ယက်ထောကို အမေရိကန် ပြန်ပို့မည်
ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ရေးကူးဝင်တဲ့ ဂျွန်ဝီလျှံယက်ထောကို မြန်မာစစ်အစိုးရက ထောင်ဒဏ်ခုနှစ်နှစ် ကျခံခိုင်းပြီးကာမှ စစ်အစိုးရ ဖိတ်ကြားချက်ကြောင့် အခုရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်ဝက်နဲ့ ချစ်ကြည်ရေးအရ လက်ဆောင်ပြန်ပေးလိုက်တော့မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်ရမည်ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့လည်း သွားတွေ့ပါတယ်၊ န အ ဖက ရွေးဖိတ်တဲ့ အန်အယ်လ်ဒီဗဟို ကော်မတီသုံးဦး ရှမ်းအန်အယ်လ်ဒီ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးစတဲ့ အစိုးရတွေ့ခိုင်းသူတွေနဲ့ တွေ့သွားပါတယ်၊ ဘန်ကီမွန်းတောင် အန်တီစုနဲ့ တွေ့ခွင့်မရဘဲ ခုမှလာတဲ့ အမတ်တယောက်က တွေ့ခွင့်ရကာ ယက်တောပါ ပြန်ခေါ်လို့ ရမယ်ဆိုတော့ ဘာတွေဖြစ်လာမလဲ ဘာတွေမျှော်လင့်လို့ ဒီလိုလုပ်သလဲ ပရိတ်သတ်ကြီး ဦးနှောက်ရှိသလောက်သာ စဉ်းစားကြည့်ပေတော့။
အညာနွေတမာမြေမှ ကူးယူးဖော်ပြသည်။