8.22.2009

ငယ်ကျွမ်းသို့ အလွမ်း

ငယ်ကျွမ်းဆွေ ဆွေငယ်ကျွမ်းကိုတော့
လွမ်းမပြေ မပြေလွမ်းပြန်တော့
တခြားမြေ တမြေခြားဆီက
တတမ်း တတရယ်နှင့် တ တတတမ်း ပါလို့
တဆဆ မှန်းကာပ မှန်းတဆဆ စိတ်မှာမျှော်......။


ခနဲ့အမျိုးစုံနဲ့ အမျိုးစုံ ခနဲ့တတ်သူက
ကျမျက်ရည် မျက်ရည် ကျသလိုနဲ့
နွဲ့ မျိုးစုံ မျိုးစုံ နွဲ့လေတော့
ချော့လျှင်ဆိုး ဆိုးလျှင် ချော့ရပြန်ပေါ့
ပျော့ဘူးခင် ခင်ပျော့ဘူးရယ်နဲ့
ချစ်ဖူးခဲ့ ချစ်ခဲ့ဖူးလေသမျှ
လွမ်းတသသ ပါဗျ တသသ လွမ်းနေမယ်......နော့်.....။

သန်းစိန်

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊