ဒီနေ့ ညနေ ၅ နာရီခွဲခန့် က ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့် အဖွဲ့ နဲ့ နအဖ စတင်တိုက်ပွဲဖြစ်ပွားနေပြီလို့ သိရတယ်။ ဖြစ်ပွားတဲ့ နေရာက ချင်ရွေဟော နယ်မြေအတွင်းဖြစ်ပါတယ်။ နှစ်ဖက်အသေပျောက်အထိခိုက်မသိရသေးပါ။ ပြသာနာ - နအဖ က ကိုးကန့် အဖွဲ့ ခေါင်းဆောင်ဖုန်ကြားရှင်က လက်နက်ထုတ်လုပ်နေတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်နေတယ် လို့  စွပ်စွဲထားတယ်။ ၀င်ရောက်ရှာဖွေ ဖို့ တောင်းဆိုတယ်။ ၅ ဖွဲ့  - ကေအိုင်အို၊ အက်စ်အက်စ်အေ- မြောက်ပိုင်း အဖွဲ့ ၊ ကိုးကန့် အဖွဲ့ ၊ ၀ အဖွဲ့ နဲ့ မိုင်းလား အဖွဲ့  တွေဟာ စစ်ရေးမဟာမိတ် ဖွဲ့ ထားသူတွေဖြစ်တယ်။ သူတို့ ဟာ တဖွဲ့ ကိုထိရင် တဖွဲ့ မခံ ပဲ ၀င်တိုက်ပေးမယ်လို့ ကတိပြုထားကြသူတွေဖြစ်တယ်။ ဒီနေ့ ကိုးကန့် ကို နအဖ တပ်တွေဝင်ရောက်တိုက်ခိုက်မှု မှာတော့ ဒီအဖွဲ့ တွေရဲ့ တုန့် ပြန် မှု ကို မတွေ့ ရသေးဘူးဖြစ်တယ်။ ဒီ၅ ဖွဲ့  က လျို့ ဝှက် နားလည်မှု ယူထား ခြင်းဖြ စ်ပါတယ်။ ဖုန်ကြှးရှင်- ယခင်က ဗကပ အဖွဲ့  ၀င်တဦးဖြစ်တယ်။ တပ်မှုးဟောင်းတဦးဖြစ်တယ်။ ဗကပ ကနေ အရင်ဆုံးခွဲ ထွက်ခဲ့စဉ်က ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဖုန်းကြားရှင် ဟာ မိုင်းလားအဖွဲ့ နဲ့ ဆွေးမျိုးအရ ဆက်စပ်နေသူတွေဖြစ်ပါတယ်။ မိုင်းလာခေါင်းဆောင် ဦးစိုင်းလင်း ရဲ့ ယောက်က္ခမ တော်စပ်သူလည်းဖြစ်ပါတယ်။ တရုပ်- ဒီအဖွဲ့ တွေကို တရုပ်အစိုးရရဲ့ သြဇာလွမ်းမိုးမှုကလည်းရှိနေတယ်။ မြန်မာဖက်က ကုန်ကြမ်းဈေးချိုချို နဲ့ ရနေနိင်ဖို့ အတွက် တရုပ်က ဒီအဖွဲ့  ၅ ဖွဲ့ ကို ကြားခံ မိုးသီးဇွန်မှ ကူးယူဖော်ပြသည်။
ရောင်နီတွေနဲ့ ဒို့အတူ
4 months ago