ငယ်ကျွမ်းဆွေ ဆွေငယ်ကျွမ်းကိုတော့
လွမ်းမပြေ မပြေလွမ်းပြန်တော့
တခြားမြေ တမြေခြားဆီက
တတမ်း တတရယ်နှင့် တ တတတမ်း ပါလို့
တဆဆ မှန်းကာပ မှန်းတဆဆ စိတ်မှာမျှော်......။
ခနဲ့အမျိုးစုံနဲ့ အမျိုးစုံ ခနဲ့တတ်သူက
ကျမျက်ရည် မျက်ရည် ကျသလိုနဲ့
နွဲ့ မျိုးစုံ မျိုးစုံ နွဲ့လေတော့
ချော့လျှင်ဆိုး ဆိုးလျှင် ချော့ရပြန်ပေါ့
ပျော့ဘူးခင် ခင်ပျော့ဘူးရယ်နဲ့
ချစ်ဖူးခဲ့ ချစ်ခဲ့ဖူးလေသမျှ
လွမ်းတသသ ပါဗျ တသသ လွမ်းနေမယ်......နော့်.....။
သန်းစိန်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
11 months ago