9.17.2009

မြန်မာနိုင်ငံတွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသားခွင့်ပေး

နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်စေ တစ်ယောက်ခွဲဖြစ်စေ လွတ်လာရင် ကြိုဆိုရ မှာဖြစ်ပေမယ့် ဒီမိုကရေစီအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လွှတ်တာ မဟုတ်ဘူးဆိုတာကိုတော့ သူရဲရဲကြီးပြောတယ်လို့ ကိုတိတ်နိုင်က ပြောပါတယ်။

ကိုတိတ်နိုင်ဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ အေအေ ပီပီက အတွင်းရေးမှုးဖြစ်ပါတယ်။ မြန်မာအစိုးရက အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်း သာခွင့်ပြုလိုက်တဲ့အကြောင်း ဒီကနေ့ညနေပိုင်း ရုပ်မြင်သံကြား သတင်းအစီအစဉ်မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

ကိုတိတ်နိုင်ကတော့ မြန်မာ အစိုးရဟာ နိုင်ငံတကာ ဖိအား ပြည်တွင်း ပြည်ပဖိအား လျော့သွားမလား မျှော်လင့်ချက်နဲ့ လွှတ်ပေးတာဖြစ်မယ်လို့ သုံးသပ်ပါတယ်။ အခု အကျဉ်းသား ၇၁၁၄ ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား ကတော့နည်းမှာပါလို့ သူကဆက် ပြောပါတယ်။ ၂၀၀၈ နှောင်းပိုင်းနဲ့ ၂၀၀၉ အစောပိုင်းကာလတွေမှာ အစိုးရက အကျဉ်းသား ၁၅၀၀ ကျော် လွှတ်ခဲ့တာမှာ လွတ်ရက်စေ့သူ၊ လွတ်ရက်နီးသူ၊ လွတ်ရက် ကျော်နေသူ ၁၁ ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃၈ဦးသာ ပါဝင်ပြီး လွတ်မြောက်လာသူ စုစု ပေါင်းရဲ့ ၀.၀၄ ရာခိုင်နှုန်းသာ ရှိကြောင်း ကိုတိတ်နိုင်က ထောက်ပြပြောဆိုခဲ့ပါတယ်။

BBC

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊