လူထုလှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ချက်ရေး အင်အားစု (လဖစတ)ဟာ ဒီမနက်မှာ ပိုစတာတွေ မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို လိုက်ကပ်တဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်၊ ဒွေအောင်ဆန်းစုကြည်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဆိုတဲ့စာတွေ စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမယ်ဆိုတဲ့စာတွေကို လူစည်ကားရာ နေရာတွေမှာ ပိုစတာတွေကို ကပ်ကြတာဖြစ်ပါတယ်၊ မန္တလေးမြို့ပေါ် ပညာရေးကောလိပ်တ၀ိုက်၊ အောင်တော်မှုဘုရား ၀န်းကျင် မြို့တော်ဝန်အိမ်နား၊ တရားရုံးချုပ်တ၀ိုက်နဲ့ မန္တလေးဆေးရုံကြီး ပတ်ဝန်းကျင် ခဲယမ်းမီးကျောက်စစ်တပ်နားတ၀ိုက် ၈၂/၈၃လမ်း၊ ကျွဲဆည်ကန်ကားကြီးဝင်း၊ ရတနာပုံတက္ကသိုလ် သွားလာရာလမ်းပေါ်တွေက အချို့နေရာတွေမှာ ကပ်ခဲ့ကြတာဖြစ်ပါတယ်၊ လုံခြုံရေးတွေရှိပေမဲ့ အရေးတယူ စစ်ဆေးခြင်း တစုံတရာမလုပ်ဘူးလို့ သိရပါတယ်၊ ပိုစတာတွေဟာ လမ်းပေါ်မှာ ပြန့်ကြဲနေတယ်လို့ ဆိုပါတယ်၊ ၅၀တန် ၁၀၀တန် ပိုက်ဆံတွေအပေါ်မှာလည်း သံဃာသတ် စစ်အစိုးရ လိုမရှိ၊ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေလို့ စာရိုက်နှိပ်ပြီး မန္တလေးမြို့ထဲမှာ ဖြန့်ကြဲသွားတယ်လို့ မျက်မြင်တဦးက ဆိုပါတယ်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 week ago