေးတဲ့။ကောင်းပါတယ်၊ ပြစရာနှစ်ခုလုံး ရှိရင်ပေါ့။ ဒါပေမယ့် ဘယ်မှာလဲ ပြစရာတုတ်၊ တုတ်နဲ့တူတာလည်း တခုမှ မ တွေ့။ ဒီတော့ ပြစရာ မုန်လာဥပဲ ရှိတော့မပေါ့။ မုန်လာဥပြရတာနဲ့တင် မလုံလောက်လို့၊ အားမရကြလို့ မတော် လုံချည်လှန် နောက်ခိုင်းပြကြရင်ဖြင့် အတွေးနဲ့တင် မမြင်ဝံ့စရာ။ တွေးပြီးသာ ရှက်နေရတာပါ၊ ပြတောင်ပြပြီးပြီ လား မသိနိုင်ဘူး။

တကယ်တော့ ဒီခေါင်းဆောင်ကြီးတွေပဲ တော်လှန်ရေးကို အင်ဂျီအို ( NGO) တွေရဲ့ ငွေဝယ်ကျွန်ဖြစ်အောင် လုပ်ခဲ့ကြတာ။ သူတို့ဆောင်ပှဒ်က ရှင်းရှင်းလေး။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် အကျိုးရှိရှိ၊ မရှိရှိအင်ဂျီအို ကြိုက်တာအကုန်လုပ်၊ အင်ဂျီအို မကြိုက်တာ အကုန်ဖြုတ် ဒါပဲ။ အင်ဂျီအိုတွေကြားက မှတ် ချက်တခု ကြားမိတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဖွဲ့တွေက သူတို့နဲ့ကိုက်တဲ့ ပရောဂျက်မှ လုပ် တာ၊ ဗမာအဖွဲ့တွေက ပိုက်ဆံပေးရင် ဘာပရောဂျက်ခိုင်းခိုင်း အကုန်လုပ်တယ်တဲ့။ ပြောလည်း ပြောလောက် စရာ။ ဗမာအဖွဲ့တခုကဆို ပိုက်ဆံပေးလို့ ဗွီဒေး (V Day - Vagina Day ) ဆိုလား လုပ်ဆိုပဲ။ ကျုပ်တို့လည်း ခပ်ရွတ်ရွတ် ကိုရင်ကြီးတပါးလို “ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ” ဆိုပြီး ၀င်ရောရမလားပဲ။

ဒါကြောင့် သူတို့အနှစ် (၂၀) လုပ်ခဲ့သမျှ ပြစရာ နတ္တိ။ ဇကာကုံးနဲ့ ရေခပ်တာမှ ရနိုင်စရာရှိသေးတယ်။ သတ်ပုံ တောင်မမှန်တဲ့သူက ပညာရေး မူဝါဒတွေချ၊ သင်ရိုးတွေဆွဲ၊ ပုဒ်ထီးပုဒ်မ မကွဲတဲ့သူက ဖွဲ့စည်းပုံရေးလိုရေး။ အ ခုလည်း ရွေးကောက်ပွဲဝင်ရေး၊ စစ်ကျွန်ခံဖို့အရေး ကျွန်ပွဲစားလုပ်နေကြပြန်ပြီ။ စေတနာကမမှန်၊ တွေးခေါ်ပုံက မဟန်၊ ဟန်ကိုက မဟန်၊ လက်လန်လောက်ပါပေရဲ့။

ကျွန်ပွဲစားတွေပြောနေတဲ့ ပေါင်းပြီးပြောင်းမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် အိန္ဒိယကို နမူနာထားကြည့်ပါ။ အိန္ဒိယ ပါလီမန်လွှတ်တော်မှာ အမတ်ဦးရေ (၅၄၇) ယောက်ရှိတယ်။ လူနည်းစုတွေအတွက် အထူးရာထားတဲ့ (၄) ယောက်ကို သမ္မတက တိုက်ရိုက်ခန့်တာကလွဲရင် ကျန်တာအားလုံး လူထုမဲနဲ့ ရွေးကောက်တယ်။ အစိုးရဖွဲ့နိုင် ဖို့ဆိုရင် အနည်းဆုံး အမတ် (၂၇၂) ယောက်ရှိဖို့လိုတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းရွေးကောက်ပွဲတွေမှာ အ မတ်အများဆုံးရတဲ့ ပါတီက အမတ် (၂၀၀) တောင် မပြည့်ဘူး။ ဒီတော့ အတွေးအခေါ် ရပ်တည်ချက်တူတာ မတူတာ ဘေးချိတ်ပြီး ညွန့်ပေါင်းဖွဲ့ကြရတယ်။ တချို့ညွန့်ပေါင်းဝင် ပါတီအချင်းချင်းရဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဘက်တွေ။ ဒီတော့ ညွန့်ပေါင်းအစိုးရတွေဟာ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံဖြိုးရေးအတွက် စီမံဆောင် ရွက်ရတာထက် အစိုးရတည်ငြိမ် တည်မြဲဖို့ လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်ရတယ်။ အရေးပါတဲ့ ပြုပြင်ပြောင်း လဲရေးတွေလုပ်ဖို့၊ ဥပဒေပြုဖို့ဆိုတာ ဝေးလာဝေးပဲ။

သိကြတဲ့တိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ကိန်းဂဏန်းတွေ ကစားကြတာပဲ၊ အမတ်ဖြစ် ဖို့ လူထုမဲကိန်းဂဏန်းတွေကို အခြေခံလုကြတယ်။ အစိုးရဖွဲ့ဖို့ ကိန်းဂဏန်းတွေ (အမတ်) လုကြရတယ်။ ဆုံး ဖြတ်ချက်တွေ၊ ဥပဒေတွေပြုဖို့ ကိန်းဂဏာန်းတွေကို လုကြ၊ ကစားကြရတယ်။ ကိန်းဂဏန်းများများကို ကိုင် ထားတဲ့သူက ကြိုက်သလိုကစားတာပဲ။ ကိန်းဂဏန်းများများကို ကစားနိုင်တဲ့သူက ကြိုက်ရာလုပ်တာပဲ။ ဒီ တော့ အာဏာရအုပ်စုနဲ့ အတိုက်အခံအုပ်စုတွေက သူ့ဘက် ကိုယ့်ဘက်က အမတ်တွေ၊ ပါတီငယ်လေးတွေကို ငွေ၊ ရာထူး၊ အခွင့်အရေးတွေနဲ့ အပြိုင်အဆိုင် ဖဲ့ထုတ်စည်းရုံးကြတာပဲ။ ထုံးစံအတိုင်း အာဏာရထားတဲ့ အုပ်စု ကတော့ တပန်းသာတာပေါ့။ သို့သော် သူမှာလည်း အစိုးရတည်ငြိမ်အောင် လုံးပမ်းနေရတာနဲ့ပဲ တခြားလုပ် ငန်းတွေကို လှည့်မကြည့်အားနိုင်တော့ဘူး၊ တိုင်းပြည်ဆုတ်ယုတ်တယ်၊ မတည်ငြိမ်ဘူး။

ကျုပ်တို့ဗမာကျောင်းသားတွေကို အိမ်ပေါ်ခေါ်တင် စောင့်ရှောင်ထားတဲ့ မစ္စတာဂျော့ဖာနန်ဒက် Mr.George Ferrandes ဆိုတာ ဆမာတာ (Samata သာတူညီမျှ ) ပါတီရဲ့ခေါင်းဆောင်။ သူ့ရပ်တည်ချက်က ပါတီနာမည် အတိုင်း ဆိုရှယ်လစ်။ သူပါတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကဦးဆောင်ပါတီ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) နဲ့က ၀ါဒ အရ ပြဒါးတလမ်း သံတလမ်းပဲ။ ဒါပေမယ့် အစိုးရဖွဲ့နိုင်ဖို့ သူတို့ပေါင်းကြတယ်။ သူ့ပါတီက (၅၄၇) နေရာရှိတဲ့ ပါလီမန်ထဲမှာ (၁၄) နေရာပဲရှိတာပဲ။ ဒါပေမယ့် အစိုးရကက်ဘိနတ်ထဲမှာ နံပါတ် (၄) နေရာဖြစ်တဲ့ ကာကွယ် ရေးဝန်ကြီး နေရာကိုရတယ်။ ဆိုခဲ့တဲ့အတိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ဆိုတော့ လူ ပြည့်ဖို့အတွက် (၁၄) နေရာမျက်နှာနဲ့ လိုက်လျောရတာပဲ။ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကပါတီကလည်း သူ့လူ နံ ပါတ် (၁) ၀န်ကြီးချုပ် ရာထူးရဖို့၊ အစိုးရဖွဲ့နိုင်ဖို့ဆိုတော့ အစွမ်းကုန်လိုက်လျောရတာပဲ။

ဒီမှာနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လူ (၅၄၇) ရှိတဲ့ ပါတီပါလီမန်မှာတောင် လူ (၁၄) ယောက်ပဲရှိတဲ့ လူတစု၊ ပါတီ တခုက ဒီလောက် ချယ်လှယ်ကစားနိုင်ရင် လူ (၄၄၀) သာရှိတဲ့ လွှတ်တော်မှာ စစ်မိန့်အာဏာအောက်က စစ် ဓားပြအမတ် (၁၁၀) က ဘယ်လောက်ဗိုလ်ကျ လွှမ်းမိုးနေမလဲ။ တွေးတောင် မတွေးဝံ့စရာပါ။ ဒီတော့ ကျွန်ပွဲ စားတွေပြောသလို ပေါင်းပြီးပြောင်းမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ အရှင်းကြီးပါ။ တွေးကြည့်စရာတောင် မလိုပါဘူး။ ကျွန်ပွဲစားတွေရဲ့ အသားလိုလို့ အရိုးတောင်း လူထုကို ရောင်းစားဖို့ ကြံတယ်ဆိုတာ ရှင်းပါတယ်။

နိဂုံးချုပ်အနေနဲ့ အားလုံးအတွက် လက်ဆောင် ဟိတောပဒေသ ထဲက ပုံပြင်လေးတခု ပြောချင်တယ်။ တခါမှာ တော့ ဖားတကောင်ဟာ ရေအိုင်စပ်မှာ မလှုပ်မယှက်နေနေတဲ့ မြွေကြီးတကောင်ကို သွားတွေ့တယ်။ ထုံးစံအ တိုင်း မြင်မြင်ချင်းတော့ ကြောက်တာပေါ့။ မြွေကြီးက မလှုပ်မယှက်ငြိမ်နေတော့ အဝေးကနေ တဖြည်းဖြည်း ကပ်လာပြီး စပ်စုတယ်။ အသင်မြွေကြီး ဘာဖြစ်နေသလဲ။ ဒီတော့ မြွေကြီးက သူ့သားကို ကိုက်သတ်လိုက်လို့ ပုဏ္ဏားကြီးက ငါ့ကို ကျိန်စာတိုက်လိုက်တယ်။ ဆိုးလိုက်တဲ့ ငါကံနှယ် ဖားတွေရဲ့ စီးတာကို ခံရပါစေလို ကျိန် လိုက်တယ်။ ဒါနဲ့ အဲဒီဖားက သူတို့ရဲခေါင်းဆောင် ဖားဘုရင်ကြီးဆီကို ပြေးပြီးသတင်းပို့တယ်။ ဒီခေတ်နဲ့ ဆိုရင် တော့ ဖားဥက္ကဌ၊ ဖားသမ္မတ၊ ဖားဝန်ကြီးချုပ်လို့ ဆိုရမှာပေါ့။ ဒါနဲ့ အဲဒီဖားခေါင်းဆောင် ဘုရင်ပြောပြော ဥက္ကဋ္ဌ ပြောပြောပေါ့ မစူးမစမ်းဘဲ မြွေကြီးဆီကိုသွားပြီးတော့ စီးကြည့်စမ်းမယ်ဆိုပြီး စီးတာပေါ့။ ဖားဘုရင်ကြီးလည်း အတော်သဘောကျသွားတယ်။ နှစ်ရက်သုံးရက်လောက်နေတော့ မြွေကြီးက သိပ်မသွားနိုင်တော့ဘူး။ ဘာဖြစ် သလဲပေါ့။ မြွေကြီးက အစာမစားရလို့ပါလို့ ဖြေတယ်။ ဒါနဲ့ ဖားဘုရင်ကြီးကလည်း သူနောက်လိုက်ဖားတွေကို အလှည့်ကျ အစားခံစေလို့ အမိန့်ချလိုက်တယ်။ နောက်ဆုံးလည်းကျရော ဖားတွေကုန်သွားလို မြွေကြီးက ဖား ဘုရင်ကြီးကိုစားပြီး ရေအိုင်က ခွာသွားတယ်။ အဓိပ္ပါယ်ကတော့ မြွေဆိုတာမြွေပါပဲ၊ ဖားဆိုရင် စားမှာပဲ။ အဲဒီလို ပဲ စစ်အာဏာရှင်ဆိုတာက စစ်အာဏာရှင်ဘဲ။ စိတ်ကူးယဉ်ရင် ဖားဘုရင်လို ဖြစ်သွားမယ်။

သိကြတဲ့ အတိုင်းပါပဲ။ န၀တ/နအဖ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲ မျက်လှည့်ပွဲကြီးကိုလုပ်ဖို့ တာစူကာပဲ ရှိပါသေးတယ်။ သို့သော် ကျုပ်တို့အညာအလှူက ခွေးတွေ၊ ကလေးတွေလို ဘင်ကြီးကို ၀င်ထုသူက ထု၊ မီးရှူး မီးပန်း ဖောက်သူကဖောက်နဲ့ ကျုပ်တို့ဝန်းကျင်မှာတော့ အတော့်ကို ရွစိညံနေကြပါပြီ။ တချို့ကလည်း ငွေတ မတ်နဲ့ ငါးကြင်းခေါင်းကို အရခဲဖို့ ဟန်ပြင်နေကြရဲ့။ ပတ်ဝန်းကျင်ကိုလည်း မှိုတက်သဘောတရားတွေ၊ ဂျိုကျိုး နားရွက်ပဲ့ အတွေးအခေါ်တွေနဲ့ မှိုင်းတိုက်အဆိပ်လူးပြီး သူခိုးသေဖော်ညှိနေကြပြီ။ အတွေးမှားပြီး လမ်းရွေးမှား လို့ကတော့ ကျွန်ပွဲစားကြီးတွေနဲ့အတူ သမိုင်းအမှိုက်ပုံရဲ့ အောက်ဆုံးကိုရောက်ရမှာ မလွဲဧကန်ပဲ။

အချိန်ကား နေ၀င်ရီတရော၊ ညီအစ်ကို မသိတသိ၊ သူ့လူကိုယ့်လူ မကွဲပြား။ အခါကတော့ ပွဲလန့်နေပြီ။ အ ချောင်သမားတသိုက်ကလည်း သူ့အစု ကိုယ့်အစုကလေးတွေဖွဲ့၊ ဖျာလိပ်ကလေးတွေ ခေါင်းမှာရွက်လို့ အလစ် မှာ နေရာခင်းဖို့ ဟန်ပြင်နေကြပြီ။

ကဲ ... ရဲဘော်တို့ ...

သတိသာ ထားကြပေတော့၊ ကျွန်ပွဲစားတွေ လာချေပြီ။

ရဲဘော် ကျော်သန်း
၃၀၊ ၉၊ ၂၀၀၉

ဖတ်ကြည့်ချင်သေးလား....

9.28.2009

အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ္တမဆု ချီးမြှင့်

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) မှ ရွှေဝါရောင်တော်လှန်ရေး အတွင်း မြန်မာပြည်သူလူထု လွှတ်မြှောက်ရေးအတွက် စွန်းစွန်းတမံ ဆောင်ရွက်ခဲ့သူ အသျှင်ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ္တမဆုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆုအား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်)မှ ကြီးမှူးကျင်းပသော ဆရာတော် ဦးဥတ္တမနေ့ နှစ် (၇၀) ပြည့်မြှောက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။


အသျှင်ဦးဂမ္ဘီရနှင့် ဦးစန္ဒြာမုနိတို့အား ဆုချီး မြှင့်ခြင်းကို ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဒုဥက္ကဋ္ဌ ဦးထွန်းအောင်ခင်မှ အခမ်းအနားတွင် ကျေညာခဲ့ပြီး ရဟန်းတော် နှစ်ဦး၏ မြန်မာနိုင်ငံ စစ်ကျွန် ဘ၀မှ လွတ်မြှောက်ရေး အတွက် ကြိုးပမ်းနေပုံများကို အခမ်းအနားတွင် ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြိ့ IKEBUKURO KUMI CENTER တွင် ကျင်းပခဲ့ပြီး ရခိုင် အမျိုးသားများနှင့် မြန်မာ့ တိုင်ရင်းသား ၁၇၀ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဋ္ဌ ဦးလှအေးမောင်မှ ဆောင်ရွက်ပြီး အခမ်းအနားမှုးများ အဖြစ် အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်နှင့် တွဲဖက် အထွေထွေ အတွင်းရေမှုး (၁) ဦးကျော်သန်းလှိုင် တို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အလံတော်အား အလေးပြုပြီး ဆရာ တော်ဦးဥတ္တမအား လွမ်းသူပန်းခွေချ ပူဇော်ပသခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးလှအေးမောင်၊ ဦးထွန်း အောင်ခင်၊ ဂျပန် လူမျိုးဦးရွှေဘ မှ ဆရာတော်နှင့် သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်း၊ ညီညွတ်သော တိုင်းရင်း သားများ အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) နာယကလည်း ဖြစ်သော ဦးဇော်မင်းခိုင်၊ NLD (LA-JAPAN) ဒုဥက္ကဋ္ဌ ဦးလှဟန်၊ SND (JAPAN) ဥက္ကဋ္ဌ ဦးစိုင်းစီဝမ်း၊ PMNS ဥက္ကဋ္ဌ ဦးမင်းမျိုးချစ်၊ PNS ခေါင်းဆောင် ဦးမိုင်ကျော်ဦး တို့မှ ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဟောပြော ခဲ့ကြသည်။

ဆရာတော်၏ အတ္ထုပ္ပတိအား ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) တွဲဖက် အမျိုးသမီးရေးရာမှုး ဒေါ်စောမြက ဖတ်ကြား ပြီး ကိုသန်းထွဋ်ဦးမှ ဦးခိုင်အောင် ကျော် ရေးသား ဂုဏ်ပြုထား သော ၀ီညာဉ် နိုးထဗျာလ်လေ ကဗျာကို ရွတ်ဖတ် ပူဇော်ခဲ့သည်ဟု သတင်းရရှိသည်။

Narinjara

ဖတ်ကြည့်ချင်သေးလား....

ပြောင်းလဲလာတဲ့ အမေရိကန်- မြန်မာဆက်ဆံရေး မူဝါဒသစ်

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်အစိုးရ မူဝါဒသစ်မှာ မြန်မာစစ်အစိုးရအပေါ် ပိတ်စို့ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားမှာဖြစ်သလို တဖက်မှာလည်း အဆင့်မြင့်တန်း ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုသွားပါတယ်။

ဒါပေမဲ့ မူဝါဒ အတိအကျကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ အမေရိကန်ရဲ့  ပြောင်းလဲတဲ့ မူဝါဒ ဟာ စစ်အစိုးရအပေါ် ဖိအားပေးနေတဲ့ အနောက်အုပ်စုတခုလုံးရဲ့  သဘောထားတွေပါ ပြောင်းလဲသွားစေမှာလားကို ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့  တာဝန်ခံဝန်ကြီးတဦးဖြစ်သူ ဦးဘိုလှတင့် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပိတ်စို့ ဒဏ်ခတ်ရေးနဲ့ ထိတွေ့ဆက်ဆံမှု နှစ်ခုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အခု မူဝါဒအသစ်အရ ဘယ်လို ချိန်ခွင်လျှာ မျှတအောင်လုပ်ပြီးတော့ မြန်မာ့ဒီမိုကရေစီဘက်ဆီကို တွန်းပို့ပေးနိုင်လိမ့်မယ်လို့ ယူဆသလဲ။

ဦးဘိုလှတင့် ။ ။ ပထမကတော့ အမေရိကန်ပြည်ထောင်စုရဲ့  သဘောထားကတော့ အရင်တုန်းကလို့ ပစ်ပယ်ပိတ်စို့မှု မဟုတ်ဘဲနဲ့ နအဖနဲ့လည်း အဆင့်မြင့်ခေါင်းဆောင် level မှာ ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ်။ သူတို့ အမေရိကန်ပြည်ထောင်စုရဲ့  ပြည်သူလူထု နဲ့ အမေရိကန်ပြည်ထောင်စုက မြင်ချင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေးတွေ ဖွံ့ဖြိုးတိုးတက်လာရေးတို့ ကိစ္စတွေကို ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ၊ ကူညီမှုတွေဆွေးနွေးမယ်။ အဲဒီလိုအခါမှာ နအဖအစိုးရရဲ့  လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေပေါ်မှာ မူတည်ပြီးတော့မှ အရေးယူပိတ်စို့မှုတွေကို အဆင့်လိုက်လျှော့ချသွားမယ်ဆိုတဲ့ သဘောထားဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပိတ်စို့ဟန့်တားမှုတွေကို ဆက်ထားမယ်၊ ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံမှုတွေလုပ်မယ်ဆိုတော့ ပထမအဆင့်အနေနဲ့ မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ထားတာကို လျှော့ချပေးရမဲ့ သဘောဖြစ်နေတာပေါ့။ အဲသလို အကြိုသဘောမျိုးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ကုလသမဂ္ဂလာတတ်တဲ့ ဘောင်ကိုကျော်ပြီးတော့ ဝါရှင်တန်ဒီစီကို လာခွင့်ပြုခဲ့တာ အစပျိုလုပ်ဆောင်မှုလို့ ယူဆသလား။

ဦးဘိုလှတင့် ။ ။ အခု သိရသလောက်တော့ ကန့်သတ်ချက်က နယူးရော့ခ် (New York) ကနေပြီးတော့ ၂၅ မိုင်ထက် နအဖခေါင်းဆောင်တွေအနေနဲ့ ကျော်သွားခွင့်မရှိပါဘူး။ သို့သော်လည်း သံတမန်ဆက်ဆံရေးအရ ရှိနေတယ်။ ကျနော်တို့ သိရသလောက် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း က သူတို့ ဝါရှင်တန် (ဒီစီ) မှာရှိတဲ့ သံရုံးပျက်စီးနေတာကို သွားပြီးတော့ စစ်ဆေးချင်တယ် အခြေခံတောင်းဆိုမှုအပေါ်မှာ ကန့်သတ်ခွင့်ပြုခဲ့တာ သိရပါတယ်။ ဆိုတော့ ဒါတွေကတော့ မူဝါဒတိတိကျကျ မထွက်ခင်မှာတော့ အလားအလာလို့ ပြောလို့ခက်ပါတယ်ခင်များ။

ဦးသန်းလွင်ထွန်း ။ ။ တခြားအနောက်နိုင်ငံတွေကလည်း အမေရိကန်အစိုးရ ဦးဆောင်မှုနောက်ကို လိုက်လာပြီးတော့ ဖိအားပေးရေး နဲ့ ထိတွေ့ဆက်ဆံမှုအပိုင်းကို ချိန်ခွင်လျှာမျှပြီးတော့ ကြိုးစားလုပ်လာလိမ်မယ်လို့ ထင်သလား။

ဦးဘိုလှတင့် ။ ။ တကယ်တမ်းပြောရမယ်ဆိုရင် ဥရောပနိုင်ငံများ သမဂ္ဂအနေနဲ့ အစတည်းက အဲဒီနည်းနာကို ဆက်ပြီးတော့ ကျင့်သုံးနေတယ်လို့ ကျနော်တို့ သုံးသပ်တွေ့ရှိပါတယ်။ ဘာလဲဆိုတော့ ဥရောပနိုင်ငံများသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် (EU Special Envoy for Burma) Piero Fassino ကို ခန့်အပ်ခဲ့တာ အခုဆိုရင် ၂ နှစ် ၃ နှစ်တောင် ရှိလာခဲ့ပါပြီ။ အဲဒီတော့ ဥရောပနိုင်ငံများ သမဂ္ဂကတော့ တဖက်မှာ သူတို့ရဲ့  common position လို့ခေါ်တဲ့ အားလုံးရဲ့  ဘုံသဘောတူညီချက်တွေ သူတို့လိုလားတဲ့ ဒီမိုကရေစီအရေး နဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုက်တွန်းတောင်းဆိုနေသလို၊ တဖတ်က အထူးသံတမန်ခန့်အပ်ပြီးတော့ နအဖ ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတာတွေ ရှိတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့  လူသားချင်းစာနာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတာလည်း ရှိတယ်ဆိုတော့ သူတို့က အမေရိကန်ပြည်ထောင်စု မစတင်တည်းက ဒီကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဥရောပသမဂ္ဂမှာဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မြန်မာစစ်အစိုးရနဲ့ အဆင့်မြင့်တန်း ထိတွေ့ဆက်ဆံမှုနိုင်ဖို့ ကိုယ်စားလှယ်ခန့်အပ်လာမဲ့ သဘောရှိတာပေါ့။

ဦးဘိုလှတင့် ။ ။ အဲသလိုတော့ ကျနော်တို့လည်း အစကတည်းက တိုက်တွန်းပါတယ်။ နိုင်ငံရေးအရ ကျနော်တို့အနေနဲ့ တိုက်တွန်းခဲ့ကြတာကတော့ ဥရောပနိုင်ငံများ သမဂ္ဂ အထူးကိုယ်စားလှယ်တို့၊ ကုလသမဂ္ဂအထူးသံတမန်တို့၊ အမေရိကန်ပြည်ထောင်စု အထူးသံတမန်တို့ နောက်ဆုံး ဒေသအတွင်းမှာရှိတဲ့ အာဆီယံအထူးသံတမန်တို့ ရှိခဲ့မယ်ဆိုရင် တကယ်တမ်း ကုလသမဂ္ဂအထူးသံတမန် တယောက်တည်း လုပ်တာထက်ဆရင် ပိုပြီးတော့ နိုင်ငံတကာရဲ့  ပူးပေါင်းဆောင်ရွက်မှုဟာ မြင်သာထင်သာလည်းရှိမယ်။ ပိုပြီးတော့ ပြည့်စုံလိမ့်မယ်ဆိုတဲ့ တိုက်တွန်းတောင်းဆိုချက်တွေရှိခဲ့တော့ အဲသလိုပေါ်လာမယ်ဆိုရင် ကျနော်တို့ ကြိုဆိုရမှာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်တို့ ပြောနေတာတွေက အမေရိကန်ပြည်ထောင်စုကနေပြီးတော့ အသစ်ဖော်ထုတ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအသစ်အကြောင်းပေါ့။ ဒါပေမဲ့လည်း တဖက်က မြန်မာစစ်အစိုးရအနေနဲ့ ဒီ မူဝါဒအသစ်အပေါ်ကို သူတို့ဖက်က ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အလားအလာတွေ ရှိသလဲဆိုတာကလည်း မေးစရာဖြစ်နေတယ်။ ဥပမာအားဖြင့် ဒီ အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်ကို စပြီးကြေညာခဲ့တဲ့ နယူးရော့ခ် ကုလသမဂ္ဂရဲ့  မြန်မာမိတ်ဆွေများနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဖြစ်တယ်။ အဲဒီအချိန်မှာ နယူးရော့ခ်မှာ ရောက်ရှိနေတဲ့ ဦးဥာဏ်ဝင်းကို တက်ဖို့ဖိတ်ကြားခဲ့တာကို တက်ရောက်ခဲ့ခြင်းမရှိတာကို တွေ့ရတော့ နောက်ပိုင်းမှာ ဒီလို အနောက်အုပ်စု၊ မိတ်ဆွေနိုင်ငံတွေရဲ့  မြန်မာဒီမိုကရေစီရေးကို ဖျောင့်ဖျပြောကြားမှုတွေကို မြန်မာနိုင်ငံက တကယ်တမ်း နားထောင်လိုတဲ့ ဆန္ဒ ရှိပါ့မလား။

ဦးဘိုလှတင့် ။ ။ ဒါကတော့ ကျနော်တို့ အနီးကပ် လေ့လာစောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ နအဖအနေနဲ့ အားလုံးသိကြတဲ့အတိုင်း တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုကနေပြီး စီးပွားရေးအရ ပိတ်စို့အရေးယူထားတာတွေကို လျှော့ချပြီးတော့ ရပ်တန့်ပေးဖို့ အမြဲတမ်းတိုက်တွန်း တောင်းဆိုနေခဲ့တာဖြစ်တယ်။ တကယ်တမ်း အခုလို အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်လည်း လာပြီးတော့ ဆက်သွယ်ဆောင်ရွက်မယ်၊ မြန်မာနိုင်ငံရဲ့  ဖြစ်ပေါ်တိုးတက်မှုတွေ သူတို့အနေနဲ့ တန်းဖိုးထားတဲ့ ဖြစ်စေချင်တဲ့ တိုးတက်မှုတွေ ဖြစ်လာမယ်ဆိုရင် လျှော့သွားမယ်ဆိုလိုရှိရင် ဒါဟာ မြန်မာနိုင်ငံအတွက် နဲ့ နအဖအတွက် အကျိုးရှိတဲ့ကိစ္စတွေလို့ ကျနော်တို့ သုံးသပ်ပါတယ်။ အဲသလို ဖြစ်လာဖို့ဆို တကယ်တမ်း လက်ကမ်းလာတဲ့အခါကြမှ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုရင် သူတို့ လျှော့ချ ရပ်တန့်စေချင်တဲ့ ပိတ်စို့အရေးယူမှုက ဘယ်တော့မှ ပပျောက်သွားမှာ မဟုတ်ပါဘူးခင်များ။

ဦးသန်းလွင်ထွန်း ။ ။ ဒီမူဝါဒအသစ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း စိုးရိမ်မှုတခုကို ဖော်ထုတ်ပြလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီလိုမြန်မာနိုင်ငံအရေးအတွက် ထိတွေ့ဆက်ဆံမှုနေရာမှာ အစိုးရတဖက်တည်းကိုဘဲ ထိတွေ့ဆက်ဆံမှုတွေ လုပ်မနေဘဲနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အတိုက်အခံတွေကိုလည်း အတိုက်အခံတွေရဲ့  သဘောထားတွေကိုလည်း မျှမျှတတ တီးခေါက်နိုင်ဖို့ စကားပြောဖို့ ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ ပြောထားတာကို ကျနော်တို့သိရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အရင်က ဘာတွေဖြစ်ခဲ့ဘူးသလဲ၊ အခုနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲလို့ ယူဆပါသလဲ။

ဦးဘိုလှတင့် ။ ။ အစဉ်တစိုက်အားဖြင့်တော့ အမေရိကန်ပြည်ထောင်စုဘဲဖြစ်ဖြစ်၊ ဥရောပနိုင်ငံများသမဂ္ဂဘဲဖြစ်ဖြစ် ဒီမိုကရေစီလှုပ်ရှားမှု၊ ပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့  အသံတွေကို သူတို့ တတ်နိုင်သမျှ တွေ့ဆုံမေးမြန်းတာ၊ ညှိနှိုင်းတိုင်ပင်တာ လုပ်ခဲ့ကြပါတယ်။ အဆင့်ကတော့ ကွာတာပေါ့။ အခုကြတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံရေးအရ လေးလေးနက်နက် တိုက်တွန်းမှုအပေါ်မှာတော့ ပိုပြီးတော့ စနစ်ကြတဲ့ မျှတပြီးတော့ တွေ့ဆုံမှုတွေရှိဖို့ လိုလည်းလိုအပ်တယ်။ ကျနော်တို့လည်း ဆက်လျှက်တိုက်တွန်းသွားဖို့ ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုရင် အင်အားစုအားပြိုင်မှုနှစ်ခုဖြစ်နေတဲ့ ဒီမိုကရေးစီအင်အားစုတွေ နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့  အသံတွေကိုလည်း နိုင်ငံတကာ အင်အားစု၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လေးလေးနက်နက် နားထောင်ဖို့။ အဲဒီလို နားထောင်တဲ့အခါမှာလည်း တဆင့်စကားနဲ့ နားထောင်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ်တိုင်ကိုယ်ကြ ထိတွေ့ပြီးတော့ ထိတွေ့ဆက်ဆံနိုင်တဲ့ အပြုအမှုမျိုးတွေ ဆက်လျှက်ပြီး ဆောင်ရွက်သွားဖို့က အင်မတန် အရေးကြီးတယ်။ ဒီလိုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည့်အဝ သဘောတူတယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အမေရိကန်မူဝါဒအသစ်နဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံရဲ့  အခန်းကဏ္ဍ - မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီးတော့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေ နဲ့ တွေ့ခွင့်ရခဲ့တဲ့ အထက်လွှတ်တော်အမတ် Jim Webb က အမေရိကန်အထက်လွှတ်တော်မှာ နိုင်ငံခြားရေးမူဝါဒမှာ ထိရောက်တဲ့ သြဇာရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်။ သူရဲ့  အဆိုအရဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ တရုတ်သြဇာလွှမ်းမိုးမှုတွေကို ချိန်ခွင်လျှာညှိနိုင်ဖို့အတွက် ဆက်ဆံရမယ်ဆိုတဲ့သဘောတွေ ပြောထားတယ်ဆိုတော့ အခု အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒအသစ်ကို တရုတ်နိုင်ငံဖက်ကရော သူတို့ကို အားပြိုင်လာတဲ့ တန်ပြန်လာတဲ့ မူဝါဒတခုအနေနဲ့ ရှု့ မြင်လာနိုင်ဖွယ်ရာ ရှိသလား။ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်လာမယ်လို့ ယူဆသလား။

ဦးဘိုလှတင့် ။ ။ တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကြိုတင်ခန့်မှန်းဖို့ ခက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့  လက်တွေ့ကျကျ ပြုမှုဆောင်ရွက်မှု၊ သူတို့ပေါ်လစီကို အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ်မှာ မူတည်မှာဖြစ်ပါတယ်။ သူတို့ကနေ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်နိုင်တဲ့ ဝင်ရောက်စွတ်ဖက်မှုပုံစံမျိုး မဟုတ်ဘဲနဲ့ တကယ့် အဓိကကျတဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အထူးသဖြင့် အာဆီယံနိုင်ငံတို့နဲ့ အရေးကြီးတဲ့ မူဝါဒအပြောင်းအလဲဆိုင်ရာကိစ္စတွေ မြန်မာပြည်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ လုပ်ဖို့လည်း ကျနော်တို့ တိုက်တွန်းပါတယ်။ အဲသလို ဆောင်ရွက်သွားမယ်ဆိုလိုရှိရင် တဦးနဲ့တဦး သက်သက်ဆီလုပ်တာမဟုတ်ဘဲ ကြိုတင်ညှိနှိုင်း လုပ်ဆောင်မှုတွေရှိတဲ့အတွက် ဒီလို စိုးရိမ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ကတော့ မမြင်ပါဘူး။

VOA

ဖတ်ကြည့်ချင်သေးလား....

9.25.2009

နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခြင်းမဟုတ်

စက်တင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့က အကျဉ်းသား ၇၁၁၄ဦးကို မြန်မာစစ်အစိုးရ ပြန်လည်လွှတ်ပေး ခဲ့ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခြင်းမဟုတ် ကြောင်း လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ကိုရန်အောင်ရွှေက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကိုရန်အောင်ရွှေက “နအဖက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ထောင်ထွက်လက်မှတ်ကို ကြည့်လိုက် မယ်ဆိုရင် နောက်တခါ ပြစ်မှုကျူးလွန်လို့ရှိရင် ကျသင့်တဲ့အပြစ်ဒဏ်ကို ခံစားရမယ်လို့ ရေးထားတယ်။ ဒါ သူတို့ပြောနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပါဘူး။ လွတ်ငြိမ်းသက်သာခွင့်ဆိုလို့ရှိရင် တနိုင်ငံလုံးမှာရှိ တဲ့ အကျဉ်းသားအားလုံး တရက်ပဲကျန်ကျန်၊ တနှစ်ပဲကျန်ကျန်၊ ၁၅နှစ်ပဲကျန်ကျန်၊ သေဒဏ်ပဲဖြစ်ဖြစ် အားလုံးခံစားခွင့်ရှိတယ်”ဟု ဆိုသည်။

ယခုလ ၁၈ရက်နေ့တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ကိုရန် အောင်ရွှေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တပ်ရင်း(၉၀၉)မှ တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး ၎င်းအား လ၀ကအမှုဖြင့် ၅နှစ်၊ ပုဒ်မ ၁၇/၁ တရားမ၀င်အ ဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ၃နှစ်၊ ပုဒ်မ ၁၉-က တရားမ၀င်လက်နက်ရောင်းဝယ်ဖောက်ကားမှုဖြင့် ၇နှစ် သာယာဝတီထောင်တွင် စတင်ပို့ဆောင်ခံရကာ ထောင်ဒဏ် (၁၁)နှစ်တိတိ ကျခံခဲ့ရသူဖြစ်သည်။

နအဖ အာဏာပိုင်များသည် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို နောက် ယောင်ခံလိုက်ခြင်း၊ ထောင်ထွက်လက်မှတ်ပြပါက စစ်ဆေးမေးမြန်းမှု ပိုမိုလုပ်ဆောင်လာခြင်း စသည့်အ ခြေအနေများကြောင့် ပြည်တွင်း၌ဆက်နေရန် လုံးဝ မဖြစ်နိုင်တော့သည့်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာရခြင်းဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

၎င်းက “၁၈ရက်နေ့က ကျနော်ထောင်က လွတ်လာတယ်။ ထောင်ကလွတ်ပြီးဆိုရင် ပြည်တွင်းမှာနေဖို့ဆို တာ လုံးဝမဖြစ်နိုင်ဘူး။ မိသားစု အခြေအနေကလည်း အကုန်လုံးယိုင်လဲနေသလို သက်ဆိုင်ရာ ရဲစခန်း တွေကလည်း ကျနော်တို့နောက်ကို တကောက်ကောက်လိုက်တယ်။ ကျနော်တို့ ထောင်ထွက်လက်မှတ် ကို ပြလိုက်တိုင်း အမျိုးမျိုးစစ်ဆေးမေးမြန်းတယ်။ ဒီအတိုင်းဆိုရင် ကျနော်တို့ နေရေးထိုင်ရေး၊ ဘ၀လုံခြုံ ရေးက ရေရှည်မှာ ဖြစ်မှာမဟုတ်တော့ဘူး။ အဲဒါကြောင့် ကျနော် ဒီထိုင်းနယ်စပ်ဘက်ကို ထွက်လာတာ ပါ”ဟု ပြောသည်။

၎င်းအပြင် ထောင်ထဲ၌ရှိစဉ်ကလည်း ကိုယ့်စရိတ်ကိုယ်စားစနစ်ဖြင့် နေထိုင်ရပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါးကုသမှုဘက်မှာလည်း သက်ဆိုင်ရာအာဏာပိုင်များ တစုံတရာမှ ကူညီပေးခြင်းမရှိကြောင်း ၎င်း အပြင် ထောင်အတွင်းတွင် အာဏာပိုင်များ၏ ညှင်းပမ်းနှိပ်စက်မှု မကြာခဏ ကြုံတွေ့ရသော်လည်း ယခု ထက်ထိ အရေးယူဆောင်ရွက်မှုများ တစုံတရာမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြန်လည်လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ပါဝင်သည်ဟု မြန် မာစစ်အစိုးရက ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ နိုင်ငံ(အေအေပီပီ)က ယင်းလွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား (၁၂၇)ဦးသာပါရှိ ကြောင်း စက်တင်ဘာလ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကရင်သတင်းစဉ်

ဖတ်ကြည့်ချင်သေးလား....

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက် (စက်တင်ဘာ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်)


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

ပါတီလူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို

မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ကိုယ်စားလှယ်များက ဗဟို အလုပ်အမှုဆောင် အဖွဲ့အား ယနေ့ တောင်းဆို လိုက်သည်။

ဗဟိုနှင့် ပြည်နယ် အန်အယ်ဒီ လူငယ် အကူအညီပေးရေး အဖွဲ့ ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ဗဟို ဌာနချုပ်ရုံးတွင် ယနေ့ ပြုလုပ်သည့် ပဉ္စမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ ယင်းသို့ ဆုံးဖြတ် တောင်းဆိုခြင်း ဖြစ်သည်။

“ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကတော့ လက်ရှိ အခြေအနေနဲ့ ပတ်သက် ပြီးတော့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်ပါ။ လူငယ်တွေ အခက်အခဲတွေ ကြားကနေ တွေ့ဆုံ ကြတယ်ဆိုတော့ အားရကျေနပ်မှု ရှိပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသူ ပဲခူးတိုင်း လူငယ် အကူအညီပေးရေး တာဝန်ခံ (၁) ကိုအောင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

သို့သော် လူငယ်များ၏ တောင်းဆိုချက်အပေါ် ဗဟို အမှုဆောင် အဖွဲ့အနေဖြင့် စီစဉ်ပေးရန် လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးကြောင်း အန်အယ်ဒီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“လူငယ်တွေ တောင်းဆို သင့်ပါတယ်။ ဗဟို အလုပ်အမှုဆောင်များ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာပို့ထားတာတောင် အခုချိန်ထိ ဘာမှ မတုံ့ပြန် သေးဘူးဆိုတော့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့အနေနဲ့ စီစဉ်ပေးနိုင်မှာ မဟုတ်သေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၁၆ ရက်နေ့က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့်စာတွင် နေအိမ် အကျယ်ချုပ် ကျခံ နေရသည့် အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရန် ရေးသား တောင်းဆိုခဲ့သည်။

အန်အယ်ဒီ လူငယ်များ၏ ယနေ့ အစည်းအဝေးမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့၏ ဦးဆောင်မှုကို ခံယူကာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များ အောင်မြင် သည်အထိ ကျယ်ပြန့် စွာ ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း ဆုံးဖြတ် ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လမှစ၍ အန်အယ်ဒီ လူငယ် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့များအား ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းများရှိ ၆၉ မြို့နယ်၌ ဖွဲ့စည်း နိုင်ခဲ့သည်။

အန်အယ်ဒီ မိတ္ထီလာ မြို့နယ်စည်း အဖွဲ့ဝင်များ၏ ယနေ့ ပြုလုပ်သည့် လပတ် အစည်းအဝေးမှလည်း ပြည်နယ်နှင့် တိုင်း အစည်းအဝေးခေါ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသို့ ထပ်မံ တောင်းဆို လိုက်သည်။

“တိုင်းအဆင့်နဲ့ မြို့နယ် တလတကြိမ် ခေါ်ပေးဖို့။ အခု အချိန်မရှိတော့ဘူး။ ပြည်သူတွေ အားကိုးတဲ့ အဖွဲ့ဖြစ်ဖို့ အန်အယ်ဒီကို တိုက်ပွဲဝင်တဲ့ ပါတီ၊ ဒီမိုကရေစီ အောင်ပွဲ ခံနိုင်အောင်လို့ မူဝါဒ ဖွဲ့ဖို့တွေ၊ ပထမဆုံး တနိုင်ငံလုံး အတိုင်း အတာ အစည်းအဝေး ခေါ်ဖို့ပဲ။ ပါတီဗဟိုက ပြည်သူနဲ့ ကင်းကွာ နေပြီးတော့ ပါတီကြီး အားရှိဖို့တလျှောက်လုံး တောင်းတာ မရခဲ့ဘူး။ ခက်ခဲတယ်ဆိုပြီး မခေါ်ခဲ့ဘူး” ဟု မိတ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ

ဖတ်ကြည့်ချင်သေးလား....

9.20.2009

အတ္တလား၊ ပရဟိတလား (ဆောင်းပါး)

လူထုဦးစိန်ဝင်းရဲ့ ပြည်တွင်း၊ ပြည်ပအန်ဂျီအိုများရဲ့ လုပ်ရပ်များနဲ့ လူထုကို ဘန်းပြ မျောက်ပြဆန်တောင်းဖြစ် အောင်လုပ်စားမှုမျိုးကို လူငယ်တွေအတုမြင်အတတ်သင်ပြီး မပျက်စီးကြစေဖို့ တိုက်တွန်းနှိုးဆော်ချက်ကို ဖတ် မိပါတယ်။ ကိုအောင်သူငြိမ်းရဲ့ ‘လမ်းသစ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တုံ့ပြန်ချေပချက်ကိုလည်း ဖတ်လိုက်မိပါတယ်။ ကိုအောင်သူငြိမ်းရဲ့ မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာ တာပါပဲ ဆိုတဲ့ ချုပ်နှုတ်ပြောဆိုချက်ကိုလည်း စိတ်ထဲမှာ တရားရပြီး သဘောကျမိတယ်။

တခုအံ့သြမိတာက ကိုယ်တိုင်မျောက်ပြဆန်စား လုပ်ခံခဲ့ရတာမျိုး ကြုံခဲ့ရတုန်းက ညည်းညူပြောဆိုခဲ့တဲ့ ကို အောင်သူငြိမ်းတယောက် ကိုယ်ကိုယ်တိုင် အန်ဂျီအိုအသိုင်းအ၀ိုင်းထဲ ရောက်လာတဲ့အခါ အရင်က ကိုယ်ကိုယ် တိုင်မြင်ခဲ့တဲ့ ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ သူ့ဘာသာသူ ကွာခြားသွားခဲ့ပြီလားဆိုတာပါပဲ။ ထိုင်နေတဲ့နေ ရာ မတူတော့၊ ရပ်တည်တဲ့နေရာ မတူတော့တဲ့အခါ ကိုအောင်သူငြိမ်းတယောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ် ပုံတွေ ကွဲပြားခြားနားလာတာလား ဆိုတာကိုတော့ ကိုအောင်သူငြိမ်းကိုယ်တိုင် သေသေချာချာ တွေးတော ကြည့်မှ သိနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။ မျောက်အဖြစ်မှာ ရောက်နေတုန်းကတော့ ကျနော်တို့အမြင်တွေက တမျိုး ဖြစ်နေနိုင်ခဲ့ပြီး အခုကိုယ်က မျောက်ပြတဲ့သူနေရာမျိုးမှာ ရောက်တဲ့အခါမှာလည်း ကျနော်တို့အမြင်က ကျနော် တို့ရပ်တည်နေရာနဲ့ ကျနော်တို့ရဲ့လုပ်ရပ်ကို ကာကွယ်တဲ့အမြင် ရှိလာနိုင်သေးပါလားဆိုတာကို သတိထား ကြည့်ဖို့ သံဝေဂလည်းရစေခဲ့ပါတယ်။

အန်ဂျီအိုဆိုတိုင်း မကောင်းဘူးဆိုတဲ့အမြင်နဲ့ ပြောတာမျိုးကတော့ တရားနည်းလမ်းကျလိမ့်မည်မဟုတ်ပါ။ ဂ လိုဘယ်လိုက်ဇေးရှင်းနဲ့ လူထုအကျိုးပြု လူမှုအဖွဲ့အစည်းတွေ မတူညီကြတာကိုတော့ ကိုအောင်သူငြိမ်း လေ့ လာစေလိုပါတယ်။ လူထုအကျိုးပြု လူမှုအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ အများစုကို ဂလိုဘယ်လိုက်ဇေးရှင်း ဆိုင်ရာ ဆန့်ကျင်ဆန္ဒပြပွဲတွေမှာတွေ့ရတာကိုလည်း မမြင်ချင်ယောင်မဆောင်စေလိုပါ။ အစိုးရလက်ဝေခံ အန် ဂျီအိုအမည်ခံမျိုးတွေကလွဲရင် ရပ်တည်ချက်တခုခုနဲ့ရပ်တည်တဲ့ အန်ဂျီအိုတွေအများစုက ဂလိုဘယ်လိုက်ဇေး ရှင်းဆိုတာကို ကန့်ကွက်နေတာကိုလည်း သတိပြုမိစေလိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာကို ကမ္ဘာကပဲ၊ အန်ဂျီအိုတွေကပဲ သူတို့တတွေပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးမှာလား၊ မြန်မာနိုင်ငံက လူတဦးအတွက် နိုင်ငံခြားအထောက်အကူရရှိမှုဟာ ဆယ်ဂဏန်းတောင်မကျော်ဘူးဆိုတာတွေ အတွက် ကျနော်ဘာမှနားမလည်ပါ။ အမေရိကန်နိုင်ငံသားတယောက်၊ ဗြိတိန်နိုင်ငံသားတယောက်၊ ဥရောပ နိုင်ငံတွေက နိုင်ငံသားတယောက်အနေနဲ့ အပြည်ပြည်ဆိုင်ရာက အကူအညီတွေ ဘယ်လောက်ရတယ်ဆိုတာ ကို ကိုအောင်သူငြိမ်းက ယှဉ်ပြတာကို မတွေ့ရတာတော့ သတိပြုမိပါတယ်။

တချိန်တည်းမှာပဲ ဦးနေ၀င်းလက်ထက် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ကြေညာရတဲ့ သူ့အမြင်ကောင်း ကွက်ကို ပြန်ရှင်းပြတာကိုလည်းပြန်သတိရရင်း ကိုယ့်လူတွေအားလုံး ဒီလမ်းသွားနေကြပြီလားဆိုပြီး မစဉ်းစား တတ်အောင်ဖြစ်လာပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ရတဲ့အတွက် ကမ္ဘာကနေ အကူအညီတွေ အများကြီး ရနိုင်တယ်ဆိုတဲ့ သူတောင်းစားလမ်းစဉ်ကို ချပြရဲခဲ့တဲ့ ဦးနေ၀င်းကို အံ့သြမဆုံးခင်မှာ အခုတခါ အန်ဂျီအိုတွေ များလာလေလေ ကျနော်တို့ မြန်မာနိုင်ငံသားတွေ သူများပေးစာကမ်းစာ ပိုရလာနိုင်လေလေဆိုတဲ့ တွေးခေါ် စဉ်းစားချက်မျိုး တွေ့လာရတာကိုလည်း ချီးကျူးမိပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ အပြည်ပြည်ဆိုင်ရာကို သူတောင်းစားလို မှီခိုနေရမှုက အလွန်ကွာ ဟတယ်ဆိုတာကိုလည်း မေ့ပြီး ကျော်သွားသလားတော့ မသိပါ။ ကမ္ဘာမှာ အတူတကွ နေထိုင်နေကြရလို့ နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာ သေချာပါတယ်။ ဒါပေမယ့် ဒါက နိုင်ငံတကာထဲက မှီခိုပြီး တောင်း စားနေရတာနဲ့ လုံးလုံးကွာခြားပါတယ်။ နိုင်ငံတကာမှာ ကျနော်ကြားဖူးနေတဲ့ self sufficiency and sustain-ability ဖြစ်လာဖို့ ကြိုးစားအားထုတ်နေကြတာ တွေ့ရမှာပါ။ ဒါလုပ်လို့ နိုင်ငံတကာနဲ့ အဆက်ဖြတ်ပြီး သီးသန့် နေတာကို ဆိုလိုတာမဟုတ်ဘဲ အခြားနိုင်ငံတွေအပေါ် မှီခိုနေရတာကို နည်းနိုင်သမျှနည်းအောင် လုပ်တာပါ။

အမေရိကန်နိုင်ငံဆိုလည်း အာရပ်နိုင်ငံတွေအပေါ် လောင်စာဆီ မှီခိုအားထားနေရမှုကို ရပ်တန့်ပြီး ကိုယ့်ဘာ သာ လောင်စာဆီ လုံလောက်နိုင်အောင် နည်းလမ်းရှာဖွေနေကြတာကို တွေ့ရပါလိမ့်မယ်။ ပြောတာတွေလည်း ကြားရပါလိမ့်မယ်။ နောက် အန်ဂျီအိုတွေအများစု ပြောနေချမှတ်နေတဲ့ မူတွေကလည်း လူတွေကို သူများအ ပေါ် မှီခိုအားထားနေရတာတွေကနေပျောက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် အားကိုးရပ်တည်နိုင်တဲ့သူတွေဖြစ် လာအောင် လုပ်ပေးနိုင်ဖို့ဆိုတာပဲဖြစ်ပါတယ်။ သူတောင်းစားစိတ်ဓာတ်သွင်းပေးဖို့မဟုတ်ပါ။

အန်ဂျီအိုတိုင်းကို ခြုံပြီး မကောင်းဘူးပြောလို့ရှိရင် မှားမှာဖြစ်သလို အန်ဂျီအိုတိုင်းက အကောင်းချည်းပဲလုပ်နေ တယ်ဆိုရင်လည်း မှန်မှာမဟုတ်ပါဘူး။ လူထုအတွက်လုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နောက်လူထုအ တွက်ကို မှန်မှန်ကန်ကန်လုပ်မယ်ဆိုတဲ့ အဖွဲ့တွေအနေနဲ့ လုပ်စားတာတွေ၊ အာဏာရှင်စံနစ်ရဲ့ အညစ်ကြေးတ ခုဖြစ်တဲ့ ဖြတ်စားတာတွေကို ကာကွယ်ဖို့ မှန်မှန်ကန်ကန် ရှင်းတမ်းတွေ ထုတ်ပြန်ကြရမှာ ၀န်လေးစရာမရှိပါ ဘူး။ ဘာလုပ်ငန်းတွေ လုပ်နေတယ်၊ ဘယ်နေရာမှာ ဘာလုပ်ငန်းတွေ ဘယ်လိုလုပ်သွားပြီးပြီ၊ ဘယ်လောက် ဘယ်လိုကုန်ကျသွားတယ်ဆိုတာတွေကို လူထုအတွက် တာဝန်ခံလုပ်ပေးမယ်ဆိုတဲ့ အဖွဲ့အစည်းတွေက လူ ထုကို ရှင်းလင်းပြရမှာ ၀န်လေးစရာမလိုကြလောက်ဘူးလို့ထင်ပါတယ်။ ဒီလို လူထုကို ရှင်းလင်းပြမှုမလုပ်ရဲရင် မလုပ်ကြရင် ဒီအဖွဲ့အစည်းတွေအနေနဲ့ လူထုအတွက်က ဘယ်လောက်၊ ကိုယ်ကျိုးအတွက်က ဘယ်လောက် ဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်သလို ဒီလိုလုပ်ငန်းကို တကယ်လူထုအတွက် အကျိုးပြုတဲ့လုပ်ငန်းအဖြစ် လည်း သတ်မှတ်လို့ရမှာမဟုတ်ပါဘူး။

အချို့အပြည်ပြည်ဆိုင်ရာကော၊ ဒေသခံအန်ဂျီအိုတွေကကော လုပ်ရမယ့် လုပ်ငန်းတွေမှာ အသုံးစရိတ်တွေ ကုန်ကျတာများတာထက် အပြည်ပြည်ဆိုင်ရာ ခရီးသွားစရိတ်တွေ၊ အဖွဲ့အစည်းအမည်ကို ကြော်ငြာနေမှုတွေ၊ အဖွဲ့အစည်းရဲ့ အပြင်ပန်း ဟန်ပန်အသွင်အပြင်ကို ခြယ်သနေမှုတွေမှာ အလုံးအရင်းနဲ့ သုံးကြပြီး တကယ့်လုပ် ငန်းမှာ အသုံးပြုငွေကျတော့ ဘာမှမရှိတာမျိုးတွေ လုပ်တဲ့အဖွဲ့တွေလည်း တပြုံကြီးပါပဲ။

ဒီအဖွဲ့အစည်းတွေက လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုအကျိုးပြုမှာလဲ ဆိုတာကိုလည်း စဉ်းစားကြည့်စရာပါ။ လူထုဦးစိန်ဝင်း စိုးရိမ်သလို လူငယ်တွေက ဒါတွေကို အတုမြင်အတတ်သင်လုပ်ကြပြီး အဲ့သလို လိုက်လုပ်စား ကြရင်ဖြင့် မျောက်ပြဆန်တောင်းလုပ်ခံရမယ့် လူထုအတွက်နဲ့ ဖျက်ဆီးခံရမယ့် လူငယ်တွေအတွက် ရင်လေးမိ စရာဖြစ်ရတာကို သဘာဝမကျဘူးလို့ အနက်ပေါက်အောင်ပြောရင်ဖြင့် ကိုယ့်စကား ဘယ်သွားသလဲ စဉ်းစား စရာပါ။ ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်းနဲ့ လူထုကို လုပ်ငန်းကော၊ ကုန်ကျစရိတ်ရော၊ ဘာတွေဘယ်မှာ သုံးနေတယ်ဆိုတာမျိုးတွေကောကို ချပြမှုရှိတဲ့ transparency မရှိတဲ့အဖွဲ့တွေကိုလည်း အန်ဂျီအိုအမည်ခံ၊ လူ မှုအဖွဲ့အစည်းအမည်ခံ လုပ်စားကြတာမျိုးကို မျောက်ပြပြီးဆန်တောင်း လုပ်စားတဲ့အဖွဲ့တွေလို့မပြောရင် ဘယ် လိုများပြောရမလဲဆိုတာကို ကိုအောင်သူငြိမ်းအနေနဲ့ ပညာတတ်ပီပီ စကားလုံးလှလှ ရှာပေးနိုင်ရင်တော့ ကောင်းမှာပါ။

လူထုကို အကျိုးပြုတာမဟုတ်ဘဲ၊ လူထုအတွက် လုပ်သယောင်ယောင် လူထုကိုမျောက်ပြပြီး ဆန်တောင်းလုပ် စားနေကြတာတွေ မရှိပါဘူးလား။ နောက်ပြီး ကိုအောင်သူငြိမ်းတို့အဖွဲ့အပါအ၀င် မြန်မာနိုင်ငံထဲမှာ လုပ်နေတဲ့ အဖွဲ့အများစုက လူထုအတွက် ဘာတွေဘယ်လိုလုပ်ပေးနေတယ်၊ ဘယ်လုပ်ငန်းတွေမှာ ဘယ်လောက်အသုံး ချနေတယ်၊ overhead cost ဆိုတဲ့ အပြင်ပန်းကုန်ကျစရိတ်တွေမှာ ဘယ်လောက်သုံးနေသလဲ ဆိုတာတွေကို လူထုကို ရှင်းလင်းပြတဲ့အဖွဲ့ဘယ်နှစ်ဖွဲ့ရှိပါသလဲ။ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကိုတော့ ဒါတွေမရှင်းပြဘဲ နဲ့ ဘယ်လိုမှ နောက်ထပ်အကူအညီရနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုရှင်းပြသလို လူထုကိုကော ဘာလို့ရှင်းပြရမှာ ကြောက်ကြရတာပါလဲ။ ဒီလိုရှင်းပြမှုတွေ မရှိခဲ့လို့ လူထုဦးစိန်ဝင်းလို စိုးရိမ်မှုတွေဖြစ်တာတွေကကော လူကြီး တွေ အသက်ကြီး အမြင်တုံးကုန်ပြီဆိုရမှာလား ... သိချင်နေတဲ့ မေးခွန်းတွေပါ။

ငြိမ်းချမ်း


ဒေါက်တာလွဏ်းဆွေမှ ကူးယူတင်ပြသည်။

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စစ်ဆေး

နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်လည်ကျခံ ရအပြီး တလကျော် ကြာမြင့်မှ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရပြီး ဆေးစစ်ခံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန် ကျနေတာကို တွေ့ရကြောင်း၊ ပုံမှန် ကျန်းမာရေး ကောင်းကြောင်း ဆရာဝန်ထံမှ ကြားသိရပုံကို ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပြေပါတယ်။


သွေးပေါင်ချိန် ကျရခြင်းအကြောင်းရင်းက အစားအသောက်နဲ့ သက်ဆိုင်ပုံရကြောင်း ဆရာဝန်ထံမှ သိရပါတယ်။ နောက်ပိုင်းမှာလည်း ဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံမှန်ဆေးစစ်ခွင့်ရမယ်လို့ မျှော်လင့်ပုံကို ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ရဲ့ ကျန်းမာရေးကိုလည်း ဒေါက်တာတင်မျိုးဝင်းပင် တာဝန်ယူကြောင်းလည်း သိရပါတယ်။

VOA

ဖတ်ကြည့်ချင်သေးလား....

လွှတ်တဲ့အထဲ စစ်တပ်အရာရှိဟောင်းတွေ ပါဝင်

မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၇၀၀၀ကျော်ထဲမှာ လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင် တယ်လို့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှုးချုပ်က ပြောခဲ့ပေမဲ့ အခုအချိန်အထိတော့ နိုင်ငံရေးအကျဉ်းသား ၁၃၀ လောက် ပဲ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု လွတ်တဲ့အထဲမှာ အရင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အတူ ဖမ်းဆီးထောင်ချခံရသူတွေ အတော်များများ ပါဝင်တယ်လို့လည်း သိရပါတယ်။ အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပါတယ်။

အခု လွတ်တဲ့အထဲမှာ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင်မယ်လို့ အကျဉ်းဦးစီး ညွန်ချုပ်က ပြောခဲ့လို ဟိုလူပါနိုးနိုး ဒီလူ ပါနိုးနိုးနဲ့ သတင်းတွေက အမျိုးမျိုးထွက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး အတည်ပြုရတဲ့အထဲမှာတော့ AAPP နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းအဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၁၅ဦးပဲ ရှိပါသေး တယ်။ အချို့ နယ်ထောင်တွေက လွှတ်ကြတော့ လွတ်တယ်လို့သာ သတင်းကြားတယ်၊ သက်ဆိုင်ရာ မိသားစုအိမ်တွေဆီကို ရောက်မလာကြသေးပါဘူး။ သက်ဆိုင်ရာကလည်း ဒီလူ ဒီလူ လွတ်တယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားတာမျိုး လည်း မရှိပါဘူး။ မိသားစုဝင်တွေကပဲ ထောင်တွေဆီ လှမ်းဆက်သွယ်တာတို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ် သတင်းမေးနေကြပါတယ်။ အခု လွတ်မြောက်လာတဲ့ အရေအတွက်နဲ့ ပတ်သက်လို့တော့ အေအေပီပီ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ကိုတိတ်နိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီနေ့အထိ အတည်ပြုလို့ရတာကတော့ ၁၁၁ ဦးက အတည်ပြုလို့ရတယ်။ အတည်မပြုရသေးတာကတော့ ၂၀ကျော်ကျော် ကျန်ပါသေးတယ်။”

ဘယ်လို အတည်မပြုနိုင်တာလဲခင်ဗျ။

“အဓိက က မုံရွာက ၃ဦး ကျန်တယ်။ နောက်တခါ ရခိုင်ပြည်နယ်ဘက်က ထောင်တွေထဲမှာ ၂၀ လောက်ကျန်ပါတယ်။ အဲဒါတွေက ကျွန်တော်တို့က လွတ်မှန်းတော့ သိတယ်။ သို့ပေမဲ့ ဘယ်သူတွေလဲ ဆိုတာကို အတည်မပြုနိုင်တဲ့ ကိစ္စတွေ ရှိနေလို့ ဒီအတိုင်း ထားထားတာပါ။”

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောသွားတဲ့အထဲမှာ လုံခြုံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ အခု လွှတ်တဲ့ အထဲမှာ ၂၅၀လောက်ပါမယ်လို့ ပြောပါတယ်။ အခုဆိုရင် တ၀က်လောက်ပဲ ဖြစ်နေတော့ ဒါဟာ ဘယ်လို ဖြစ်တာလဲခင်ဗျ။

“ကျွန်တော်တို့ အခု လွတ်လာတဲ့သူတွေကို ပြန်လေ့လာကြည့်တဲ့အခါ ဘိုးတော် သန်းလှအပါအ၀င် ဗိုလ်ချုပ် ခင်ညွှန့်တို့နဲ့ ပတ်သက်ပြီး၊ နောက်ပိုင်း ဖမ်းဆီးထားတဲ့ အကောက်ခွန်ဌာနက လူတွေပါမယ်။ သတင်းတပ်ဖွဲ့က လူတွေပါမယ်။ လ၀က က လူတွေပါမယ်။ အဲဒီလူတွေထဲက ပြန်လွတ်လာတာတွေ ရှိပါတယ်။”

အခုလို လွှတ်လိုက်တဲ့အထဲ တပ်မတော်သားဟောင်းတွေအတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သီးသန့် မှာကြားချက် ပါဝင် တယ်လို့လည်း အခု အသုတ် လွတ်မြောက်တဲ့အထဲပါဝင်တဲ့ ကျောင်းသားသမိုင်းစာအုပ်ပြုစုလို့ နှစ်ရှည် ဖမ်းဆီး ထောင်ချခံ ခဲ့ရတဲ့ ကိုအောင်ထွန်းကလည်း ပြောပါတယ်။


“ပဲခူးထောင် အုပ်စု ညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဖတ်ပြသွားတဲ့အထဲမှာ တပ်မတော်သားတွေ ပါပါတယ်တဲ့။ ပါတယ်ဆိုပြီး ပြောပြီးတော့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှာကြားလိုက်ပါတယ်ဆိုတဲ့ စကား ကို ပြောပါတယ်ခင်ဗျ။ ပြီးတဲ့အခါမှာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ဘာပြောသလဲဆိုတော့ နိုင်ငံတော် က စေတနာ သဘောထားမှန်နဲ့ လွှတ်လိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက်ရော၊ သတင်းစာထဲမှာ ပါတဲ့ မိသားစု အခြေအနေကို ငဲ့ညှာတာ ဘာညာပေါ့၊ အဲဒါတွေ ပါပါတယ်။ ”

တပ်မတော်သား အများစုလို့ ဆိုလိုတာက အခု ကိုအောင်ထွန်းနဲ့အတူ လွတ်တဲ့အချိန်မှာ တပ်မတော်ဘက်က အရာရှိတွေ ပါသလား။

“ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ပတ်သက်တဲ့ အမှုတွဲက တချို့လည်း ပါကောင်းပါမယ်။ လူတွေတော့ မသိဘူး။”

တပ်မတော်သားများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာတယ်ဆိုတာ ဘာကို မှာတာလဲခင်ဗျ။

“တပ်မတော်သားတွေက တပ်မတော်ရဲ့ စည်းကမ်းနဲ့ လိုက်နာပြီး တပ်မတော်ရဲ့ သဘောထား အစစ်အမှန်ကို နားလည်ပြီး တိုင်းပြည်ရဲ့ တတပ်တအား တနေရာရာကနေ ပါဝင်ဆောင်ရွက်ကြဖို့အတွက်ဆိုပြီးတော့ ပြောသွားပါတယ်။”

အခု လွတ်တဲ့အထဲမှာ တရားဝင်နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၃၈ဦး ပါတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာတော့ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်သုံးဦးနဲ့ အချို့ တိုင်းနဲ့မြို့နယ် တာဝန်ရှိသူတွေ လူငယ်ပိုင်းတွေ ပါဝင်တယ်လို့သိရပါတယ်။ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦးအပါအ၀င် ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အစရှိသူတွေကတော့ မလွတ်သေးပါဘူးး။

VOA

ဖတ်ကြည့်ချင်သေးလား....

9.19.2009

သမိုင်းတာဝန် ကျေပွန်ကြစို့....



သံဃာတော်တွေရဲ့ လွတ်လပ်မှုကို ဘယ်သူတွေက တားဆီးနိုင်မှာတဲ့လဲ၊ ပြည်သူတွေရဲ့ လွတ်လပ်မှု ဘယ်သူတွေက ပိတ်ပင်နိုင်မှာလဲ၊ ဒင်းတို့ မှတ်ထားကြပါ ခန္ဓာကိုယ်ကို ချုပ်နှောင်နိုင်ပေမဲ့၊ ရဟန်းရှင်လူ ပြည်သူတို့ရဲ့ လွတ်လပ်မှု တရားမျှတမှုတွေလိုချင်တဲ့ စိတ်ကို မင်းတို့ ချုပ်နှောင်လို့မရပါဘူး၊ ဒီလို တရားမျှတ လွတ်လပ်ခြင်းတွေကို လိုချင်တဲ့ ဆန္ဒရှိသမျှ ငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှုကြီးကတော့ ဆက်လက်ပေါ်ပေါက်နေဦးမှာပဲ၊ ဒီနေ့တားဆီးလို့ရပေမဲ့ နောက်တနေ့မှာ တားဆီးလို့ရမှာမဟုတ်ဘူး၊ ပြည်သူလူထုကို ပန်ကြားအပ်ပါသည်၊ မနက်ဖြန်ဆိုတာရှိနေသရွေ့ မျော်လင့်ချက်ရှိသေးတယ်၊ အားငယ်စရာမလို၊ စိတ်ဓာတ်ကျစရာမလို၊ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့လို့တယ်၊ သာသနာတော်ကြီး ဆက်လက်တည်တံ့အောင်၊ ဒီမိုကရေစီရဲ့ အနှစ်သာရကို စားသုံးနိုင်အောင် ငါတို့မှာ တာဝန်ရှိတယ်၊ တာဝန်ကိုသိတတ်ရမယ်...မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတပုဒ်ကို လက်ဆောင်ပေးပါ့မယ်....။

ကိုယ်တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့
ခုလောက်ကျိုးကုတ်၊ အားမထုပ်ဘူး
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏
ရှေးခါဘိုးဘ၊ လက်ထက်ကပင်
ရသည့်တန်ခိုး၊ ထပ်မညှိုးဖို့
အားကျိုးမာန်တက်၊ ငါဆောင်ရွက်သည်
ဆက်လက်တည့်တံ့ပါစေသောဝ်...။

နောက်တပုဒ် လက်ဆောင်ကား...
ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့လင်္ကာလေးပါ

အများ အကျိုး၊
ရွက်သည်ပိုးက
ခနိုးခနဲ့၊
ဆိုကဲ့ရဲ့လည်း
စိတ်ကောင်းနှင့်ယှဉ်၊ေ
ရှးရှုနှင်လော့...။တဲ့

ခင်ဗျားတို့လည်း ကျင့်နိုင်ကြပါစေ..ကျင့်နိုင်အောင်လည်း ကျိုးစားကြပါခင်ဗျာ..။

ဖတ်ကြည့်ချင်သေးလား....

ဖာပွန်ဒေသ၌ ရက်ပိုင်းအတွင်း လူ ၃၀၀ကျော် ကူးစက်ရောဂါဖြစ်ပွား

စက်တင်ဘာ ၂၀ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကေအဲန်ယူ ထိန်းချုပ်ရာဒေသဖြစ်သည့် ဖာပွန်ခရိုင် လူသောမြို့နယ်တွင် ယခုလ(၁၁)ရက်နေ့မှစ၍ တုပ်ကွေးရောဂါ အမျိုးအစားဟု ထင်မှတ်ရ သည့် ကူးစက်ရောဂါတခုဖြစ်ပွားရာ ဆယ်ရက်အတွင်း ထိုဒေသရှိ ရွာသူရွာသား ၃၀၀ကျော် ကူးစက်ခံရသည်ဟု သိရသည်။


“လွန်ခဲ့တဲ့အပတ်က စဖြစ်တာ ဆယ်ရက်အတွင်းမှာ လူ ၃၀၀ကျော်လောက် ကူးစက်သွားတယ်။ ကူးစက်မှုနှုန်းက အရမ်းမြန်တယ်။ ရောဂါကူး စက်တဲ့ လူနာ ၆၀ကို ကျနော်တို့ သွေးစစ်ကြည့်ပါတယ်။ ငှက်ဖျားရောဂါများလားပေါ့။ ဒါပေမယ့် ငှက်ဖျားရောဂါပိုးတွေ့တာ တယောက်ပဲ။ ကျန်တဲ့ ၅၉ယောက်က ဘာလက္ခဏာမှ မပေါ်ဘူး။ အဲဒါကြောင့် ရာသီတုပ်ကွေး (ဒါမှမဟုတ်) H5N1 လား။ H1N1 လားပေါ့။ လောလောဆယ် တုပ်ကွေး တခုခုဖြစ်နိုင်တယ်လို့ ကျနော်တို့ ယူဆထားတယ်”ဟု ကေအဲန်ယူ ဖာပွန်ခရိုင် ကျန်းမာရေးတာဝန်ခံ ဆရာစောဝင်းကျော်က ကေအိုင်စီကို ပြော သည်။

ရောဂါကူးစက်ခံရသူများမှာ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းအရမ်းဆိုးခြင်း၊ မျက်လုံးနီခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်းနှင့် ခေါင်းအ ရမ်းကိုက်ခြင်း စသည့်လက္ခဏာများကို တွေ့ရှိရပြီး နီးစပ်ရာကို အလျင်အမြန် ကူးစက်မှုကြောင့် တချို့မှာ ရောဂါဖြစ်ပွားမှု ပြင်းထန်သော်လည်း ယခုအချိန်ထိ လူနာသေဆုံးမှု မရှိသေးဟု သိရသည်။

အဆိုပါကူးစက်ရောဂါသည် ဖာပွန်မြို့မြောက်ဘက် မိုင် ၃၀ကျော်ကွာဝေးသည့် လူသောမြို့နယ်၊ သေးမူဒဲကျေးနယ်ရှိ ရွာပေါင်း ၇ရွာတွင် ဖြစ်ပွား နေခြင်းဖြစ်ပြီး ထိုဒေသတွင် ဒေသခံလူထု ၁,၈၀၀ ၀န်းကျင်ရှိရာ အလယ်တန်းကျောင်းတကျောင်းမှ ကျောင်းသူကျောင်းသား (၁၇၃)ဦးအနက် (၆၀)ဦး ရောဂါကူးစက်ခံရသဖြင့် ယခုအချိန်တွင် ကျောင်းကို ယာယီပိတ်ထားလိုက်ရသည်ဟု သိရသည်။

ရောဂါခံစားရသည့် လူနာများကို သေးမူဒဲကျေးနယ်ရှိ တာအို့ဒဲရွာဆေးခန်းမှ ဆေးဝန်ထမ်းများက ရောဂါဖြစ်ပွားသူများ၏ နေအိမ်များ၊ ကျေးရွာ များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကုသပေးလျှက်ရှိသော်လည်း ရုတ်တရက် ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြီး ကူးစက်ဖြစ်ပွားသူ များပြား သည့်အတွက် ဆေးဝါးလုံလောက်မှု မရှိကြောင်း တာအို့ဒဲဆေးခန်းတာဝန်ခံ ဆရာစောညွှန့်ဝင်း၏ ပြောပြချက်အရ သိရသည်။

ယခုကူးစက်သည့် ရောဂါအမျိုးအစား အတိအကျသိရန်အတွက် ဆေးစစ်မှုများကို နယ်စပ်မှတဆင့် ထိုင်းဆေးရုံများသို့ ပို့ဆောင်စစ်ဆေးသွား မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဒေသတွင်း ဆေးဝန်ထမ်းများက ကျေးရွာအတွင်းသို့ ကွင်းဆင်းပြီး ပညာပေးမှုများ၊ ဆွေးနွေးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

ခရိုင်ကျန်းမာရေးတာဝန်ခံက “ဘာရောဂါလဲဆိုတာ ကျနော်တို့ အသေအချာ အဖြေသိရအောင် အဆိုးရွားဆုံး လူနာလေးငါးယောက်ရဲ့ သလိပ် တွေကိုယူပြီး ထိုင်းနိုင်ငံဘက်က ဆေးရုံတွေမှာ သွားရောက်စစ်ဆေးဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ အခု လတ်တလောမှာတော့ ရွာသားတွေကို တရွာကနေ တရွာကို သွားလာခွင့်တားထားပြီး အခြားကျေးနယ်တွေကို ထပ်ကူးစက်မသွားအောင် ကျနော်တို့ ထိန်းထားပါတယ်”ဟု ဆက်လက် ပြောဆိုသွားသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ကျေးနယ် သုံးလေးခုလောက် အလားတူ ကူးစက်ရောဂါ ဖြစ်ပွားခဲ့ဖူးသော်လည်း ယခု ကဲ့သို့ ကူးစက်မှုနှုန်း မမြန်သည့်အပြင် ရောဂါဖြစ်ပွားမှုလည်း ပြင်းထန်မှုမရှိဟု သိရသည်။

ကရင်သတင်းစဉ်

ဖတ်ကြည့်ချင်သေးလား....

လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြီ

မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၁၁၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး မယ်လို့ စစ်အစိုးရက ကြေညာထားတဲ့အတိုင်း မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့

တဖြည်းဖြည်းချင်း ပြန်လွှတ် ပေးနေတာမှာ ဒီနှစ်ရက်အတွင်း ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေး အကျဉ်းသား ၁၀၄ ယောက်ပါတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ စာရင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့လို့၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ မုံရွာအောင်ရှင် တို့လို့၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းတို့လိုအပြင် Eco Vision ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်တို့လို လူတွေလည်း ပါဝင်ကြပါတယ်။ AAPP အဖွဲ့က တော့ အခုစစ်အစိုးရက လွှတ်ပေးမယ့် အကျဉ်းသား ၇,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လောက် ပါဝင် မယ်လို့ မျှော်လင့်ထားကြောင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က အခုလို ပြောခဲ့ပါတယ်။

"ကျနော်တော့ ၂၀၀ ပတ်ဝန်းကျင်လောက် ပါလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အခု ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက ဆိုရင်တော့ ဒီအရေအတွက်က ပိုများတယ်လို့ ပြောလို့ရပါတယ်။"

AAPP အနေနဲ့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ ဒီတခေါက် ပြန်လွှတ်ပေးတာကိုပေါ့လေ။ -

"ဟုတ်ကဲ့။ အခုနေ ပြန်လွှတ်ပေးတယ်ဆိုတာကလည်း တချို့ ၂ နှစ် ကျထားတဲ့သူတွေ၊ ၂ နှစ်ခွဲ ကျထားတဲ့သူတွေပေါ့နော်။ အဲဒီလို လူတွေများတယ်။ နောက်တခုက ၁၉၈၈ ခုနှစ်လောက်ကတည်းက ထောင်ထဲမှာ နှစ် ၂၀၊ ၂၁ နှစ်လောက် နေခဲ့တဲ့ သူတွေလည်း ပါတယ်။ ဆိုတော့ အဲဒီလို လူမျိုးတွေ များတယ်။ နောက်တခုက ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က လူတွေ ကို မတရားသဖြင့် ဖမ်းပြီးတော့ ထောင်ချပစ်တာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီလိုမျိုး မတရားသဖြင့် ဖမ်းထားတာကို က သူတို့ တချိန်ချိန်မှာ လိုအပ်လာလို့ရှိရင် အဲဒီလို အလွှတ်ပြပြီး ပြန်ကစားဖို့အတွက် ဖမ်းထားတာမျိုး ဖြစ်နေတယ်။"

AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ဖြစ်ပါတယ်။ အခုထိ ပြန်လွတ်လာတဲ့အထဲမှာ အများပြည်သူတွေ မျှော်လင့်နေကြ တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွတ် လာတာကိုတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေး အကျဉ်းသား ၂၅၀ လောက် လွတ်လာဖို့ရှိတဲ့ စာရင်းထဲမှာ နောက်ထပ် ပါမလားဆိုပြီး မိသားစုဝင်တွေအပါအ၀င် အများက မျှော်လင့်နေကြပါတယ်။

ဖတ်ကြည့်ချင်သေးလား....

နိုင်ငံရေးအကျဉ်းသားများကို စေတနာအမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဟု အေအေပီပီပြော

စစ်အစိုးရသည် ယမန်နေ့က အကျဉ်းသား ၇၁၁၄ဦးကို ပြန်လွှတ်ပေးလိုက်ရာတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့သော် လည်း ၄င်းမှာ စေတနာအမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေ အေပီပီ)က ထုတ်ဖော်ပြောဆိုလိုက်သည်။

“စစ်အစိုးရ လွှတ်ပေးတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်တယ်လို့ ပြောတယ်။ သေချာစစ်ကြည့် လိုက်တော့ နိုင်ငံရေး အကျဉ်းသား ၇၁ယောက်ပဲ။ အဲဒီထဲမှာ တ၀က်လောက်က လွှတ်ရက်နီးတဲ့သူတွေပါတာကို တွေ့ရတယ်။ နောက် တကယ်အ ရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ၈၈ကျောင်းသားခေါင်းဆောင်လိုလူတွေ မပါဘူး။ ဒီလိုလွှတ်ပေးလိုက်တာဟာ တိုးတက်မှုတခုလို့ ပြောလို့ရပေမယ့် စစ်မှန်တဲ့စေတနာနဲ့ လွှတ်တယ်ဆိုတာတော့ ပြောရခက်ပါတယ်”ဟု အေအေပီပီ အတွင်း ရေးမှူး ကိုတိတ်နိုင်က ကေအိုင်စီကို ပြောသည်။

သူက “နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်အရေးယူမှုတွေ၊ ဖိအားပေးမှုတွေနည်းလာအောင် နအဖက လုပ်နေကျပုံစံအတိုင်း လုပ်လိုက်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်လိုက်တာက ၇၀ကျော်။ ဒီလထဲမှာ ဖမ်းတာကိုက အယောက် ၃၀ကျော် တယ်”ဟု ဆက်ပြောသည်။

ယခုလို အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းသည် နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူများအား လူသားချင်း စာနာထောက် ထားမှု၊ သနားချစ်ခင်မှုတို့ကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွား နိုင်ရန်အတွက်လည်းကောင်း ကျခံရန် ကျန်ရှိနေသေးသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယမန်နေ့ က စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါအကျဉ်းသားများအား လွှတ်ပေးမည်ဟု စစ်အစိုးရ ထုတ်ပြန်ပြီး နောက်တနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ခဲ့သည့်အပေါ် ကြိုဆိုခဲ့သော်လည်း ယခင်တိုက်တွန်းထားသည့်အတိုင်း ယခုနှစ် ဇူလိုင်လ နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် နယူးယော့ခ် ကုလရုံးချုပ်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူက သတိပေးပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ကိုအောင်သူငြိမ်းက နအဖအနေဖြင့် မကြာခင် စတင်တော့မည့် ကုလ သမဂ္ဂ၏ အထွေထွေညီလာခံတွင် မျက်နှာပန်းလှရန်အတွက် ယခုလို အကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသာဖြစ်ကြောင်း ယခုလို ပြောသည်။

သူက “သူတို့(နအဖ)ကတော့ အများအာရုံစူးစိုက်မှုကိုရဖို့ တနည်းနည်းနဲ့ လုပ်ပြမှာပဲ။ ဒါပေမယ့် ဒီအဆင့်နဲ့လောက်တော့ မြန် မာမိသားစုကော၊ နိုင်ငံတကာ မိသားစုပါ အားရကျေနပ်မှုရှိသေးမှာ မဟုတ်ဘူး။ နောက် စစ်အစိုးရအပေါ်မှာလည်း သဘော ထားပြောင်းလဲမှာ မဟုတ်ဘူး။ တကယ်ဖြစ်သင့်တာက နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့လိုတယ်လို့ ကျနော် မြင် ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

ယခုလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ၁၉၈၈ခုနှစ်မှ ပုဒ်မ ၁၇/၁ နှင့် အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ည)၊ ၁၇၊ ၁၃၊ ၂၀ တို့ဖြင့်နှစ် (၂၀)ကျော် အကျဉ်းချခံနေရသည့် လွှတ်ရက်နီးသူများ၊ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အဲန် အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ သင်္ကန်းကျွန်းမြို့နယ် အဲန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ မုံရွာအဲန်အယ်လ်ဒီ မှ ဦးအောင်ရှင်၊ Weekly Eleven အယ်ဒီတာဟောင်း ကိုကျော်ကျော်သန့်၊ အီကိုဗီးရှင်းဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး နှင့် သံဃာတော်တပါးဖြစ်သည့် အရှင်စန္ဒောဘာသတို့ ပါဝင်သည်။

ပြီးခဲ့သည့် ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား တိုက်တွန်းပြောဆိုခဲ့သလို ကုလဆိုင်ရာ မြန်မာသံအမတ် ဦးသန်းဆွေကလည်း အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ထိုလ ဒုတိယပတ်တွင် နယူးယောက်မြို့၌ သံတမန်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းသားဦးရေပေါင်း (၁)သိန်းကျော်ရှိပြီး စစ်အစိုးရက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အနေ ဖြင့် ပြန်လွှတ်ပေးသည်မှာ ၁၀ကြိမ်မြောက်ဖြစ်သည်ဟု ရန်ကုန်တိုင်းအကျဉ်းဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည် တွင်းပြည်ပမီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များထဲတွင် လက်ရှိ နိုင်ငံရေးအ ကျဉ်းသားပေါင်း (၂,၂၀၀)ကျော် ကျန်ရှိသေးကြောင်း အေအေပီပီ၏ စာရင်းအရ သိရသည်။

စစ်အစိုးရသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အကျဉ်းသား ၉၀၀၂ဦး၊ ယခုနှစ် ဖေဖော်ဝါရီလတွင် အကျဉ်းသား ၆၃၁၃ဦး ကို ပြန်လည်လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၃၀၀န်းကျင် ပါဝင်ခဲ့သည်။

ကရင်သတင်းစဉ်

ဖတ်ကြည့်ချင်သေးလား....

အလကားကောင်ရဲ့ ငြိမ်းချမ်းရေး (ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်ခြင်း)

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ နအဖ အခြေခံဥပဒေ အသက်ဝင်လာတဲ့အခါ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ နအဖ စစ်ကောင်စီကို ဖျက်သိမ်းမှာဖြစ်ပါတယ်။ အဲဒီအခါ တနိုင်ငံလုံးကို အကြွင်းမဲ့ချုပ်ကိုင်နေတဲ့ စစ်ကောင်စီနေရာမှာ ရွေးကောက် ပွဲကနေတက်လာမယ့် ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရတို့က တိုင်းပြည်ကို ၇၅ ရာခိုင်နှုန်းဟန်ပြဒီမိုကရေစီနဲ့ တကယ် ပဲ ချုပ်ကိုင်ဦးစီးတော့မှာလား။ လက်တွေ့မှာတော့ နအဖ အခြေခံဥပဒေအရ လွှတ်တော်တွေ၊ အစိုးရတွေအထက်မှာ အာဏာကို အ ကြွင်းမဲ့ချုပ်ကိုင်ထားမှာက “အလကား ကောင်” လို့ခေါ်တဲ့ “အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ” ပဲဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၂ဝ၁ မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီလို့ တရားဝင်နာမည်ပေးထားတဲ့ "အလကား ကောင်" မှာ အဖွဲ့ဝင် ၁၁ ယောက်ပါပြီး အနည်းဆုံး ၆ ယောက် (တပ်ချုပ် ၁၊ ဒုတပ်ချုပ် ၁၊ ဒုသမတ ၁၊ ကာကွယ်ရေးဝန်ကြီး ၁၊ ပြည် ထဲရေးဝန်ကြီး ၁၊ နယ်စပ်ရေးရာဝန်ကြီး ၁) ကို စစ်တပ်က သပိတ်ဝင်အိပ်ဝင် နေရာယူထားမှာဖြစ်ပါတယ်။ အရပ်သား အများ ဆုံး ၅ ယောက် (သမတ ၁၊ ဒုသမတ ၁၊ နိုင်ငံခြားရေးဝန်ကြီး ၁ နဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂) အထိသာပါနိုင်တဲ့ ကောင်စီထဲမှာ “စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်” အရ ရွေးကောက်ခံ မဟုတ်တဲ့အများစုကို နာခံရမှာ ဖြစ်ပါတယ်။ အဲဒီ အများစု ၆ ယောက်ဟာ စစ်ထုံးစံအရ တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတာ ဖြစ် ပါတယ်။ ဒီတော့ အရပ်သားသမတဖြစ်စေ၊ အရပ်သားလွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်စေ၊ ရွေးကောက်ခံရတာဖြစ်စေ အလိုအလျောက် တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ကာ အလကားကောင်ဟာ တိုင်းပြည်မှာဘာလုပ်မှာလဲ၊ ဘယ်လောက်အာဏာရှိမလဲ။ ပုဒ်မ ၂ဝ၁ မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသော်လည်းကောင်း၊ ဥပဒေတရပ်ရပ်အရသော်လည်းကောင်း တာဝန်များထမ်းဆောင်မယ်လို့ ရေးထားပါတယ်။ ၇၅ ရာခိုင် နှုန်းဟန်ပြဒီမိုကရေစီရှိမယ့် လွှတ်တော်ဆိုတာက အလကားကောင်ကို အာဏာပေးမယ့်ဥပဒေ မပြဋ္ဌာန်းရင်လည်း အနိမ့်ဆုံးအနေနဲ့ ၂ဝဝ၈ အခြေခံဥပဒေမှာ ပုဒ်မ ၂ဝ၄ လွတ်ငြိမ်း ချမ်းသာခွင့်၊ ပုဒ်မ ၂ဝ၆ နိုင်ငံခြားရေး၊ ပုဒ်မ ၂၁၃ စစ်ရေး၊ ပုဒ်မ ၃၄ဝ အဓမ္မလုပ်အား ပေးခိုင်းခွင့်၊ ကလေးစစ်သား ကောက်ခွင့်အပါအဝင် လုပ်ချင်ရာလုပ်ခွင့်၊ ပုဒ်မ ၃၄၂ တပ်ချုပ်ခန့်ခွင့် နဲ့ အဓိကအားဖြင့် အခန်း ၁၁ အရ အရေးပေါ် အခြေအနေကြေညာ အာဏာသိမ်းခွင့် အာဏာထိန်းခွင့်တွေကတော့ ရပြီးသားဖြစ်ပါတယ်။

လုံခြုံရေးနဲ့ကာကွယ်ရေး နာမည်ခံထားတဲ့ အလကားကောင် လက်ထက်မှာ လုံခြုံရေးနဲ့ကာကွယ်ရေး မီးသေနိုင်ဖို့ လက်ရှိ ငြိမ်းချမ်း ရေးအဖွဲ့တွေကို မနည်းထိန်းရ ချော့ရ ဖိအားပေးနေရပေမဲ့ ဖင်မနိုင်တဲ့အခြေအနေ ရောက်နေတာ မြင်မကောင်း ရှုမကောင်း တွေ့နေ ရပါတယ်။

အင်အားတောင့်တဲ့ ငြိမ်းအဖွဲ့တွေ၊ မျိုးချစ်စိတ်ထက်သန်တဲ့ ငြိမ်းအဖွဲ့တွေကတော့ ပါတီ၊ တပ်နဲ့ နယ်မြေကို မလိမ့် တပတ်နဲ့ အပိုင်စီး မယ့် နအဖရဲ့ နယ်ခြားစောင့်တပ်အကြံကို ခတ်ရှင်းရှင်းဘဲ ပယ်ချကြတယ်။ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ မြန်မာပြည်အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (ကိုးကန့်)၊ မြန်မာပြည်အမျိုးသားဒီမိုကရေစီ တပ်မတော် (ရှမ်းအရှေ့ အထူး ၄)၊ ရှမ်းပြည်တပ်မ တော်၊ မွန်ပြည်သစ်ပါတီ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ကယန်းပြည်သစ်ပါတီ၊ ကချင်ကာကွယ်ရေးတပ် (မထုနော်အဖွဲ့) တို့ဟာ ငြိမ်း ချမ်းရေးစလုပ်တုံးက သဘောတူထားတဲ့၊ နောင်တချိန်မှာ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးခွင့်ရရေးကို ကိုင်စွဲထားပါတယ်။

နယ်ခြားစောင့်တပ်လုပ်မယ်ပြောတဲ့ ငြိမ်းအဖွဲ့တွေကလည်း တဖက်မှာ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေ ပြန်လုပ် နေပါတယ်။ လွှတ် တော်ထဲ ရွေးကောက်မခံဘဲ အမတ်လုပ်မယ့် စစ်တပ်ခွဲတမ်း ၂၅ ရာခိုင်နှုန်းထဲမှာ ငြိမ်းအဖွဲ့တွေပါခွင့်၊ ပါတီအဖွဲ့အစည်းနဲ့ နယ်မြေ ဖျက် သိမ်းပြီး အသက် ၅ဝ အောက်တပ်ဖွဲ့ဝင်တွေကိုဘဲ နယ်ခြားစောင့်တပ် လုပ်မယ်လို့ နအဖ က ပြောနေတဲ့ကြားက ပြည်နယ်တခုလုံးမှာ ရှိတဲ့ နယ်ခြားဂိတ်တွေအကုန်လုံးကို လုံးဝလက်ဝါးကြီးအုပ် အခွန်ကောက်ခွင့်၊ နယ်ခြားစောင့်တပ်ရင်းအဆင့်တင်မဟုတ်ဘဲ နယ်ခြား စောင့်တပ်မဟာ နယ်ခြားစောင့်တပ်မ နယ်ခြား စောင့်ကွပ်ကဲမှုဌာနချုပ်ဖွဲ့ခွင့်၊ အသက် ၅ဝ ကျော် ငြိမ်းအဖွဲ့ဗဟိုကော်မတီတွေအနေနဲ့ နယ်ခြားစောင့်တပ်မဟာမှူး နယ်ခြားစောင့်တပ်မမှူး နယ်ခြားစောင့်တိုင်းမှူးအဆင့်ရခွင့်တွေ တောင်းနေကြပါတယ်။

တချိန်တုံးကရှိခဲ့တဲ့ ကရင်သေနတ်ကိုင်တပ်ရင်း၊ ကချင်သေနတ်ကိုင်တပ်ရင်း၊ ချင်းသေနတ်ကိုင်တပ်ရင်း စတဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ပေးခဲ့တဲ့ တိုင်းရင်းသားသေနတ်ကိုင်တပ်ရင်းတွေကို နဝတ-နအဖ လက်ထက်မှာ အပြီးအပိုင်ဖျက်သိမ်းခဲ့ပြီးမှ အခုတခါ တိုင်းရင်းသားတပ်မဟာတွေ၊ တိုင်းရင်းသားတပ်မတွေကို ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့က ခွင့်ပြုမယ်လို့ စိတ်ကူးယဉ်နေ ရင် လုံးလုံးမှားပါလိမ့်မယ်။ လူ ၃ဝဝ ကျော်တပ်ရင်းမှာ အရေးကြီးတဲ့နေရာ ၃ဝ လောက်ကို ဗမာစစ်တပ်က ကိုင်ထားနိုင်တဲ့အတွက် နယ်ခြားစောင့်တိုင်းရင်းသား တပ်မဟာ တွေ တပ်မတွေအထိ ဖွဲ့ခွင့်ပေးဖို့ အလကားကောင် တို့က မစဉ်းစားပါဘူး။

ဒီနေရာမှာ အလကားကောင်ရဲ့ အရင်းခံအတွေးအခေါ်ကို ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ အလကားကောင်လို ဖက်ဆစ်တွေရဲ့ အတွေး အခေါ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာရာကို အကြွင်းမဲ့လက်ဝါးကြီးအုပ်ရေး ဖြစ်ပါတယ်။ အပြင်းထန်ဆုံး၊ အစွန်းအရောက်ဆုံး အတ္တ ကိုယ်ကျိုးကြည့်မှုဟာ အလကားကောင်လိုဖက်ဆစ်တွေမှာ ခြေဆုံးခေါင်းဆုံး ပြည့်နှက်နေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အဲဒီ လက်ဝါးကြီးအုပ်အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာအားလုံးကို အပြင်းအထန်မုန်းတီးဆန့်ကျင်ကြပါတယ်။ ဖက်ဆစ်တွေ၊ ကျဉ်း မြောင်းတဲ့အစွန်းရောက်တွေရဲ့ ဒဿနဟာ လောဘကိုအခြေခံတဲ့ အဘိဇ္ဈာဝါဒ၊ မစ္ဆရိယစိတ်ဓာတ် နဲ့ အမုန်းတရားဒဿန Hate ideology or Hate philosophy ဖြစ်ပါတယ်။ မိမိတို့ရဲ့အတ္တ၊ မိမိတို့ရဲ့ကိုယ်ကျိုးကို ထိခိုက်ခြိမ်းခြောက်တာမှန်သမျှကို စိတ္တဇရောဂါ ဖြစ်နေသလိုမျိုး ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ကြမ်းတမ်းလှတဲ့ မုန်းတီးမှုဖြစ်ပါတယ်။

ဒါကြောင့် ဒီအမုန်းတရားအခြေခံအောက်မှာ ကိုယ့်လူမျိုးအချင်းချင်းဖြစ်ပစေ၊ လူမျိုးကွဲဖြစ်ပစေ၊ ကျောင်းသားဖြစ်ပစေ၊ ရွာသားဖြစ် ပစေ၊ ရဟန်းသံဃာဖြစ်ပစေ ရက်ရက်စက်စက်သတ်ဖြတ်ဖို့၊ လက်စတုံးရှင်းပစ်ဖို့ လုံးဝ ဝန်မလေးပါဘူး။ ဂျာမန်ဖက်ဆစ်ခေါင်းဆောင် ဟစ်တလာ က ဂျူးလူမျိုး ၆ သန်းကျော်ကို သွေးအေးအေးသတ်ပစ်ခဲ့တာ လူသိများပါတယ်။ ဒါပေမဲ့ ဟစ်တလာက (ဗမာပြည်က ကြံ့ ဖွတ်-စွမ်းအားရှင်နဲ့ သဏ္ဍာန်တူတဲ့) သူ့နာဇီပါတီဝင် ဂျာမန်လူမျိုး ရှပ်ညိုတပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီပြီးသတ်၊ ထောင်နဲ့ချီပြီး ထောင်ချပစ်ခဲ့ တာက ဖက်ဆစ်တွေရဲ့ လက်ဝါးကြီးအုပ်ဝါဒ အဘိဇ္ဈာဝါဒကို ပိုပြီး ထင်ထင်ရှားရှားပြနေပါတယ်။

ဗမာပြည်မှာကြည့်ရင်လည်း ၈၈ မတိုင်မီမှာ မဆလပါတီဟာ စစ်တပ်ကို ပြိုင်ဖက်ဖြစ်လာ ပုခုံးချင်းယှဉ်လာလို့ ၈၈ အာဏာသိမ်း ပွဲကျ တော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်စောမောင်တို့က မဆလပါတီကို အမှိုက်ပုံးထဲ ထည့်လိုက်တာလည်း အားလုံး အသိပါဘဲ။ ဒီကနေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရှေ့နေလိုက်ထောက်ခံပေးနေတဲ့ တင်မြ၊ ချမ်းအေး အစရှိတဲ့ ကွန်မြူနစ်ပျက်တွေဟာလည်း ၁၉၇၄ ရွေးကောက်ပွဲကို အားတက်သရောထောက်ခံခဲ့ပေမဲ့ ၁၀ နှစ်တောင်မကြာဘဲ နေဝင်းက ပြတ်ပြတ်သားသား ကန်ထုတ်လိုက်တာ ခံခဲ့ရရှာပါတယ်။ သန်းရွှေက နေဝင်းဂိုဏ်းသားတွေကို အပြတ်ရှင်းတာ၊ ခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေကို ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းတာ တွေလည်း အထင်အရှားရှိပါတယ်။ တပ်မဟာ ၇ စစ်ဆင်ရေးမှာ ခေါင်းဆောင်ခဲ့သူ (ကရင်ဂျိမ်းစဘွန်းလို့ မြှောက်စားခံခဲ့ရတဲ့) လက်မ ရွံ့ပါးကွက်သားကို နောက်တန်းအပြန်လမ်းမှာ ရှင်းပစ်လိုက်တာဟာ ဖက်ဆစ်တွေရဲ့ ထူးသော်လည်းမဆန်းလှတဲ့ ထုံးတမ်းစဉ်လာ လုပ်ကွက်တွေ ဖြစ်ပါတယ်။

အရာကိစ္စတိုင်းကို အမုန်းတရားအခြေခံစဉ်းစားတဲ့အတွက် ဖက်ဆစ်တွေရဲ့အဘိဓာန်မှာ အပေးအယူ အလျှော့အတင်းလုပ် စေ့စပ်ဖြေ ရှင်းခြင်း ဆိုတဲ့ဝေါဟာရမရှိပါဘူး။ “နိုင်နေတုံး ရှုံးဖို့မချန်တာ”၊ “သေတာသွားတယ် ချီးပန်းမရပ်တာ” ဟာ ဖက်ဆစ် လက္ခဏာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာပေါ်ခဲ့ဖူးတဲ့ ဖက်ဆစ်အာဏာရှင်မှန်သမျှ စေ့စပ်ဆွေးနွေး နှလုံးရည်တိုက်ပွဲဆင်ခံရလို့ ပလ္လင်ပေါ်က ဆင်းသွား တာ တယောက်မှမရှိခဲ့ပါဘူး။

ဒါပေမဲ့ အလကားကောင်ရဲ့ ဗမာပြည်နဲ့ ဟစ်တလာရဲ့ ဂျာမဏီပြည် မတူတဲ့အချက်တွေ ကြီးကြီးမားမား ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၇ဝ ကျော်က ဟစ်တလာလက်ထက် ဂျာမဏီပြည်မှာ နာရီတိုက်ချင်ရင် ဘူတာရုံမှာ မီးရထားဆိုက်တဲ့အချိန်နဲ့ နာရီတိုက်နိုင် တယ်လို့ နာမည်ကြီးတဲ့အထိ ကမ္ဘာ့ထိပ်တန်းအဆင့် စီမံခန့်ခွဲမှုစွမ်းရည် ရှိခဲ့ပါတယ်။ ၂ဝ၁ဝ အလကားကောင် ဆီမှာတော့ အရပ် ဘက်ဌာနဆိုင်ရာတွေမပြောနဲ့၊ လေတပ် ရေတပ်တွေတောင် လေယာဉ်ဆီထုတ်ရောင်း သင်္ဘောဒီဇယ်ဖောက်ရောင်း ဘဝမျိုးဆိုတော့ နယ်ခြားတပ်စီမံကန်းတင်မက နျူကလီးယား စီမံကိန်း၊ တိုက်ချင်းပစ်ဒုံးပျံစီမံကိန်းတွေ လုပ်ဦးမယ်ဆိုရင် ‘ရှေ့ ၄ နောက် ၆ ငါပါ ၁၁ ယောက်’ ဘဲဖြစ်မှာ အောက်ကြေးကတောင် လာင်းရဲပါရဲ့။


ဂါမဏိ


နေ့သစ်မှ ကူးယူတင်ပြသည်။

ဖတ်ကြည့်ချင်သေးလား....

ပခုက္ကူထောင်၌ အမျိုးသမီးတဦး အစာငတ်ခံဆန္ဒပြ

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးနေချိန်တွင် ပခုက္ကူထောင်၌ ဖမ်းဆီးထိန်းသိမ်း ခြင်းခံထားရသော အမျိုးသမီးငယ်တဦး အစာငတ်ခံဆန္ဒပြနေသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် အပတ်အတွင်းက မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ သွားရောက်ခဲ့သောကြောင့် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မလှလှဝင်းသည် အစာရေစာ စားသောက်ခြင်းမရှိသည့်အတွက် ယခုအခါ ပခုက္ကူထောင်မှ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထောင် အသိုင်းအဝိုင်းက ပြောသည်။

“ရေပဲသောက်တယ်။ မေးရင် ခေါင်းညိတ်တယ်၊ ခေါင်း ခါတယ်။ ထောင်ပိုင်က ဆရာဝန်ခေါ်ပြတယ် ကြား တယ်”ဟု ပခုက္ကူထောင်နှင့်နီးစပ်သူ တဦးက ဧရာဝတီသို့ပြောသည်။

ပခုက္ကူထောင်သို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိ၍ အသေးစိတ်အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပခုက္ကူဒေသခံ တဦးကလည်း“သူက ဘာလိုချင်တယ် ဘာတောင်းတယ်ဆိုတာတော့ ဘာမှမကြားမိဘူး။ အခု ပခုက္ကူဆေးရုံရောက်နေတယ် ဆိုတာပဲ သိရတယ်”ဟု ပြောသည်။

မလှလှဝင်းသည် ရန်ကုန်မြို့ သာကေတမြို့နယ်မှဖြစ်ပြီး ပခုက္ကူမြို့ရှိ အဆိုပါ ကျောင်းတိုက်သို့ သွားရောက် ခဲ့ရာ ကျောင်းတိုက်မှအထွက်တွင် ၎င်းအပါအဝင် လိုက်ပါပို့ဆောင်ပေးသူ ပခုက္ကူမှ ကိုစောလင်းနိုင်နှင့် ကိုမြင့်နိုင်တို့ကိုပါ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို အာဏာပိုင်များက ပခုက္ကူထောင်တွင်း ထိန်းသိမ်းထားကာ ပြည်ပမီဒီယာများနှင့် ဆက်သွယ်သည် ဟု စွဲချက်တင်ထားပြီး ရုံးတင်စစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။

သြဂုတ်လအတွင်းကလည်း ၎င်း သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟု သိရသည်။

အဆိုပါ ပခုက္ကူမြို့၌ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့သည့်၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် သံဃာ ၅၀၀ ကျော် မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါး ကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ ခု စက်တင်ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ဆန္ဒပြကြွချီရာမှ လူထုလှုပ်ရှားမှုအသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင်တို့က စက်တင် ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

သဘာဝရဲ့ အထာ



မီးတဲ့လား--- ဖန်ဆင်းသူအလိုကျ လှမှလှ
ထိလိုက်ရင်တော့ ပူသွားမှာ။
ရေတဲ့လား---
ကန်နဲ့ပဲ တည်တည်
အိုးနဲ့ပဲ ထည့်ထည့်
ဆေးကြောသူသာ စင်ကြယ်မှာ။
ပန်းတဲ့လား---
ဘယ်လိုပဲ ပြုစုပြုစု
ဘယ်လောက်ပဲ ယုယယုယ
ခူးယူသူနောက် ကောက်ကောက်လိုက်ပါ။
လေတဲ့လား----
ရှိမှန်းသိရဲ့ မမြင်နိုင်၊
ထိမှန်းသိလဲ မမြင်နိုင်၊
ဒါပေမယ့်... သူမရှိရင် မဖြစ်ဘူးကွယ် အနေခက်တယ်။
သဘာဝရဲ့ အရသာကို
သံယောဇဉ်ကြိုး တစ်မျိုးတိုးလို့
အချစ်နဲ့သာ နှိုင်းယူမယ်...
ချစ်မိသူတစ်ယောက် သိစေကွယ်......။


ကိုမိုး


Rest of your post

ဖတ်ကြည့်ချင်သေးလား....

နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်



Rest of your post

ဖတ်ကြည့်ချင်သေးလား....

21st anniversary of the military coup in Burma: 18 September

Generations of struggel

Thoughts from an anti-junta activist who marched the streets of Rangoon in 1988.

By Aye Min

Today, 18 September, marks the 21st anniversary of the bloody military coup in Burma. I was a young medical student then, and along with millions of people took the street to fight for freedom and democracy in military-ruled Burma. I vividly remember a scene near the U S embassy in downtown Rangoon on 19 September 1988, one day after the army declared a military coup. There were barbed wires on the street with a sign saying “Will be shot beyond this point”. Thousands of people were on the street chanting slogans. Peacock flags, the symbol of the student movement, were everywhere. We saw soldiers on rooftops with guns ready. We pushed the “will be shot” sign aside and kept on marching. I heard a volley of gunfire when we reached the intersection near the U S embassy. First, I thought the soldiers were just shooting in the air to scare us away. But when people around me started to fall to the ground, I realised they were shooting at us. I ran as fast as I could for a block. When I looked back, there were people lying on the street, a lot of them writhing in pain. Some were not moving at all. Some people in white coats and red-cross arm bands tried to retrieve the injured people. Then there was another volley of fire, some clearly aimed at the rescue personnel. After a while the injured people stopped moving. It is a scene I cannot forget.



I left Rangoon the following day with two friends. After three weeks of walking in the jungle we finally reached the Three Pagoda Pass at Thai-Burma border. There, we formed the All Burma Students Democratic Front, probably the first student army in the world. We did not consider ourselves militants or extremists. We felt it was the last option we had after the month-long peaceful street demonstrations to dislodge the regime, which resulted in approximately 6000 dead or disappeared. I was with ABSDF for three years, during which time I made a lot of new friends and lost some. In my battalion, we lost 21 students. Another 17 were wounded in action. I myself got shot twice. Two small pieces of shrapnel are still inside my body, souvenirs from my days as a freedom fighter. From 1988 to 2008, the ABSDF has mourned over 1000 dead and wounded. I hope history will remember those unsung heroes.

In 1992, I left the ABSDF and moved to Bangkok, where I lived for eight months, sharing a two-room apartment with eight others. I got a job washing cars all night long for USD 4. We were recognised as refugees by the United Nations High Commissioner for Refugees (UNHCR) but occasionally considered illegal immigrants by Thai police. One time, my apartment was raided by the Thai police and all of my friends arrested. I was away grocery shopping. Fortunately, my friends were released with only a warning. The friends I still keep in touch with from those days are like a family to me.

Fast-forward 21 years later, I now practice medicine in a small quiet town in the suburbs of Washington D C. I have a family with three beautiful children. I have a comfortable life but my mind is restless as ever.

Wasted money
In Burma, over two decades later, the same regime is still in power. A few of my friends are still with the ABSDF, some are resettled in the U S and others are scattered around the globe. Our struggle continues in a different form. Now, former student activists from the 8.8.88 movement have advanced degrees in various fields. Many have the financial freedom to help the ongoing movement and are doing so. That support will continue to grow with time. The assistance from individuals has been keeping the movement alive. For this reason, our movement will not go away and will get stronger.

Every year, US governments and NGOs spend millions of dollars on our cause. Most of the assistance goes to a handful of opposition organisations and individuals. As a US taxpayer, it really bothers me to see my tax money wasted, even though I support the US assistance in principle. The money is usually ineffective as all of the grass-root activists I know do not receive any meaningful assistance besides moral support from NGOs or foreign governments. In 8.8.88, we were alone and 21 years later we found ourselves again alone fighting the entrenched regime, which has 400,000 soldiers.

I believe the US western governments, and international donors are gently nudging the opposition to participate in the coming sham 2010 election. This subtle shift in policy may be due to lack of progress despite years of support and spending millions of dollars. It may also be due to their frustration with the lack of strong leadership and a winnable strategy for the movement from leading opposition organisations and figures. In my opinion, this is due to the flawed strategy of investment in a handful of groups and individuals (who haven’t produced any tangible results) rather than nurturing the movement as a whole. If that is truly the reason for the policy shift towards encouraging opposition participation in the 2010 election, it will be a tragic mistake for the U S and international governments. The noise of support for the 2010 elections is coming only from a handful of people who clearly do not represent the majority of Burmese people. Supporting the 2010 election or legitimising the sham election results will be a betrayal of the Burmese people in this struggle.

A group of intellectuals called “Third force” have been lobbying the international community to accept the military sponsored 2010 election which in turn they hope will lead to a slow change toward a free and democratic country. This argument is incredibly naive. To put that idea into practice we would have to put faith in a regime that has held uncontested power for twenty years and driven the country’s living standard and political freedom into the ground. The military regime appears unstoppable: it was unscratched during the 2007 Saffron Revolution, and successfully rigged the referendum for the new constitution. Now the generals are planning to use the 2010 election to cement their hold on power. However, there are several big flaws in their plans. The regime practices neither capitalism nor socialism but nepotism. They are not nationalists but dictators. There is no rule of law, a fundamental requirement for economic prosperity and stability. Basic living standards for average citizens have plunged. There will be another economic crisis and a subsequent uprising, solely due to economic discontent.

Furthermore, the underground network of activists continues to grow despite continued arrests and intimidation. The main opposition party, the National League for Democracy, still enjoys popular support despite harsh crackdown and its leader, Daw Aung San Su Kyi, under detention. Generations of activists – from ‘74, ‘88, ‘96 and now the 2007 – remain more committed than ever to the struggle for freedom. Twenty-one years later, we are more experienced, educated, better financed and most importantly, still enjoy the trust and support of the Burmese people. We toppled three successive governments in 1988 and will do it again. All we need now is the participation of patriotic soldiers or ‘Ramos of Burma' to join this National Liberation Movement. History has shown us that no regime holds on to power forever – the Burmese military regime is no exception.

Aye Min is an 88 generation activist. He is an executive member of Free Burma Federation and also a member of Global Action for Burma. He currently practices medicine in Virginia, U S A.

HIMAL south asian

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးတာ မဖြစ်နိုင်

မြန်မာစစ်အစိုးရ ကြေညာထားတဲ့အတိုင်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားတွေကို မြန်မာစစ်အစိုးရက ဒီကနေ့ စပြီး တချို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ တယ်ဆိုတော့ ဒါကို ကြိုဆိုသင့်ပါသလား။ ဒါဟာ မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့အတွက်ရော အထောက်အကူ ပြုနိုင် ပါသလား။ ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်

ဟုတ်ပါတယ်။ ဒါဟာ သတင်းကောင်းတပုဒ်ဖြစ်ပါတယ်။ အချုပ်အနှောင်ထဲက လွတ်လာတယ်ဆိုတာဟာ ဘယ်သူပဲ လွတ်လာ လွတ်လာ အင်မတန် ကောင်းပါတယ်။ ကြိုဆိုသင့်ပါတယ်။ ကြိုဆိုအပ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အထောက်အကူပြုတဲ့ဖြစ်ရပ်လို့ ယူဆနိုင်သလား ဆိုရင်တော့ မယူဆနိုင်ဘူးလို့ပဲ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်ပေးတဲ့အာဏာပိုင်တွေ ကိုယ်တိုင်က ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ချက်နဲ့ လွှတ်တယ်ဆိုတာကို တခွန်းမှ ပြောမထားပါဘူး။ ဒါ့အပြင် လွှတ်ပေးတဲ့သူတွေကို နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ဘူး။ သူတို့ဟာ လုံခြုံရေး ဥပဒေ ချိုးဖောက်သူတွေလို့သာ ပြောထားတာ တွေ့ရပါတယ်။ လွှတ်ပေးနေတဲ့ တချိန် တည်းမှာလည်း ဖမ်းဆီးမှုတွေလည်း ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ မနေ့ကပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွက် စည်းရုံးရေးဆောင်ရွက်တဲ့သူတွေ၊ သံဃာတော်တွေ နဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေကို ဖမ်းဆီးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ ဖမ်းဆီးမှုတွေက ဆက်လက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။

အခုလွှတ်တဲ့အထဲမှာက တချိန်တုန်းက စစ်ထောက်လှမ်းရေးမှာ ပါဝင်ထမ်းဆောင်ခဲ့တဲ့သူတွေ၊ စစ်ထောက်လှမ်းရေးနဲ့ ပါဝင် ပတ်သက်သူတွေ အများအပြား ပါဝင်တယ်လို့လည်း သတင်းရရှိပါတယ်။ ဆိုတော့ တချို့လူတွေက ဒါကို ကြည့်ပြီး တော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ သူတို့ရဲ့ စစ်သားအချင်းချင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သဘော ပိုဆောင်တယ်လို့ တောင် ပြောနေကြတာ ရှိပါတယ်။

ထူးခြားတာ တခုကတော့ သူတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အထဲမှာ နိုင်ငံသားအကျဉ်းသားများ ကိုဆိုပြီးတော့ သူတို့ ပြောထားတာ တွေ့ရပါတယ်။ နိုင်ငံသားအကျဉ်းသား ဆိုတာ ဘာကိုဆိုလိုသလဲ။ လွတ်ပေးသင့်လျက်သားနဲ့ မလွတ်ပေးနိုင်တဲ့လူတချို့ကို နိုင်ငံသားမဟုတ်လို့ သူတို့ မလွှတ်ပေးနိုင်သလိုလို၊ တည့်တည့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းအမျိုးမျိုးပြပြီး ထိန်းသိမ်းဖမ်းဆီးထားခဲ့တာ ကြာခဲ့ပါပြီ။ အခုဆိုရင် လွှတ်ပေးရမယ့် အချိန် တကယ်ပဲ ရောက်နေပါပြီ။ ဒီအချိန်မှာ သူတို့ မလွှတ်ပေးဘူး။ ဆိုတော့ အခုလွှတ်ပေးတဲ့သူတွေက နိုင်ငံသား အကျဉ်းသားတွေ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသားမဟုတ်လို့များလား၊ အဲဒီလိုမျိုး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတယ်လို့လည်း ယူဆနိုင်ပါတယ်။ အဲဒီလိုသာ မှန်ခဲ့မယ်ဆိုရင်တော့ အခုလုပ်ရပ်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အထောက်အပံ့ မဖြစ်ရုံသာမက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလှမ်းဝေးစေ လိမ့်မယ်လို့တောင် ယူဆနိုင်ပါတယ်။

ဒါဆိုရင် စစ်အစိုးရက ဘာကြောင့်လွှတ်ပေးခဲ့တာပါလဲ။ -

ဘာကြောင့် လွှတ်ပေးသလဲဆိုတာကတော့ ရှင်းနေပါတယ်။ ပထမတချက်ကတော့ ဒီနေ့ဟာ နအဖ၊ န၀တ အစိုးရ အာဏာ သိမ်းပြီးတော့ အာဏာတက်လာတာ (၂၁) နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သူတို့နေ့ကို အထိမ်းအမှတ်ပြုချင်၍လည်းကောင်း လွှတ်ပေးတာ ဖြစ်ပါလိမ့်မယ်။ နောက်တချက်ကလည်း စစ်အစိုးရရဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ မကြာခင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ တကယ်လို့သာ ဗိုလ်ချုပ်ကြီး သိန်းစိန် လာခဲ့ရင် သူဟာ ပြည်ပဖိအားတွေ၊ မေးမြန်းချက်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖိအားတွေ အပြင်းအထန် ပေးခံရဖွယ် ရှိပါတယ်။ ဆိုတော့ အဲဒီခရီးမတိုင်ခင် အခုလို လွှတ်ပြခဲ့တဲ့အတွက် - ကျနော်တို့ဟာ လွှတ်နေဆဲ ဖြစ်ပါတယ်၊ - ဆိုတာမျိုး အကြောင်းပြစရာ ပိုရလာမယ်။ ပြောစရာရအောင် လွှတ်ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် နိုင်ငံရေးအကျဉ်းသား မဟုတ်ဘဲနဲ့ မအိမ့်ခိုင်ဦး တို့လို သတင်းသမားတွေ ပြန်လွတ်လာတဲ့အတွက်ရော သတင်းသမားတွေ အနေနဲ့ ကြိုဆိုသင့်ပါသလား။ -

ဒီလိုလွှတ်ပေးတာ အင်မတန်ကောင်းပါတယ်။ သတင်းသမားတဦးအနေနဲ့ ကြိုဆိုပါတယ်။ မအိမ့်ခိုင်ဦး နဲ့ ကိုကျော်ကျော်သန့် တို့အပြင် တခြားသူတွေကိုလည်း အများကြီး လွှတ်ပေးဖို့လိုအပ်ပါတယ်။ ဒီလူတွေဟာ နိုင်ငံရေး လုပ်ကြ တာလည်း မဟုတ်ပါဘူး။ အဖြစ်မှန်ကို အများပြည်သူသိအောင် သတင်းသမားပီပီ တာဝန် ထမ်းဆောင်ခဲ့သူတွေသာ ဖြစ်ပါ တယ်။ အခု လွှတ်ပေးတာအပြင် တချို့လူတွေ၊ ဥပမာ ကိုအောင်ကျော်ဆန်း ဆိုရင် သူဟာ စာနယ်ဇင်းသမားတဦး လည်း ဖြစ်တယ်၊ ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီခဲ့တယ်။ မသဂြုင်္ိဟ်နိုင်တဲ့ အလောင်းတွေကို ကိုယ်တိုင် ထမ်းပြီးတော့ သဂြုင်္ိဟ်ပေးခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အဲဒီလိုလူတွေ၊ ပြီးတော့ ကိုဇာဂနာတို့လို ထိထိရောက်ရောက် အကူအညီပေးခဲ့တဲ့သူတွေက အခုထိ လွတ်လာတာ မတွေ့ရသေးပါဘူး။ ဆိုတော့ သတင်းသမားတွေ လွတ်တာဟာ ကောင်းပေမဲ့လည်း အခုလို လွှတ်ပေးနေတာဟာ သတင်းလွတ်လပ်ခွင့် အတွက် အထောက်အကူ ပြုနိုင်သော အပြုအမူလို့ ဆိုဖို့ကတော့ အင်မတန် ခက်နေသေးတယ်လို့ ပြောရပါလိမ့်မယ်။

VOA

ဖတ်ကြည့်ချင်သေးလား....

9.18.2009

၂၁နှစ်မြောက် စစ်အာဏာသိမ်းနေ့ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာရှိတဲ့ ဒီမိုကရေစီအင်အားစုများဟာ ဒီကနေ့မှာ စစ်အာဏာသိမ်း ၂၁ နှစ်ပြည့်နေ့ အခမ်းအနားကို ဂျန်တရားမန်တရား ပန်းခြံအနီးမှာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြပါတယ်၊

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အလေးပြုပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်၊ ဆန္ဒပြပွဲဓာတ်ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ်..



မောင်ထားဝယ်

ဖတ်ကြည့်ချင်သေးလား....

၂ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ နှစ်ဆ ပိုများလာ



Rest of your post

ဖတ်ကြည့်ချင်သေးလား....

ပြန်လည်လွတ်မြောက်လာသော NLD အဖွဲ့ဝင်များ စာရင်း



18 . 9 . 2009 ရက်နေ့  တွင် ပြန်လည်လွတ်မြောက်လာကြသော NLD အဖွဲ့ ဝင်များစာရင်း



၁ ။ ကိုညီညီမင်း ( တောင်ဒဂုံ ) ဘူးသီးတောင်အကျဉ်းထောင်

၂ ။ ကိုကြည်လင်း ( တောင်ဒဂုံ )

၃ ။ မအိမ့် ခိုင်ဦး ( ဂျာနယ်လစ် )

၎ ။ မသန်းသန်းဌေး ( မဌေး ) ကံမ အင်းစိန်

၅ ။ ဦးစောနိုင်းနိုင်း ( ပုဇွန်တောင် )



၆ ။ ဦးအောင်ရှင် ( မုံရွာ )

ရ ။ ဒေါ်ခင်ခင်လေး (ဘိုကလေး ) သာယာဝတီ

၈ ။ မတင်တင်မြင့် ( ကြည့်မြင်တိုင် )

၉ ။ ဦးတင်မြ (သင်္ကန်ကျွန်း ) အင်းစိန်

၁၀ ။ ကိုကျော်ကျော်သက် မြစ်ကြီးနားထောင်

၁၂ ။ သန်းဇော် ( ခ) ဖြိုးဝေ မြစ်ကြီးနားထောင်

၁၃ ။ ဦးနေ၀င်း ။

၁၄ ။ ဦးကျော်မောင် ။

၁၅ ။ မကြည်ကြည်မင်း

၁၆ ။ မသန်းသန်ဆင့်

၁၇ ။ မမိမိစိန်

၁၈ ။ ဦးတင်မြင့်

၁၉ ။ မသင်းမင်းစိုး

၂၀ ။ ဦးစိုးဟန်

၂၁ ။ ဗိုလ်ကြီးဝင်းထိန်



ထပ်မံရရှိသည့်လွတ်မြောက်သူများစာရင်း

၂၂ ။ ကိုဝဏ္ဏစိုး ( ဘားအံထောင် )

၂၃ ။ ကိုပြည့်ဖြိုးအောင် ။

ခွပ်ဒေါင်းသွေးမှ ကူးယူဖော်ပြသည်

ဖတ်ကြည့်ချင်သေးလား....

နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် မြန်မာအလုပ်သမားအခက်အခဲ ယူအဲန်သို့ တင်ပြ

ဇော်ကြီး။
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်သည့် အစီရင်ခံစာတစောင်အား ထိုင်းအလုပ်သမားသမဂ္ဂနှင့် NGO's အဖွဲ့များ ပူးပေါင်း၍ ကုလသမဂ္ဂရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးပို့ခဲ့သည်။

ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနမှ လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းကစတင်၍ တရားဝင်အလုပ်သမားမှတ်ပုံတင် ပြု လုပ်ပေးခဲ့ရာ မြန်မာအလုပ်သမားများတွေ့ကြုံရသည့် အခက်အခဲများကို ထိုအစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထား သည်။

ထို့အပြင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံသဘောတူညီချက်အရ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မြန်မာနိုင်ငံသား စစ်မှန် ကြောင်း ထောက်ခံချက်ယူရာ၌ အလုပ်သမားများတွေ့ကြုံရသည့် အခက်အခဲများကိုလည်း တင်ပြခဲ့သည်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုတင်ထွန်း အောင် က ယခုလို ပြောသည်။

“နိုင်ငံသားဖြစ်ကြောင်းပုံစံဖြည့်တဲ့အခါ သူတို့က အားလုံးဖြည့်ရတယ်မို့လား။ မိသားစုဝင်တွေ ရဲ့ နာ မည်တွေ၊ လိပ်စာတွေ အားလုံးဖြည့်ရတဲ့အခါကျတော့ အလုပ်သမားတွေရဲ့ Information ကို အာဏာ ပိုင်တွေရသွားတဲ့အခါမှာ သက်ဆိုင်တဲ့နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေကနေ မိသားစု ၀င်တွေဆီကို သွားပြီးတော့ အခွန်တောင်းတာတွေ၊ ပိုက်ဆံတောင်း တာတွေကိုလည်း တင်ပြထားတာပေါ့နော်။”

ထိုအစီရင်ခံစာအား ကုလသမဂ္ဂ ရွှေ့ပြောင်းအလုပ်သမား အထူးကိုယ်စားလှယ်ထံမှတဆင့် ထိုင်းအစိုးရ တာဝန် ရှိသူများနှင့် UNမှ တာဝန်ရှိသူများထံ တင်ပြသွားမည်ဟု ၎င်းကယခုလို ဆက်ပြောသည်။

“ထိုင်းအစိုးရ အထက်ပိုင်းက အာဏာရှိတဲ့သူတွေကို နိုင်ငံသားဖြစ်ကြောင်းလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ အလုပ်သမားတွေမှာ သိပ်ပြီးအခက်အခဲဖြစ်နေတဲ့ အခြေအနေတွေကို အဲဒီမှာ တင်ပြပြီးတော့ အဲတာကို သက်ဆိုင်တဲ့ အစိုးရအနေနဲ့ကော၊ UN မှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက် ပြီးတော့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကိုယ်စားလှယ်ကိုပါ ဒီ ကိစ္စကိုအလေးအနက်ထား ပြီးတော့ ဆောင်ရွက်ပေးဖို့ တင်ပြတာပါ။”

ထိုအစီရင်ခံစာအားThe State Enterprise Workers Relations Confederation (SERC)၊ International Trade Union Confederation (ITUC)၊ The Human Rights and Development Foundation (HRDP) အဖွဲ့သုံးဖွဲ့ပူးပေါင်း၍ UN ကိုယ်စားလှယ်ထံ ယမန်နေ့က ပေးပို့ခဲ့ ခြင်းဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လက ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လ၀က ၀န်ထမ်းများက ကျေးရွာများရှိ အလုပ်သ မားများ၏ မိဘများကို ဆင့်ခေါ်ကာ ၎င်းတို့၏သားသမီးများ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ် ကိုင်သည်မှာ မှန်၊ မမှန်မေးမြန်းပြီး ငွေကောက်ခံမှုများ ရှိသည်ဟု ဘန်ကောက်ရောက် အလုပ်သမား မောင်ခမ်း က ပြောသည်။

ထိုင်းမြန်မာနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း မြို့များတွင် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်၍ ယာယီနိုင်ငံကူးလက်မှတ်များကို စတင်ပြုလုပ်ပေးလျှက် ရှိပြီး ယနေ့ချိန်ထိ ပြုလုပ်ပြီးသူပေါင်း ၅၃၅ ယောက်ရှိပြီဟု မြန်မာအစိုးရ၏ တရားဝင်စာရင်း များကဆိုသည်။

သတင်းနှင့် မီဒီယာ ကွန်ယက်

ဖတ်ကြည့်ချင်သေးလား....

ညောင်ဦးမြို့ပေါ်တွင် လူ၁၂၀ ကို စစ်သင်တန်းပို့ချနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက် ၆ ရပ်ကွက်မှ သင်တန်းသား ၁၂၀ ကို စစ်သား ၄ ဦးနှင့် ရဲသား ၄ ဦးက ယခုလ (၁၄) ရက်နေ့မှ စတင်ကာ စစ်သင်တန်း ပို့ချပေးနေလျက်ရှိသည်။

"သင်တန်းဖွင့်ပွဲကို (၁၄) ရက်နေ့က ညောင်ဦးမြို့ အထက ကျောင်းဝင်းထဲမှာ လုပ်တယ်။ မယကဥက္ကဌရယ်၊ ခယကဥက္ကဌရယ်၊ တပ်ရင်းမှူးတွေရယ် ဖွင့်ပွဲ လာတက်တာတွေ့တယ်။ ပြည်သူ့စစ်သင်တန်းလို့ ပြောတယ်။ သင်တန်းသားတွေကတော့ မြို့ပေါ်ကချည်းပါပဲ" ဟု ညောင်ဦးမြို့ခံတဦးက ပြောသည်။

အဆိုပါသင်တန်းကို ပို့ချနေသူများမှ နယ်မြေခံတပ်ရင်း (၄၁၅) မှ စစ်သား ၄ ဦးနှင့် မြို့ပေါ်ရဲစခန်းမှ ရဲသား ၄ ဦးဖြစ်ပြီး သင်တန်းကာလမှာ တလကြာမည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

သင်တန်းသားအများစုမှာ ရပ်ကွက် ၆ ရပ်ကွက်ထဲမှ အလုပ်အကိုင်မရှိသူများဖြစ်ကာ သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး သင်တန်းတက်ခြင်းအားဖြင့် တဦးကို ၅၀၀ ကျပ်နှုန်း ရရှိကြမည်ဖြစ်သည်။

"သင်တန်းတက်တဲ့အထဲမှာ အသက်ကြီးရွယ်အိုတွေလည်း ပါတယ်။ စစ်သားတွေက အရမ်းမောင်းတော့ နောက်နေ့ မသွားတော့ဘူးလို့လည်း ပြောသံကြားနေရယ်။ တချို့လူတွေကတော့ ဒီပြည်သူ့စစ်သင်တန်းဆိုတာ ၂၀၁၀ ရွေးကောက်ပွဲကို ကာကွယ်ဖို့အတွက် ပြည်သူအချင်းချင်း ပြန်လုပ်ကြံခိုင်းဖို့ လုပ်နေတာပဲလို့ ပြောနေကြတယ်" ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များသည် ယခုနှစ်အတွင်း အဆိုပါကဲ့သို့သော ပြည်သူ့စစ်သင်တန်းများကို မြန်မာနိုင်ငံ နေရာအတော်များများတွင် ပြုလုပ်ခဲ့ပြီး မကြာသေးမီကာလကပင် မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြုလုပ်ခဲ့သေးသည်။

ရိုးမ ၃

ဖတ်ကြည့်ချင်သေးလား....

ကြယ်ကြွေနေတဲ့ တိုင်းပြည် (ဆောင်းပါး)

ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။

ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။


အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။

ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။

ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။

ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခ