9.28.2009

အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ္တမဆု ချီးမြှင့်

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) မှ ရွှေဝါရောင်တော်လှန်ရေး အတွင်း မြန်မာပြည်သူလူထု လွှတ်မြှောက်ရေးအတွက် စွန်းစွန်းတမံ ဆောင်ရွက်ခဲ့သူ အသျှင်ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ္တမဆုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆုအား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်)မှ ကြီးမှူးကျင်းပသော ဆရာတော် ဦးဥတ္တမနေ့ နှစ် (၇၀) ပြည့်မြှောက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။


အသျှင်ဦးဂမ္ဘီရနှင့် ဦးစန္ဒြာမုနိတို့အား ဆုချီး မြှင့်ခြင်းကို ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဒုဥက္ကဋ္ဌ ဦးထွန်းအောင်ခင်မှ အခမ်းအနားတွင် ကျေညာခဲ့ပြီး ရဟန်းတော် နှစ်ဦး၏ မြန်မာနိုင်ငံ စစ်ကျွန် ဘ၀မှ လွတ်မြှောက်ရေး အတွက် ကြိုးပမ်းနေပုံများကို အခမ်းအနားတွင် ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြိ့ IKEBUKURO KUMI CENTER တွင် ကျင်းပခဲ့ပြီး ရခိုင် အမျိုးသားများနှင့် မြန်မာ့ တိုင်ရင်းသား ၁၇၀ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဋ္ဌ ဦးလှအေးမောင်မှ ဆောင်ရွက်ပြီး အခမ်းအနားမှုးများ အဖြစ် အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်နှင့် တွဲဖက် အထွေထွေ အတွင်းရေမှုး (၁) ဦးကျော်သန်းလှိုင် တို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အလံတော်အား အလေးပြုပြီး ဆရာ တော်ဦးဥတ္တမအား လွမ်းသူပန်းခွေချ ပူဇော်ပသခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးလှအေးမောင်၊ ဦးထွန်း အောင်ခင်၊ ဂျပန် လူမျိုးဦးရွှေဘ မှ ဆရာတော်နှင့် သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်း၊ ညီညွတ်သော တိုင်းရင်း သားများ အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) နာယကလည်း ဖြစ်သော ဦးဇော်မင်းခိုင်၊ NLD (LA-JAPAN) ဒုဥက္ကဋ္ဌ ဦးလှဟန်၊ SND (JAPAN) ဥက္ကဋ္ဌ ဦးစိုင်းစီဝမ်း၊ PMNS ဥက္ကဋ္ဌ ဦးမင်းမျိုးချစ်၊ PNS ခေါင်းဆောင် ဦးမိုင်ကျော်ဦး တို့မှ ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဟောပြော ခဲ့ကြသည်။

ဆရာတော်၏ အတ္ထုပ္ပတိအား ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) တွဲဖက် အမျိုးသမီးရေးရာမှုး ဒေါ်စောမြက ဖတ်ကြား ပြီး ကိုသန်းထွဋ်ဦးမှ ဦးခိုင်အောင် ကျော် ရေးသား ဂုဏ်ပြုထား သော ၀ီညာဉ် နိုးထဗျာလ်လေ ကဗျာကို ရွတ်ဖတ် ပူဇော်ခဲ့သည်ဟု သတင်းရရှိသည်။

Narinjara

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊