9.05.2009

ကေအိုင်အို ထိပ်ပိုင်း ခေါင်းဆောင် ၆ယောက် အထုပ်ခံရ


ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို အဆင့်မြင့် အရာရှိ ခြောက်ယောက်ကို ဗုဒ္ဓဟူးနေ့က စပြီး ကေအိုင်အို ခေါင်းဆောင်ပိုင်းက ရာထူးက ဖယ်ရှားလိုက်ပါတယ်။ လိုင်ဇာက ကေအိုင်အို ခေါင်းဆောင်ပိုင်းက ဖယ်ရှားလိုက်တဲ့ အရာရှိ ခြောက်ရောက်မှာ ကေအိုင်အို ဒုတိယ သဘာပတိ ဒေါက်တာ တူးဂျာနဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှုး အင်ဂျာနော်ရစ်တို့ ပါဝင်ပါတယ်။ အင်မ ဒီအေအေခေါ် ကိုးကန့် အပစ်ရပ် အဖွဲ့နဲ့ နအဖတို့ မကြာသေးခင်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တိုင်းရင်းသား အပစ်အရပ် အဖွဲ့တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာချိန်မှာ ခုကေအိုင်အို အဖွဲ့ထဲမှာ ခုလိုရာထူးက ဖယ်ရှားမှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ကေအိုင်အိုက အထုတ်ခံရတဲ့ ဒေါက်တာ တူးဂျာတို့ အုပ်စုဟာ ၂၀၁၀ရွေးကောက်ပွဲဝင်မဲ့ အနေအထားရှိတယ်လို့ ကေအင်ဂျီ ကချင် သတင်းဋ္ဌာန အယ်ဒီတာ ဦးနော်ဒင်က ဘီဘီစီကို ပြောပြပါတယ်။
ဒါဟာ ကေအိုင်အိုထဲ အကွဲအပြဲလို့ ယူဆနိုင်စရာရှိပေမဲ့ တရုတ် မြန်မာ နယ်စပ်မှာ အပစ်ရပ် အဖွဲ့တွေနဲ့ နီးစပ်မှုရှိတဲ့ စစ်ရေး အကဲခပ် ဦးအောင်ကျော်ဇောကတော့ အကွဲအပြဲ မဟုတ်ပဲ ကေအိုင်အို ဗဟိုကော်မတီပိုင်းက သဘောတူညီချက်နဲ့ အစီအစဉ်ရှိရှိ လှမ်းတဲ့ ခြေလှမ်းလို့ ဆိုပါတယ်။
ငြိမ်းတပ်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို တာဝန်ယူထားတဲ့ စစ်ဖက် လုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ ခုရက်ပိုင်းအတွင်းမှာ မြစ်ကြီးနားမှာ တွေ့ကြဖို့ ရှိပါတယ်။ ဒီအတောအတွင်းမှာ နအဖ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို ဖိအားပေးတဲ့အနေနဲ့ သဏ္ဍာန်အမျိုးမျိုးနဲ့ လှုပ်ရှား ဆောင်ရွက်လာနေချိန်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်အနေအထားကို လိုက်ပြီး လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက ရှင်းပြခဲ့ပါတယ်။

BBC

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊