9.06.2009

မလေးရှား မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးခံရ


မလေးရှားနိုင်ငံမှာ တရားမ၀င် နေထိုင်သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် လုံခြုံရေးကင်မရာတွေ တပ်ဆင်အသုံးပြုနေရာမှာ မြန်မာနိုင်ငံသားတွေလည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ကွာလာလမ်ပူမြို့က လမ်းတွေမှာ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး မသင်္ကာသူတွေကို လုံခြုံရေး ကင်မရာတွေနဲ့ ဖမ်းဆီးခဲ့ရာမှာ တရားမ၀င် နေထိုင်သူလို့ ယူဆရသူ အယောက် ၅၀ ကျော် အဖမ်းခံခဲ့ရပြီး မြန်မာနိုင်ငံသား ၁၅ ဦးပါဝင်တယ်လို့ ဆိုပါတယ်။



မလေးရှားနိုင်ငံက လုံခြုံရေးတင်းကြပ်မှုနဲ့ အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေရဲ့ လက်ရှိအခြေ အနေကို ကွာလာလမ်ပူ အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှားအဖွဲ့) အတွင်းရေးမှုး ကိုအောင်ကျော်ဆက်က အခုလိုပြောပါတယ်။

ကိုအောင်ကျေုာ်ဆက်။ ။ ရေဒါတွေ အသစ် ထပ်တိုးထားတာတွေ ရှိတယ်။ ပြီးတော့ မြို့လည်ကောင်တွေမှာလည်း ရဲတွေက ၀တ်စုံတွေနဲ့ လမ်းသွားရင်းနဲ့ စစ်ဆေးနေတာ တွေရှိတယ်။ အဲဒီလို အဖမ်းခံရတဲ့သူ တချို့လည်း တွေထဲမှာထည့်တယ်။ တချို့ပိုက်ဆံတတ် နိုင်တဲ့သူတွေက လူတွေကိုထုပ်တယ်။ မတတ်နိုင်တဲ့ သူတွေက တရားစွဲဆိုခံရတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၅ ယောက်ရှိတယ်။ သူတို့ကို ကစ်ဂျာရီ Camp ထဲကို ပို့တယ်။ တချို့ကလည်း စမုန်ညင်းဆိုတဲ့ Camp ကို ပို့တယ်။ အဲဒီ ၁၅ ယောက်လောက်မှာ ၁၃ ယောက်လောက်က ပိုက်ဆံတတ်နိုင်လို့ ထွက်လာနိုင်တယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေက တော့ လုံးဝ မထွက်လာနိုင်ဘူး။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင်အလုပ်သမားရော၊ တရားမ၀င် အလုပ်သမားတွေပါ ပါဝင်ကြောင်း တရားဝင် အလုပ်သမားတွေကို အလုပ်ရှင်က တာဝန်ယူ ခေါ်ထုပ်သွားတာတွေရှိကြောင်း သိရပါတယ်။ မလေးရှား NLD-LAအဖွဲ့နေနဲ့ ကျန်ရှိနေတဲ့ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေအတွက် UNHCR အဖွဲ့ကို သူတို့ရဲ့ကိုယ်ရေးအချက် အလက်တွေ တင်ပြပြီး အကြောင်းကြားထားတယ်လို့ သိရပါတယ်။

RFA


မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊