8.19.2009

မြောက်ကိုရီးယားကို အတုယူအားကျ ကိုးကွယ်နေကြတဲ့နအဖ စစ်အုပ်စုခေါင်းဆောင်များ



မြောက်ကိုရီးယား သံတမန်ကိုယ်စလှယ် ၂ ဦး ဟာ အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ချက်ဆန်နဲ့ တွေ့ဆုံဆွေးနွေးရန် ရောက်ရှိနေပြီး၊ မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် သုံးသပ်အဖြေရှာကြလိမ့်မယ်လို့ သိရှိရပါတယ်။ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ချက်ဆန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်တဦးဖြစ်ပြီး သူတို့တွေ ဘာတွေဆွေးနွေးကြလိမ့်မယ်ဆိုတဲ့ အသေးစိတ်ကို မသိရှိရသေးဘူးလို့ CNN ရုပ်မြင်သံကြားသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကျနော်တို့ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ - ကွန်မြူနစ် မြောက်ကိုရီးယားအာဏာရှင်တွေ ကို အတုယူအားကျ၊ ကိုးကွယ်နေကြတဲ့ မြန်မာစစ်အုပ်စုခေါင်းဆောင်တွေကလည်း မြန်မာစစ်အုပ်စု ကိုယ်စလှယ်အဖွဲ့တဖွဲ့ ကို အမေရိကန်နိုင်ငံသို့ အမြန်ဆုံး စေလွှတ်ဖို့ ရှိကြောင်း နေပြည်တော်ကလာတဲ့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောဆိုနေကြပေမဲ့၊ တိကျခိုင်လုံတဲ့ သတင်းရရှိအောင်ဆက်လက်စုံစမ်းနေကြပါတယ်။ ဘယ်သူတွေနဲ့တွေ့မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊