8.01.2009

၈၈၈၈ ကဗျာ



စူးနစ်နေသော ၁၇ နှစ်
လင်းနွေးအိမ်
သြဂုတ်လ၊၇၊၁၀၀၅


ညီမလေး ၀င်းမော်ဦးရေ.....
အဲဒီတုန်းက
အထက (၂) လသာ ကနေ
ဆူးလေ
တို့မောင်နှမတွေ ချီတက်
ခွပ်ဒေါင်းအလံ ဖက်လို့....
သွေးတစ်ချက် မပျက်ခဲ့ဘူး။
အဲဒီတုန်းက
အန်ဂျီအို မရှိ
ပရိုပိုဆယ် မရှိ
ဆယ်လူလာ မရှိ
ဒေါ်လာ မရှိ
ကွန်ပြူတာ မရှိ
အင်တာနက် မရှိ
နတ်ဝင်သည်တွေ မရှိ
ပယောဂတွေ မရှိခဲ့ဘူး။

စွန့်လွှတ်မှုတွေ ရှိခဲ့တယ်၊
ပေးဆပ်မှုတွေ ရှိခဲ့တယ်၊
သွေးစည်းမှုတွေ ရှိခဲ့တယ်၊
သူရဲကောင်းတွေရှိခဲ့တယ်၊
အာဇာနည်တွေ ရှိခဲ့တယ်။

အခု
ရှိခဲ့တာတွေ မရှိတော့ဘဲ
မရှိခဲ့တာတွေ ရှိခဲ့ပြီကွယ်.....။

ရှစ်လေးလုံးရေးတော်ပုံ အာဇာနည်များသို့

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊