Showing posts with label မြေစိမ်းကနေ အကြီးကျယ်ဆုံးသူအကြောင်း ပြန်ပြောင်း တွေးမိခြင်း. Show all posts
Showing posts with label မြေစိမ်းကနေ အကြီးကျယ်ဆုံးသူအကြောင်း ပြန်ပြောင်း တွေးမိခြင်း. Show all posts

7.27.2009

ကဗျာ

မြေစိမ်းကနေ အကြီးကျယ်ဆုံးသူအကြောင်း ပြန်ပြောင်း တွေးမိခြင်း

မျိုးမြင့်ချို

ဇူလိုင် ၂၆၊ ၂၀၀၉

ဟောသည် ကမ္ဘာမြေမှာ

မသေတာဆိုလို့

အမေပဲရှိတယ်…

ကမ္ဘာမြေ

မီးလောင်သွားလည်း

နင်းစရာ သားကောင်

အမေဆိုတာ မရှာပါဘူး…

တောင်းဆိုးပလုံးလို

အမေ ပစ်ခဲ့တာ မဟုတ်ကြောင်း

ကျနော်တို့ ကောင်းကောင်းသိပါတယ်…

ပြောပေ့စေ

ကျနော်တို့ တရားမှာ

ကျနော်တို့မမှားဘူး အမေ …

ပြောပေ့စေ

ကျနော်တို့ အမိုက်မှာ

ကျနော်တို့အကြိုက်မပါဘူး အမေ….

ပြောပေ့စေ

ကျနော်တို့ အကျွံမှာ

ကျနော်တို့အလွန်မပါဘူး အမေ….

ကျနော်တို့

တခါတခါမှာ စိတ်မိုက်ကို

ရွက်တိုက်မိမှာပါ…

ကျနော်တို့

တခါတခါမှာ စိတ်တေလေကို

လေလိုလွှင့်မိမှာပါ…

သေချာတာတော့

ကျနော်တို့ကြောင့် မဟုတ်ခဲ့ဘူး….

သားတိုင်းလို

ဥမကွဲသိုက်မပျက်

ကျနော်လည်း နှစ်သက်တယ်အမေ…

အမေတိုင်းကို

အမေလိုချစ်ဖို့

ကျနော်တို့ဘဝတွေ နစ်နေကြရဦးမှာပါပဲ…

( ဒီနေ့ ၇ လပိုင်း ၂၅ ရက် အမေ့အကြောင်းတွေးရင်း ရေးမိတဲ့ကဗျာ)


မိုးမခမှ ကူးယူဖော်ပြသည်။

ဖတ်ကြည့်ချင်သေးလား....

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊