9.02.2009

အနိုင်မခံ ရှုံးမပေးတဲ့ စိတ်ဓာတ်ရှိသူ

နေ့သစ်


post by Tuesday, September 01, 2009



ရဲဘော်စိုးလွင် (၀ါ) အဘဦးစိုးလွင် (1919 - 2009)


ကိုယ်ရေးအကျဉ်း


★ မွေးဖွား
အဘ ဦးစိုးလွင်ကို ၂၁.၆.၁၉၁၉ ရက်နေ့တွင်
အဖ ဦးထွန်းစိန်၊ အမိ ဒေါ်သိန်းတင်တို့မှ ပဲခူးမြို့တွင် ဖွားမြင်ခဲ့သည်။

★ ပညာသင်ကြားမှု
မူလတန်းပညာကို ပဲခူးမြို့တွင် သင်ကြားခဲ့သည်။ ထို့နောက်
ရန်ကုန်တွင် အထက်တန်းပညာနှင့် တက္ကသိုလ်တတိယနှစ်အထိ
ပညာသင်ကြားခဲ့သည်။ ကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သဖြင့်
ကျောင်း ၂ နှစ် ထုတ်ခံခဲ့ရသည်။ ကျောင်းထုတ်ခံရပြီးနောက်
မန္တလေးအက်တာမီဒီရိတ်ကောလိပ်တွင် ပညာသင်ကြားခွင့်ရခဲ့သည်။

★ တော်လှန်ရေးဖြတ်သန်းမှု
၁၉၃၈ ခုနှစ် - “၁၃၀၀ ပြည့်အရေးတော်ပုံ” တွင် ပါဝင်ခဲ့။
နောက် အာရှလူငယ်အစည်းအရုံးအဖွဲ့ဝင်
မန္တလေးတိုင်းတွင် တာဝန်ယူခဲ့။
၁၉၄၃ ခုနှစ် - နယ်ချဲ့တော်လှန်ရေးတွင် ဗိုလ်အာဠာဝကနဲ့အတူ
ဗိုလ်ကြီးအဆင့် တာဝန်ယူ။
၁၉၄၅ ခုနှစ် - ဂျပန်တော်လှန်ရေးတွင် အထက်မြန်မာပြည်၌
ဗိုလ်မှူးကြီး ဗထူးတို့နှင့်အတူဗိုလ်ကြီးအဆင့်တာဝန်ယူ။
၁၉၄၇ ခုနှစ် - ဗမာ့တပ်မတော်ဖွဲ့စည်းရာတွင် ဒုဗိုလ်အဆင့်ဖြင့်
တပ်ရင်း (၅) တွင် တာဝန်ကျ။
ဗမာပြည်ကွန်မြူနစ်ပါတီဝင်။
၁၉၄၉ ခုနှစ် - ဗိုလ်အဆင့် ခွဲမှူးတာဝန်ဖြင့်တောခို
(တော်လှန်ရေးနယ်မြေ ရောက်ရှိ)။
၁၉၅၁ ခုနှစ် - ဒုဗိုလ်မှူးကြီးအဆင့် ဗမာပြည်ကွန်မြူနစ်ပါတီ၊
တနင်္သာရီတိုင်း၊ တပ်မဟာ (၇) မှူး တာဝန်ထမ်းဆောင်
ထားဝယ်ခရိုင် ကော်မတီဝင်။
၁၉၅၃ ခုနှစ် - မြိတ်ခရိုင်တိုးချဲ့ရာတွင် မြိတ်ခရိုင်ကော်မတီဝင်။
မြိတ်ခရိုင်တပ်မှူးဖြစ်ခဲ့။
၁၉၅၆ ခုနှစ် - မြိတ်ခရိုင် အတွင်းရေးမှူး။
ဖဆပလအစိုးရ၏ ဆုငွေ (အသေဖမ်းဆီးရမိက ၅,၀၀၀ိ/-၊
အရှင်ဖမ်းဆီးရမိက ၁၀,၀၀၀ိ/-) ထုတ်ခြင်းခံရ။
၁၉၆၅ ခုနှစ် - တနင်္သာရီတိုင်းကော်မတီဝင်။ တိုင်းတပ်မှူး။
၁၉၇၅ ခုနှစ် - ဗမာပြည်ကွန်မြူနစ်ပါတီ အရံဗဟိုကော်မတီဝင်၊
တနင်္သာရီစစ်ဒေသကော်မတီဝင်။
၁၉၈၅ ခုနှစ် - ဗမာပြည်ကွန်မြူနစ်ပါတီဝင် တတိယအကြိမ်
ကွန်ကရက်မှ ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်။
၁၉၉၅ ခုနှစ် - MDUF ဒုဥက္ကဌ တာဝန်ယူ။
၂၀၀၅ ခုနှစ် - MDUF ဒုဥက္ကဌ အဖြစ်မှ ကျန်းမာရေးအရ အနားယူပြီး
နာယကအဖြစ် တာဝန်ယူခဲ့။

★ ကွယ်လွန်
အသက် (၉၁) နှစ်အရွယ် ၃၀.၈.၂၀၀၉ ရက်နေ့ ထိုင်းစံတော်ချိန်
(၂၃း ၃၅) နာရီတွင် ထိုင်း - မြန်မာနယ်စပ်၌ ကွယ်လွန်ခဲ့သည်။


ပြောစကားများ
နိုင်ငံရေးသည် သွေးမထွက်သော စစ်ရေးဖြစ်သလို
စစ်ရေးသည် သွေးထွက်သော နိုင်ငံရေးဖြစ်သည်။
(၁၉၉၅ ခုနှစ် - MDUF ဗဟိုကော်မတီအစည်းအဝေး)

တော်လှန်ရေးဆိုတာ စနစ်ဟောင်းကို ဖယ်ရှားပစ်ပြီး
စနစ်သစ်နဲ့ အစားထိုးတာ ဖြစ်တယ်။
(၁၉၉၇ ခုနှစ် - ABSDF နှင့် ဆွေးနွေးပွဲ)

အုပ်စိုးတဲ့ လူတန်းစားမှာ လက်နက်ကိုင်ထားတာနဲ့အမျှ
ကျနော်တို့မှာလည်း လက်နက်ကိုင်ထားဖို့ လိုတယ်။
(၁၉၉၈ - သူမွဲကလိုး အမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲ)


မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊