ငမြတ်စံ
မွေးရပ်ဌာန် လွမ်းလှချည့်
မင့်အမေ ရှိလို့လား
ငါ့ရင်ကြားမှာ ငါ့ဟာငါမေး...။
အမေ မရှိပေမယ့်
ပြေစရာ
ဖြေစရာ ရှိလေရဲ့
အမေ့အုဋ်ဂူဟာ အမေပဲရယ်လို့
င့ါဘာသာ အဖြေပေး...။
ထုံးလေးလည်း သုတ်ချင်တယ်
ပတ်ပတ်လည် ပန်းတွေစိုက်
နေ့စဉ်နေ့စဉ် ဦးခိုက်ဖို့
ခြံဝိုက်ပြီး ကာမယ်
စိတ်ကယ်ကကူး...။
သောက်ရူးတွေ အာဏာရချိန်မှို့
ပြန်လို့ကဖြစ်ဘူး...။
ဟူးးးးးးးးးးးးးး
မောလိုက်လေ...။ ။
သန်းစိန်
Rest of your post
ရောင်နီတွေနဲ့ ဒို့အတူ
2 months ago