လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို တိတ်တဆိတ် ရေးကူးပြီး ခိုးဝင်ခဲ့တဲ့ ဒီမိုကရေစီအရေး နှောင့်ယှက်သူ ဂြိုလ်ကောင်ကြီး ယက်ထောဆို ငတက်ပြားကြီးကို စစ်အာဏာရှင်များက ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါသည်၊

ယက်ထော ပြန်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံ ဘယ်လူကမှ အကောင်းမမြင်ကြပါ၊ ဂျင်ဝက်ဆိုသူ ကိုယ်ကျိုးသမားကလည်း မြန်မာနိုင်ငံသားများကို စော်ကားသွားသည်ဟု ယူဆပါသည်၊ မြန်မာ့နိုင်ငံအရေးကို မျက်ကွယ်ပြုသွားခြင်းသာဖြစ်သည်၊ တရားခံကိုပြန်လွှတ်ပြီး အပြစ်မရှိသူကို ထောင်ချသည်မှာ ဘန်ကီမွန်း၏ အကြံအညဏ်များလားမပြောတတ်၊ မြန်မာနိုင်ငံသားများအား တောင်းဆိုပါသည်၊ မိမိ၏နိုင်ငံရေးကို မိမိတို့ကသာ လုပ်ဆောင်ရမည်ဖြစ်သည်၊ အမေရိကန်ကိုလည်း အားကိုစရာမလို၊ အင်ဂျီအိုကိုလည်း ဖားပြနေစရာပါ၊ အမှန်တကယ် နိုင်ငံရေးကို စိတ်ပါဝင်စားပြီးလုပ်နေတဲ့ အင်အားစုတွေဟာ န အ ဖရဲ့ နှိပ်ကွပ်မှုကိုလည်းခံ ပြည်ပနိုင်ငံဖြစ်တဲ့ ဒီမိုကရေစီထွန်းကားဆုံးနိုင်ငံလို့ပြောနေကြတဲ့ အမေရိကန်လိုနိုင်ငံတွေကတောင် စောကားတာကို ခံနေရပြီ၊ သန်းခေါင်ထက်တော့ညဥ့်မနက်တော့ပါဘူး၊ ဒီအကြားထဲ လူပျော့လူညံ့တွေက အင်ဒိုနီးရှား စည်းဝေးသွားလုပ်နေသေး၊ အဲဒါကို လုံးဝကန့်ကွက်ပါတယ်၊ မြန်မာ့ဒီမိုကရေစီအင်အားစုများခင်ဗျာ၊ အားကိုယ်သာ ကိုယ်အားကိုးပြီး ဆုံးသတ်တိုက်ပွဲ အမြန်ဆုံးအကောင်ထည်ဖော်ဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်၊ အမြန်ဆုံးကောင်ထည်ဖော်နိုင်လိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်.......။
မောင်ထားဝယ်