7.31.2009

ဒေါ်အောင်ဆန်းစုကြည် အမှု ထပ်မံရွှေ့ဆိုင်း


ဒေါ်အောင်ဆန်းစုကြည်အမှုကို သြဂုတ်လ (၁၁) နေ့သို့ ထပ်မံ ချိန်းဆို လိုက်ပါတယ်၊ NLD အဖွဲ့ဝင်ကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ကြား သိရပါတယ်၊ ဒီကနေ့မှာပဲ (၁၄) ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ကြားသိရတယ်၊ နယ်တွေမှာလည်း ဒရစပ် ဖမ်းဆီးနေတယ်လို့သိရပါ တယ်။ နအဖ ရဲ့ မတရားမှုကြီးဟာ တိမ်စင်လပမာ ထင်ရှားနေတာ ကြောင့် ပြည်သူလူထုအားလုံး ပူပေါင်းပါဝင် ကန့်ကွက်ကြဖို့ တိုက်တွန်း နှိုးဆော်အပ်တယ်၊ မစ္စာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်စုကြည်ရဲ့ အမှုကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ သံဃာ့တပ်ပေါင်းစု အဖွဲ့ကလည်း ပြည်သူလူထုအားလုံးကို တိုက်ပွဲဆင် နွဲရန် တန့်လှန့်လိုက်ပါပြီ။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊