Showing posts with label တင်မိုး (ဖဲသုံးချပ်သမား). Show all posts
Showing posts with label တင်မိုး (ဖဲသုံးချပ်သမား). Show all posts

7.27.2009

ကဗျာ

ဖဲသုံးချပ်သမား

ဖဲသုံးချပ်သမား
တင်မိုး

သဟောက်သဟတွေနဲ့
ခြောက်ပြနေပေမယ့်
အောက်ကျနောက်ကျလုပ်ရပ်လို့
သိတတ်သူတွေ မရှား။

လူ့အကြော လူ့မနောကို
နောကြေအောင် သိပြီးမို့
ခပ်ဖြီးဖြီး ခပ်ရွှီးရွှီးနဲ့
ပတ္တီးရိုက်စားနေတာကိုလည်း
အထာပေါက်ပြီးသား။

ကိုယ့်လိမ်ဆင် ကိုယ်ယုံပြီး
အများက နုံတုံတုံ
အထုံ အအ တွေမို့
ယုံကြမှာ ဧကန်လို့
ဉာဏ်နီဉာဏ်နက်နဲ့ တွက်တတ်ကြတယ်။

ဖဲသုံးချပ်သမားဟာ
အမြဲသုံးသပ်မှားနေလို့
လိမ်စားမြဲ လိမ်စားနေရတာ မဟုတ်လား။ ။

တင်မိုး

ဒေါက်တာလွဏ်းဆွေမှ ကူးယူဖော်ပြသည်။

ဖတ်ကြည့်ချင်သေးလား....

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊