7.31.2009

အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လွတ်မြောက်လာ

မြန်မာစစ်စိုးရဟာ ယမန်နေ့က အဖွဲ့ချုပ်ဝင် ၃၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်၊ လည်းကောင်းအထဲမှ ၆ ဦးပြန်လည်လွတ်မြောက်လာခဲ့ပါတယ်၊ ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့ ပြန်လွတ်လာကြောင်း အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။
ဆိုပါ ၆ ဦးထဲမှ လူငယ်တာဝန်ခံ ၃ ကိုထိန်ဝင်းကို ဒီနေ့ ၃၁ ရက်နေ့ ဘာလုပ်မလဲ။ ဆန္ဒပြဖို့ အစီအစဉ်ရှိလား။ ၈ လေးလုံးနေ့မှာ ဘာလုပ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့မယ်ဆိုရင် ဘာလုပ်မလဲလို့ ဆိုတာတွေ စစ်ဆေးမေးမြန်တယ်လို့ပြန်လည်ပြောပြပါတယ်။

မဇ္ဈိမမှကူးယူဖော်ပြသည်။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊