7.31.2009

ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၂၀၀၉ ခုနှစ် ဇွန်လပိုင်းက ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိပါ တယ်။နဘူးမြို့နယ်ရှိ ကျေးရွာများကို တပ်သားသစ် ၃၀၀ ကောက်ခံထားပြီး ကျေးနယ် တနယ်ကို ၇ ဦး ကနေ ၁၀ ဦးအထိ သတ်မှတ်ထားပြီး မပေးနိုင်ရင် တဦးအတွက် လေးသောင်းကနေ ၂ သိန်း ထိတောင်းပါတယ်။ တပ်သားသစ် များကို ၃ နှစ်အမှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။နဘူးမြို့နယ်အတွင်းရှိ နောင်တပွဲကျေးနယ်၊ ထီးကလေးကျေးနယ်၊ နောင်ကိုင်းကျေးနယ်၊ ထီးပိုစံကျေးနယ်၊ သကြားချောင်းကျေး နယ်၊ အင်းရှည်ကျေးနယ်တွေကိုအစည်းအဝေးခေါ်ပြီး ဒီကေဘီအေ ၉၉၉ မှ အရာရှိများဖြစ်တဲ့ ဗိုလ်မြခိုင် နဲ့ ဗိုလ်ဂတုံးတို့က အခုလို တပ်သားသစ်တွေ ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီ ကျေးရွာတွေအတွက် ကာကွယ်ဖို့ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ဒီကေဘီအေမှ နယ်စပ်ရဲလုပ်ရန် သဘောတူထားပြီး နအဖမှ လိုအပ်သော အင်အားထပ်ဖြည့်ဖို့ ညွှန်ကြားတာကြောင့်ဖြစ်ပါတယ်။



နေ့သစ်မှကူးယူဖော်ပြသည်။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊