8.14.2009

သတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ တညီတညွတ်တည်း ကြေငြာချက်ထုပ်ပြန်

မြန်မာနိုင်ငံမှာ စစ်စိုးရ ဖမ်းဆီးထားတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို မြန်မာစစ်အစိုးရက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေငြာချက်ထုပ်ပြန်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို နှစ်ရက်အကြာ ဆွေးနွေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ နိုင်ငံရေးအရ တိုက်ခိုက်မှု အပေါ် အလွန်တရာ စိုးရိမ်မိကြောင်း၊ ဒီကိစ္စကို ၂၀၀၇ ခုနှစ်ကတည်းက သုံးကြိမ်တိုင်တိုင် လုံခြုံရေးကောင်စီက ကြေငြာခဲ့ကြောင်း အဖွဲ့ဝင် ၁၅ နိုင်ငံက တညီတညွတ်တည်း အာတည်ပြုထုပ်ပြန်လိုက်ပါတယ်။ အခုကြေငြာချက်ကို ညီလာခံခန်းမ အပြင်မှာ အခုလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိ၊ ကုလဆိုင် ဗြိတိသျှ သံအမတ်ကြီး Mr. John Aawers က ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်၊ ရုရှား၊ ဗီယက်နမ်နဲ့ လစ်ဗျားနိုင်ငံတို့က ကန်ကွက်ခဲ့တာကြောင့် လုံခြုံရေးကောင်စီမှာ အမေရိကန်အစိုးရ တင်ပြတဲ့ မူကြမ်းကို စကားလုံး အသုံးအနှုန်း အနည်းငယ် ပျော့ပျောင်းတဲ့ အခုကြေငြာချက ပြင်ဆင်ရေးဆွဲပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ် လုံခြုံရေးကောင်စီ ထုတ်ပြန်ချက် ထွက်လာရာမှာတော့ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့၊ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့အောင်မြင်မှုလို့ ဆိုနိုင်ကြောင်း အကဲခတ်ပုဂ္ဂိုလ်တွေက ပြောကြပါတယ်။
RFA မှကူးယူး တင်ပြသည်။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊