9.20.2009

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စစ်ဆေး

နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်လည်ကျခံ ရအပြီး တလကျော် ကြာမြင့်မှ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရပြီး ဆေးစစ်ခံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန် ကျနေတာကို တွေ့ရကြောင်း၊ ပုံမှန် ကျန်းမာရေး ကောင်းကြောင်း ဆရာဝန်ထံမှ ကြားသိရပုံကို ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပြေပါတယ်။


သွေးပေါင်ချိန် ကျရခြင်းအကြောင်းရင်းက အစားအသောက်နဲ့ သက်ဆိုင်ပုံရကြောင်း ဆရာဝန်ထံမှ သိရပါတယ်။ နောက်ပိုင်းမှာလည်း ဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံမှန်ဆေးစစ်ခွင့်ရမယ်လို့ မျှော်လင့်ပုံကို ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ရဲ့ ကျန်းမာရေးကိုလည်း ဒေါက်တာတင်မျိုးဝင်းပင် တာဝန်ယူကြောင်းလည်း သိရပါတယ်။

VOA

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊