ယနေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဒီမိုကရေစီ လိုလား တက်ကြွသူ လူငယ်တစုဟာ တားမြစ်နယ်မြေဖြစ်တဲ့ မြန်မာ သံရုံးအရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်၊ နံရံတွေမှာ ဆေးမှုတ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကပ်တယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုးကြွေးကြော်ခဲ့ပါတယ်၊ ၎င်းဆန္ဒပြရာတွင် ပါဝင်သူ ကိုအေးမင်းက အခုလိုပြောဆိုပါတယ်၊ နာရီဝက်လောက် ဆန္ဒပြခွင့်ရခဲ့ပြီး လုံခြုံရေးတွေ ၀ိုင်းလးလို့ လူစုခွဲပြီး လှည့်ပြန်ခဲ့ရတယ်လို့ပြောပါတယ်၊ အိန္ဒိယနိုင်ငံမှာဆန္ဒပြခွင့်ရထားတဲ့ နေရာတွေရှိပါတယ်၊ ဒါပေးမဲ့ ခွင့်ပြုထားတဲ့နေရာတွေမှာ သွားပြလည်း ဘာမှမထူး အလာကား အချည်းအနှီးပါပဲ၊ အဲဒါကြောင့် မြန်မာသံရုံးအရှေ့မှာ ခိုးကြောင်ခိုးဝှက်လာပြီး ဆန္ဒခြင်းဖြစ်တယ် လို့သိရပါတယ်။
မောင်ထားဝယ်။