9.05.2009

ပညာအရည်အချင်း ကွာခြား၍ လက်ထပ်ရန် ငြင်းဆိုသူ တက္ကသိုလ် ကျောင်းသူကို သူမချစ်သူက ဓါးနှင့် အချက်ပေါင်းများစွာ ထိုးသတ်

ပညာအရည်အချင်း အဆင့်အတန်းကွာခြား၍ လက်ထပ်ရန် ငြင်းဆိုသူ တက္ကသိုလ်ကျောင်းသူ တဦးကို သူမ၏ ချစ်သူက ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်လိုက်သည်။

အဆိုပါ ဖြစ်ရပ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နက်ရာကိုနာခရိုင်အတွင်းရှိ ကီလာ ကျေးရွာတရွာတွင် ဖြစ်ပွားခဲ့သည်။

သတ်ဖြတ်ခံရသူ တက္ကသိုလ်ကျောင်းသူမှာ အသက် ၁၉ နှစ်အရွယ် ဟာဒီဂျာ ခါတွန် ဖြစ်ပြီး သူမမှာ သူမနေထိုင်ရာ ခရိုင်တက္ကသိုလ် နက်ရာကိုနာတွင် ကျောင်းတက်နေသူ ဖြစ်သည်။

သူမ၏ ချစ်သူ ပေါ်လစ်မှာ (၅) တန်းသာ အောင်မြင်ပြီး ပညာ အဆင့်အတန်း ကွာခြားသဖြင့် သူမ၏ မိဘများမှ သဘော မတူရာမှ လက်ထပ်ရန် တောင်းဆိုခြင်းကို ငြင်းဆန်၍ ပေါ်လစ်က သူမကို ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ရဲအဖွဲ့၏ အပြောအရ ပေါ်လစ်နှင့် ဟာဒီဂျာမှာ နှစ်ပေါင်းများစွာ ချစ်နေသော ချစ်သူနှစ်ဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက ချစ်လာကြသူ ချစ်သူနှစ်ဦး ဖြစ်သည်ဟု ပြောသည်။

စက်တင်္ဘာလ ၁ ရက်နေ့က ပေါ်လစ်မှ ဟာဒီဂျာအား သူတို့နေထိုင်ရာ ကျေးရွာအတွင်းရှိ ရေကန် တခုသို့ ချိန်းတွေ့ရန် ခေါ်ယူပြီး လက်ထပ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုမူကို ဟာဒီဂျာမှ ငြင်းဆိုပြီးနောက် ပေါ်လစ်မှ အသင့် ပါလာသော ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်လိုက်သည်။

ချစ်သူကို မစွန့်လွှတ်ရဲသော အချစ်ကြီး၍ အမျက်ကြီးခဲ့သူ ပေါ်လာမှာ သူ၏ ချစ်သူကို သတ်ဖြတ်ပြီးနောက် ရဲအဖွဲ့ထံ အဖမ်းသွားခဲ့သည်။


Narinjara News

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊