အင်းစိန်ထောင်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးတဲ့ မေလ ၂၈ ရက်နေ့က သူ့ကို လွှတ်ပေးဖို့ စာတမ်းကိုင်ဆောင်ပြီး အင်းစိန်ဈေးရှေ့ တကိုယ်တော်ဆန္ဒတဲ့အတွက် အဖမ်းခံရတဲ့ ဦးဇော်ညွန့်ကို ဒီနေ့ အင်းစိန်တရားရုံးက ထောင်ဒဏ် ၂နှစ် အပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ထောင်ဒဏ် ၂နှစ် အပြစ်ဒဏ် ပေးခံရတဲ့ ဦးဇော်ညွန့်က မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နဲ့ အင်းအားစုတွေကို လူထုတရပ်လုံးက ထောက်ခံ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံလိုပါကြောင်း၊ ဟံသာဝတီ ဦးဝင်းတင်လို အသက်အရွယ်ကြီးရင့်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကို အားလုံး ၀ိုင်းဝန်း စောင့်ရှောက်ကြစေချင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မမေ့မလျော့ ဆက်လက် တိုက်ပွဲဝင်စေလိုကြောင်းနဲ့ နိုင်ငံဒီမိုကရေစီရေး အတွက် သူလှုပ်ရှားခဲ့တာ ဖြစ်လို့ အခုလို အပြစ်ပေးခံရတာကို သူ့အနေနဲ့ ဂုဏ်ယူပါကြောင်း တူဖြစ်သူကို ပြောခဲ့တယ်လို့ သိရပါတယ်။
RFA
အလွမ်း
4 years ago