ဇော်ကြီး။
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်သည့် အစီရင်ခံစာတစောင်အား ထိုင်းအလုပ်သမားသမဂ္ဂနှင့် NGO's အဖွဲ့များ ပူးပေါင်း၍ ကုလသမဂ္ဂရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးပို့ခဲ့သည်။
ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနမှ လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းကစတင်၍ တရားဝင်အလုပ်သမားမှတ်ပုံတင် ပြု လုပ်ပေးခဲ့ရာ မြန်မာအလုပ်သမားများတွေ့ကြုံရသည့် အခက်အခဲများကို ထိုအစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထား သည်။
ထို့အပြင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံသဘောတူညီချက်အရ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မြန်မာနိုင်ငံသား စစ်မှန် ကြောင်း ထောက်ခံချက်ယူရာ၌ အလုပ်သမားများတွေ့ကြုံရသည့် အခက်အခဲများကိုလည်း တင်ပြခဲ့သည်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုတင်ထွန်း အောင် က ယခုလို ပြောသည်။
“နိုင်ငံသားဖြစ်ကြောင်းပုံစံဖြည့်တဲ့အခါ သူတို့က အားလုံးဖြည့်ရတယ်မို့လား။ မိသားစုဝင်တွေ ရဲ့ နာ မည်တွေ၊ လိပ်စာတွေ အားလုံးဖြည့်ရတဲ့အခါကျတော့ အလုပ်သမားတွေရဲ့ Information ကို အာဏာ ပိုင်တွေရသွားတဲ့အခါမှာ သက်ဆိုင်တဲ့နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေကနေ မိသားစု ၀င်တွေဆီကို သွားပြီးတော့ အခွန်တောင်းတာတွေ၊ ပိုက်ဆံတောင်း တာတွေကိုလည်း တင်ပြထားတာပေါ့နော်။”
ထိုအစီရင်ခံစာအား ကုလသမဂ္ဂ ရွှေ့ပြောင်းအလုပ်သမား အထူးကိုယ်စားလှယ်ထံမှတဆင့် ထိုင်းအစိုးရ တာဝန် ရှိသူများနှင့် UNမှ တာဝန်ရှိသူများထံ တင်ပြသွားမည်ဟု ၎င်းကယခုလို ဆက်ပြောသည်။
“ထိုင်းအစိုးရ အထက်ပိုင်းက အာဏာရှိတဲ့သူတွေကို နိုင်ငံသားဖြစ်ကြောင်းလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ အလုပ်သမားတွေမှာ သိပ်ပြီးအခက်အခဲဖြစ်နေတဲ့ အခြေအနေတွေကို အဲဒီမှာ တင်ပြပြီးတော့ အဲတာကို သက်ဆိုင်တဲ့ အစိုးရအနေနဲ့ကော၊ UN မှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက် ပြီးတော့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကိုယ်စားလှယ်ကိုပါ ဒီ ကိစ္စကိုအလေးအနက်ထား ပြီးတော့ ဆောင်ရွက်ပေးဖို့ တင်ပြတာပါ။”
ထိုအစီရင်ခံစာအားThe State Enterprise Workers Relations Confederation (SERC)၊ International Trade Union Confederation (ITUC)၊ The Human Rights and Development Foundation (HRDP) အဖွဲ့သုံးဖွဲ့ပူးပေါင်း၍ UN ကိုယ်စားလှယ်ထံ ယမန်နေ့က ပေးပို့ခဲ့ ခြင်းဖြစ်သည်။
လွန်ခဲ့သည့် သြဂုတ်လက ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လ၀က ၀န်ထမ်းများက ကျေးရွာများရှိ အလုပ်သ မားများ၏ မိဘများကို ဆင့်ခေါ်ကာ ၎င်းတို့၏သားသမီးများ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ် ကိုင်သည်မှာ မှန်၊ မမှန်မေးမြန်းပြီး ငွေကောက်ခံမှုများ ရှိသည်ဟု ဘန်ကောက်ရောက် အလုပ်သမား မောင်ခမ်း က ပြောသည်။
ထိုင်းမြန်မာနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း မြို့များတွင် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်၍ ယာယီနိုင်ငံကူးလက်မှတ်များကို စတင်ပြုလုပ်ပေးလျှက် ရှိပြီး ယနေ့ချိန်ထိ ပြုလုပ်ပြီးသူပေါင်း ၅၃၅ ယောက်ရှိပြီဟု မြန်မာအစိုးရ၏ တရားဝင်စာရင်း များကဆိုသည်။
သတင်းနှင့် မီဒီယာ ကွန်ယက်
ရောင်နီတွေနဲ့ ဒို့အတူ
2 months ago