တော်လှန်ရေး တပ်သား ကျုပ်တို့လိုချင်တာက
တင်မိုး
ဗုန်းတွေဗျ ဗုန်းတွေ
စကားလုံးတွေ မဟုတ်ဘူး။
အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။
အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ ဥာဏ်နဲ့
ပြတ်သားတဲ့ အသေခံတပ်သားတွေကို လိုချင်တယ်။
အချိန် ဆွဲဖို့
ထမိန် လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။
ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စား မကြိုက်တဲ့
တော်လှန်ရေး တပ်သားမိုက်ပဲ။
စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။ ။
(၂၃၊ ၈၊ ၂၀၀၁)
ရောင်နီတွေနဲ့ ဒို့အတူ
4 months ago