9.09.2009

ရန်ကုန်တွင် ရခိုင်ကျောင်းသား ၆ ဦး ဖမ်းဆီးခံရ

ရန်ကုန်တွင် ရခိုင် တက္ကသိုလ် ကျောင်သား ၆ ဦးကို ရဲထောက်လှမ်းရေး အက်စ်ပီတူးက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သူတို့နှင့် နီးစပ်သူ တဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကိုထွန်းလင်း၊ ကိုဇော်ထွန်းဦး၊ ကိုကျော်ဇောဦး၊ ကိုကျော်ဝင်း၊ ကိုခင်မောင်ဌေးနှင့် ကိုကျော်ဆန်းလှိုင်တို့ ဖြစ်သည်။
သူတို့အား သူတို့နေထိုင်ရာအိမ်မှ စက်တင်္ဘာလ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ယနေ့ အချိန်ထိ မိသားစုများနှင့် အဆက်အသွယ် မရရှိဟု သိရသည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တိတိကျကျ သိရှိရခြင်း မရှိသေးဘဲ ဖြစ်နေသေးကြောင်း သူတို့နှင့် နီးစပ်သူက ပြောသည်။

ရန်ကုန်ရှိ လူငယ် တဦးက အဆိုပါ ဖမ်းဆီးမူကို ကြားသိရသော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တိတိကျကျ မသိရကြောင်း ပြောကြားသည်။

နှစ် ၇၀ ပြည့်နှစ် ဆရာတော် ဦးဥတ္တမနေ့နှင့် နီးကပ်ချိန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သဖြင့် ဆရာတော် ဦးဥတ္တမနေ့ လှုပ်ရှားမူကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်သည်ဟု ဝေဖန် ပြောဆိုမူများလည်း စစ်တွေတွင် ထွက်ပေါ်နေသည်ဟု သိရသည်။

သူတို့အထဲတွင် တချို့မှာ ကွန်ပျူတာ တက္ကသိုလ် ကျောင်းပြီးစီးထားသူများ ဖြစ်သည်ဟုလည်း သိရသည်။

Narinjara

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊