8.24.2009

ဖြစ်ပျက်နေသော ဖြစ်စဉ်များ

သူခိုးပြေးပြီး ဆိုကာမှ
ထိုးကွင်းတွေကို ထမနေနဲ့တော့
မာန်ရေးတကြွကြွ ဟန်ရေးပြ
ပြည့်အရေးမလှတာ ကြာခဲ့ပါပြီ၊

ကျောချသွားပြီ ဆိုကာမှ
ဓမြ ဓမြ ဟစ်ကာ မနေပါနဲ့တော့
ရေတွက်လို့ မရ ခံခဲ့ရ
အံကြိတ်ရတာ များခဲ့ပါပြီ၊

စစ်ပွဲပြီးမှ ဗျူဟာချ
ဖြူပြာကျမှာ ပလူပျံထ
ပြောကြ ဆိုကြ ဝေဖန်ကြ
မိုးလွန်ထွန်ချ ဖြစ်ခဲ့ပါပြီ၊

ဒဏ်ရာများလို့ ထုံနေသလား၊
ကြံရာမရလို့ ဟုန်နေသလား
နောက်ကျသွားတဲ့ သမိုင်းကြောင်းကြားမှာ
တိုင်းပြည်ကတော့ နုံချာသွားပြီ။ ။

ရန်နိုင်ထွန်း (လွတ်မြောက်နယ်မြေ-ကိုရီးယား)

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊