ကမ္ဘာကြီးရဲ
ရာစုသစ် ခရီးအစ
အမှတ်တရ ညမှာပဲ
သားလေးကို
ဝါးရုံဘေးမှာ ထားခဲ့ရတယ်။
သားလေးကို
တို့ သိပ်ချစ်ပါတယ် ဆရာမရယ်
ဒါပေမယ့် ဒီသားလေးအတွက်
တို့မှာ ကျယ်ကျယ်လောင်လောင်လေးတောင်
ကြေကွဲခွင့် မရခဲ့ပါဘူး။
ဒီညမှ
ဆောင်းကလည်း ပီသလိုက်တာ
နှုတ်ခမ်းလေးတွေပြာနေတဲ့ သားက
အပါး ငါ ကြွေးဥတွေ မစားချင်တော့ဘူး
အမိုး ငါတို့ဘယ်တော့ အိမ်ပြန်ရမလဲဟင်
ခြေဖျား လက်ဖျားတွေလည်း
မီးကင်ချင်တာ အရမ်းဘဲ
ဒုက္ခသည် စခန်းရောက်ရင်
ငါ့ကို ထမင်း၀၀ ကျွေးရမယ်နော် တဲ့။
ဒီစကားဟာ
ကယောင်ကတမ်း မဟုတ်မှန်း
အပါးပဲ သိပါတယ်
ငါ့သားရယ် …
အဲဒီညက
သူတို့ ဘ၀အတွက်
မီးဖိုလေးတဖိုလောက်သာ
ဖိုခွင့် ရခဲ့ရင် … ။ ။
ခိုင်မာကျော်ဇော
ဇွဲကပင်မှကူးယူဖော်ပြသည်။